Thursday, December 23, 2010

“ စားဖိုမှူး…”



စားသောက်ဆိုင် မန်နေဂျာက

လက်အောက်ဝန်ထမ်းကိုမေးလိုက်တယ်။


ဟေ့၊ ငါတို့စားဖိုမှူးကြီး ဘာလုပ်နေသလဲ


မနေ့က ကျန်တဲ့ကြက်သားကတ်တလိပ်ကို

ဘယ်လိုနာမည်အသစ်ပေးရမလဲဆိုတာ

စဉ်းစားနေပါတယ်

“ တွေ့ခဲ့ရတဲ့ကြော်ငြာများ…”


တိရစ္ဆာန်ရုံရှေ့မှာ တွေ့ခဲ့ရတဲ့ကြော်ငြာ


ဝက်ဝံကို မထိပါနဲ့၊

သူဟာ ကုတင်ဘေးက

ကော်ဇော မဖြစ်သေးပါ။


လေဆိပ်အတွင်း တွေ့ခဲ့ရတဲ့ကြော်ငြာ


အချိန်မီ ဖက်ယမ်း နှုတ်ဆက်ကြပါ၊

လေယာဉ်များ သတ်မှတ်ချိန်တွင်

အတိအကျ ထွက်လိမ့်မည်။


ပန်းဆိုင်တံခါးရှေ့မှာ တွေ့ခဲ့ရတဲ့ကြော်ငြာ


အိမ်ထောင်ရှင်ယောက်ျားများပင်

ဝယ်ချင်စိတ် ပေါ်လောက်အောင် ကျွန်ုပ်တို့ဆိုင်က

ပန်းများ ဈေးနှုန်း ချိုသာပါသည်။


တယ်လီဖုန်းရုံးရှေ့မှာ တွေ့ခဲ့ရတဲ့ကြော်ငြာ


သတ်ပုံအမှားကို ရှောင်ရှားလိုလျှင်

စာမရေးပါနှင့်၊

တယ်လီဖုန်းပဲ ဆက်ပါ။

“ ပညာရေးအားလုံးရဲ့ဦးတည်ချက်...”


The aim of all education is

to learn us to love beauty.

( Plato)


ပညာရေးအားလုံးရဲ့ဦးတည်ချက်က

အလှအပကို ချစ်တတ်အောင်

သင်ပေးဖို့ပဲ။

++++++++++++++++++++++++++++++++++++


ပန်းလေး တစ်ပွင့်ကို ယူပြီး တော့

သေသေချာချာ စိတ်ဝင်စားပြီး

ကြည့်နေတဲ့အချိန်မှာ

အဲဒီအခိုက်အတန့်အတွက်

အဲဒီပန်းပွင့်ဟာ

သင့်ရဲ့လောက ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++


ကိုယ်အာရုံပြုတဲ့အရာဟာ

ကိုယ့်လောကဖြစ်လာတာပါပဲ။

လှတာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာလှနေတယ်။

မြင့်မြတ်တာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာ မြင့်မြတ်နေတယ်။

အေးချမ်းတာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာ အေးချမ်းနေတယ်။

++++++++++++++++++++++++++++++++++++


စိတ်ဓာတ် အဆင့်မြင့်လာလေ၊

ဉာဏ်ပညာ အဆင့်မြင့်လာလေ၊

အလှအပကို ပိုပြီး မြင်တတ်ခံစားတတ်လေပဲ။

++++++++++++++++++++++++++++++++++++


အလှအပကို

လေးစားတတ်အောင်၊

မြတ်နိုးတတ်အောင်၊

တန်ဖိုးထားတတ်အောင်

လေ့လာဖို့ လိုအပ်ပါတယ်။


(ဆရာတော် ဦးဇောတိက)
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com