ဆိုရိုးစကားတစ်ခုရှိပါတယ်။
အဲဒါကတော့
 “ ကလေးတို့ဟာ အသီးသီးနေတဲ့ သစ်ပင်ကိုသာ ခဲနဲ့ပစ်ကြပါတယ်။” 
ဆိုတဲ့ ဆိုရိုးဖြစ်ပါတယ်။
ပတ်ဝန်ကျင်ကို လေ့လာ အကဲခတ်ကြည့်ပါက 
အဲဒီ သဘောအတိုင်းဖြစ်နေတာကို တွေ့နိုင်ပါတယ်။
တကယ်လို့ သင့်အား တစ်ဦးဦးက ဝေဖန်လာမယ်ဆိုပါက
သင်ဟာ အသီးသီးနေတဲ့ သစ်ပင်သာဖြစ်မှာသေချာပါတယ်။
“ မြင့်တဲ့သစ်ပင်ဟာ လေပိုပြီး အတိုက်ခံရတယ် ”
ဆိုတဲ့ သဘောနဲ့တူနေပါတယ်။
သင်ဟာ အဝေဖန်ခံရပါက 
သင်ဟာ မြင့်တဲ့သစ်ပင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သင်ဟာမြေနိမ့်ပိုင်းမှာပေါက်ပြီး အသီးမသီးပါက 
သင့်ကိုဘယ်သူမှ ခဲနဲ့မပေါက်ပါ။
လေလည်းအတိုက်ခံရဖို့မရှိပါ။ 
အဲဒီလိုအဖြစ်မျိုးကို သင်လိုလားမယ်မထင်ပါ။ 
ဒါကြောင့်တစ်ယောက်ယောက်က ဝေဖန်လာရင်
သင်ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ပါတယ်။

 
 

No comments:
Post a Comment