Sunday, February 12, 2012

"ကလေးစာပေ ပြန့်ပွားစေချင်တယ်..."


ကျနော်ရဲ့မိတ်ဆွေတစ်ဦးတွင် သားနှစ်ယောက်ရှိတယ်။

အမွှာညီအကိုဖြစ်တယ်။

နှစ်ယောက်စလုံးက မူကြိုအတန်းဖြစ်ကြတယ်။

ကျောင်းမှာ story time ဆိုတဲ့ ပုံပြင်ပြောတဲ့အချိန်ရှိတယ်။

အရုပ်များများ၊စာနည်းနည်းစာအုပ်ပါအကြောင်းကိုပြောပြတယ်။

ပြီးတော့ အရောင်တွေနဲ့ပုံဆွဲခိုင်းတယ်။

အရောင်တွေရယ်၊နံပါတ်တွေကို သင်ပေးပြီးပုံဆွဲခိုင်းပါတယ်။

ကလေးတွေက ကြိုက်သလိုဆွဲကြတယ်။

ပြီးတော့ စာကြည့်တိုက်မှာ ငှားဖို့စာအုပ်စာရင်းတွေကို ရေးပေးလိုက်တယ်။

မိဘတွေနဲ့အတူ စာကြည့်တိုက်မှာ စာအုပ်ငှားရတယ်။

အိမ်မှာ မိဘတွေက ငှားလာတဲ့စာအုပ်ကို ကလေးတွေကို ဖတ်ပြရတယ်။

အမေရိကန်နိုင်ငံ ၊ကျောင်းပညာရေးစံနစ်က

ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်၊သုံးကောင်ကို ထိအောင် ပစ်လိုက်တဲ့သဘောဖြစ်တယ်။

ကလေးတွေကို စာကြည့်တိုက်ကို သုံးတတ်အောင် သင်ပေးလိုက်တယ်။

မိဘတွေကို ကလေးတွေကို စာဖတ်ပေးအောင် တိုက်တွန်းလိုက်တယ်။

ကလေးတွေကိုလည်း အပြင်စာတွေကို ဖတ်အောင်တိုက်တွန်းလိုက်တယ်။

စာဖတ်ဝါသနာလည်းပါစေတယ်။

အလွန်ကောင်းတဲ့ပညာရေးစံနစ်တစ်ခုပါလား။
















“Let’s go visiting…”

Written By Sue Williams

Illustrated by Julie Vivas

$ 15.00

Kittens, piglets, ducklings… the farmyard is full of fun!

So let’s go visiting and see who’s ready to play.

Then once we’ve counted and recounted our colorful friends,

Let’s all snuggle together for an afternoon nap.

++++++++++++++++++++++++++++

Let’s go visiting.

What do you say?

One brown foal is ready to play.

Let’s go visiting.

What do you say?

Two red calves are ready to play.

Let’s go visiting.

What do you say?

Three black kittens are ready to play.

Let’s go visiting.

What do you say?

Four pink piglets are ready to play.

Let’s go visiting.

What do you say?

Five green ducklings are ready to play.

Let’s go visiting.

What do you say?

Six yellow puppies are ready to play.

No more visiting.

No more play.

Let’s curl up and sleep in the hay.


++++++++++++++++++++++++++++

ဘာသာပြန်…

နိဒါန်း…

ကြောင်ကလေးတွေ၊ ဝက်ကလေးတွေ၊ ဘဲကလေးတွေ…..

လယ်ကွင်းထဲမှာ ပျော်စရာတွေနဲ့ အပြည့်။

အလည်အပတ်သွားရအောင်၊

တွေ့တဲ့သူနဲ့ကစားဖို့အဆင်သင့်ပါ။

အဲဒီနောက် တို့တွေ ရောင်စုံသူငယ်ချင်းတွေကို တစ်ကြိမ်ရေတွက်တယ်။

နောက်တကြိမ်ပြန်ရေတွက်တယ်။

အားလုံးအတူတကွ နွေးနွေးထွေးထွေး ကွေးပြီးညနေခင်းတစ်ရေးတစ်မော အိပ်ကြရအောင်။

++++++++++++++++++++++++++++

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အညိုရောင် မြင်းပေါက်စလေးတစ်ကောင်ဟာ ကစားရဖို့အဆင်သင့် ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အနီရောင် နွားကလေးနှစ်ကောင်ဟာ ကစားဖို့အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အမည်းရောင် ကြောင်ကလေးသုံးကောင် ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

ပန်းရောင် ဝက်ကလေး လေးကောင်ဟာ ကစားဖို့အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အစိမ်းရောင် ဘဲကလေး ငါးကောင်ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

အဝါရောင် ခွေးကလေး ခြောက်ကောင် ဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

အလည်အပတ်သွားရအောင်

မင်း ဘာပြောမလဲ?

ဒီထက်ပိုပြီးမလည်နိုင်တော့ဘူး။

ဒီထက်ပိုပြီးမကစားနိုင်တော့ဘူး။

ကောက်ရိုးပုံထဲမှာ ကွေးကွေးလေး အိပ်ကြရအောင်…။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com