Thursday, December 23, 2010

“ ပညာရေးအားလုံးရဲ့ဦးတည်ချက်...”


The aim of all education is

to learn us to love beauty.

( Plato)


ပညာရေးအားလုံးရဲ့ဦးတည်ချက်က

အလှအပကို ချစ်တတ်အောင်

သင်ပေးဖို့ပဲ။

++++++++++++++++++++++++++++++++++++


ပန်းလေး တစ်ပွင့်ကို ယူပြီး တော့

သေသေချာချာ စိတ်ဝင်စားပြီး

ကြည့်နေတဲ့အချိန်မှာ

အဲဒီအခိုက်အတန့်အတွက်

အဲဒီပန်းပွင့်ဟာ

သင့်ရဲ့လောက ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++


ကိုယ်အာရုံပြုတဲ့အရာဟာ

ကိုယ့်လောကဖြစ်လာတာပါပဲ။

လှတာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာလှနေတယ်။

မြင့်မြတ်တာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာ မြင့်မြတ်နေတယ်။

အေးချမ်းတာကို အာရုံပြုနေတဲ့အချိန်မှာ

ကိုယ့်လောကဟာ အေးချမ်းနေတယ်။

++++++++++++++++++++++++++++++++++++


စိတ်ဓာတ် အဆင့်မြင့်လာလေ၊

ဉာဏ်ပညာ အဆင့်မြင့်လာလေ၊

အလှအပကို ပိုပြီး မြင်တတ်ခံစားတတ်လေပဲ။

++++++++++++++++++++++++++++++++++++


အလှအပကို

လေးစားတတ်အောင်၊

မြတ်နိုးတတ်အောင်၊

တန်ဖိုးထားတတ်အောင်

လေ့လာဖို့ လိုအပ်ပါတယ်။


(ဆရာတော် ဦးဇောတိက)

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com