Monday, March 7, 2011

“ ညီမလေးတဲ့လား…”


ဆေးရုံတက်နေတဲ့ ချစ်သူအမျိုးသားထံ

အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ မအေးအေးအောင်ဟာ

လူနာ ကြည့်ရန်ဆေးရုံကို ရောက်လာတယ်။

ဝတ်ရုံအဖြူဝတ်ထားတဲ့ မိန်းမကြီးတစ်ဦးကို တွေ့တာနဲ့

မအေးအေးအောင်က

အခန်း ( )က လူနာ ကိုဟိန်းထူးကို

ို ကြည့်ခွင့်ရှိပါသလားရှင်

ငါ့တူမက လူနာနဲ့ ဘာတော်သလဲကွယ့်

ကျမ ဟာ သူ့ညီမပါ

သြော်ညီမတဲ့လား၊

တွေ့ရတာ ဝမ်းသာပါတယ်ကွယ်။

အန်တီက သူ့အမေပါ



လိမ်တဲ့အခါတိုင်း အမြဲတမ်း အလိမ်ပေါ်တတ်ပါတယ်။

လိမ်တဲ့သူက အလိမ်မပေါ်ရလေအောင် ထပ်ကာတစ်လဲလဲ လိမ်ရတတ်ပါတယ်။

စိတ်ထဲမှာ မလုံမလဲလည်း ဖြစ်နေရပြန်တယ်။

လိမ်တဲ့သူ အတွက် သေချာတာက လွတ်လပ်တဲ့စိတ် ဆုံးရှုံးသွားရခြင်းဖြစ်ပါတယ်။

သေသေချာချာ ပြန်စဉ်းစားကြည့်ရင် လိမ်ရလောက်အောင် ထိုက်တန်တဲ့သူ မရှိပါဘူး။

လိမ်ပြောလိုက်ရင် ဘာဖြစ်သွားမလဲ ဆိုတာ ပြန်မေးကြည့်ပါ။

အလိမ်ပေါ်သွားရင် တန်သလား ဆိုတာ ပြန်စဉ်းစားကြည့်ပါ။

အမှန်ပြောလိုက်ရင် ဘာဖြစ်သွားမလဲ ဆိုတာ

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

လွတ်လပ်တဲ့စိတ်၊ နဲ့ စိတ်ချမ်းသာမှုဟာ အရာရာထက် တန်ဖိုးကြီးပါတယ်။

မလိမ်တာတော့ အကောင်းဆုံးပါပဲ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com