Thursday, December 23, 2010

“ ဆင်းရဲရခြင်းအကြောင်းသုံးပါး…”



ဆင်းရဲခြင်း၏အတိတ်အကြောင်းသုံးပါး…”


ယင်းတို့မှာ

၁။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၂။ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၃။ ဣဿာမစ္ဆရိယများခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်းတို့ပင် ဖြစ်ပါသည်။


ထိုသုံးမျိုးအနက်

ဒါနမပြုသောကြောင့် ဆင်းရဲမွဲတေရသူများသည်

လုံ့လဝီရိယဖြင့် ရှာဖွေခဲ့လျှင်

စားနိုင်သောက်နိုင်ဘဝကိုရောက်သေးသည်။


သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား

ရှာဖွေလို့လည်း မလွယ်ကူ၊

အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း

မီး၊ မင်း၊ သူခိုး၊ ရေ၊ အမွေခံဆိုးဟူသော

ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရသဖြင့်

ဘယ်သောအခါမှ နာလန်မထူပေ။


ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား

ထိုထက်ဆိုးပါသေး၏။

ရှာလို့ဖွေလို့ ဘယ်လိုမှ မရသည့်အပြင်

လူတိုင်းကို သနားညှာတာပြီး

ကူညီတတ်သူများပင်

ဣဿာမစ္ဆရိယသမားများနှင့်တွေ့လျှင်

ကူညီလိုစိတ်၊သနားညှာတာစိတ်များ

အလိုလို ကုန်ခန်းသွားတတ်သည်မှာ

အံ့သြစရာကောင်းလှပါ၏။


မနာလိုကင်း

ဝန်တိုရှင်း

လက်ငင်းချမ်းသာကြရမည်။

( မဟာစည်ဆရာတော် )


မေတ္တာရှင် [ရွှေပြည်သာ]

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com