သဘာဝ ရေမြေတောတောင်ဟာ 
  လူ့ရဲ့စိတ်ကို ရွှင်လန်းစေတယ်။
  +++++++++++++++++++++++++++++++++++++++
  
  တကယ်အဆင့်မြင့်တဲ့ အသိဉာဏ်ကို လိုချင်ရင်
  အဖက်ဖက် က သန့်ရှင်းတဲ့ 
  ပတ်ဝန်ကျင်မှာ နေပါ။
  +++++++++++++++++++++++++++++++++++++++
  ရုပ်ပိုင်းပတ်ဝန်ကျင် ဟာ 
  အတွေးအခေါ်နဲ့ စိတ်ခံစားမှုကို 
  နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှု ရှိပါတယ်။
  +++++++++++++++++++++++++++++++++++++++
  
  လှပတာကိုခံစားရလို့လှတဲ့စိတ်ဖြစ်တယ်။
  လှတာကို ဖန်တီးထားတဲ့ သူတွေကို သိပ်ကျေးဇူးတင်ပါတယ်။
  ကျေးဇူးတင်တာဟာလှတဲ့စိတ်ပဲ။
  +++++++++++++++++++++++++++++++++++++++
  ကျေးဇူးတင်တဲ့စိတ်ဟာ
  အင်မတန်လှပတဲ့စိတ်ဖြစ်ပါတယ်။
  အဆင့်အတန်းမြင့်တဲ့စိတ်ဖြစ်ပါတယ်။
  +++++++++++++++++++++++++++++++++++++++
  A thing of beauty is joy for ever;
  It’s loveliness increases;
  It will never 
  Pass into nothingness;
  but still will keep
  A bower quiet for us,
  And sleep
  Full of sweet dreams,
  And health, and quiet breathing.
  ‘John Keats’
  လှပတဲ့အရာဟာ
  အမြဲတန်းစိတ်ကို နှစ်သက်ရွှင်လန်းစေတယ်။
  သူရဲ့ နှစ်သက်စရာကောင်းတဲ့အလှဟာ 
  တိုးတိုးလာတယ်။
  ဘာမှ အဓိပ္ပာယ်မရှိတဲ့အရာတစ်ခု
  အဖြစ်ကို ဘယ်တော့မှ ရောက်သွားမှာမဟုတ်ဘူး။
  ဒါပေမယ့် ငါတို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့နားခို
  စရာအရိပ်အာဝါသတစ်ခုကိုထားရှိအုံးမှာပဲ။
  လှတာဟာ စိတ်ကို အနားရစေတယ်။
  တရားဟာလည်း စိတ်ရဲ့နားခိုစရာတစ်ခုဖြစ်ပါတယ်။
  လှပတဲ့အိမ်မက်တွေ မက်တဲ့အိပ်စက်ခြင်း၊
  ကျန်းမာခြင်း နဲ့
  ညင်သာစွာ အသက်ရှုနိုင်ခြင်းကိုပေးမယ်။
  လှပတဲ့စိတ်ဟာ ကောင်းစွာ အိပ်ပျော်စေတယ်။
  ကျန်းမာစေတယ်။
  မမောမပန်းစေဘူး။
  +++++++++++++++++++++++++++++++++++++++
  အမောပြေချင်ရင် 
ကိုယ့်ရင်ထဲမှာရှိနေတဲ့အလှအပ
  ကို အာရုံပြုပါ။
  ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ အေးချမ်းမှုကို 
  ခံစားပါ။
  +++++++++++++++++++++++++++++++++++++++
  
 
  အလှအပတစ်ခုကို မြတ်မြတ်နိုးနိုးတန်ဖိုးထာပြီး
  ခံစားလိုက်ရတဲ့အချိန် 
  အရင်တုံးကထက် ပိုပြီးတော့ အဆင့်မြင့်တဲ့
  လူတစ်ယောက် ဖြစ်သွားတယ်။
  +++++++++++++++++++++++++++++++++++++++
  စိတ်ထားအဆင့်မြင့်လာလေလေ
  ပိုပြီးအဆင့်မြင့်တဲ့ အလှကို မြင်လေလေပဲ။
  +++++++++++++++++++++++++++++++++++++++
  အဆင့်အမြင့်ဆုံးအလှကို 
  မြင်နိုင်ရင် အဆင့်အမြင့်ဆုံးဘဝကို 
  ရတာပဲ။
  အကောင်းဆုံးဘဝကို ရတာပဲ။
  +++++++++++++++++++++++++++++++++++++++
  လောကမှာ အမြင့်မြတ်ဆုံးအလှဟာ
  မြတ်စွာဘုရားပဲ။
  +++++++++++++++++++++++++++++++++++++++
  Only the morning gate of beauty 
  Leads you into the land of truth.
  (Fricdrich Schiller)
   
  အလှအပဆိုတဲ့နံက်ခင်းဂိတ်တံခါးကသာ
  သင့်ကို အမှန်တရားဆိုတဲ့နယ်မြေထဲကို
  ပို့ဆောင်ပေးလိမ့်မယ်။
  +++++++++++++++++++++++++++++++++++++++
  (ဆရာတော်ဦးဇောတိက)