Monday, September 19, 2011

“ အခြားလူတွေအတွက် စဉ်းစားမှ လူကောင်း...”


တစ်ခါတုန်းက

ထောင်ပေါင်းများစွာသော ဆယ်ကျော်သက်များနည်းတူ

မာဂရက်ဟာ အလုပ်တစ်ခုရဖို့ ကြိုးစားနေပါတယ်။

စက်ရုံ၊အလုပ်ဌာနတစ်ခုတွင် စာရေးဝန်ထမ်းတစ်နေရာလစ်လပ်တာကို

ဖတ်ရတဲ့အတွက် ရုံးဖွင့်တဲ့အချိန်မှာ အဲဒီရုံခန်းကို ရောက်အောင်

သွားဖို့စီစဉ်ထားပါတယ်။

အဲဒီနေ့က မုန်တိုင်းထန်ပြီး ရာသီဥတုက ဆိုးဝါးပါတယ်။

ဘတ်စ်ကားပေါ်မှာ ဆယ်ကျော်သက်တော်တော်များများကို

တွေ့ရပါတယ်။

အချို့မှာ သူမထက် ပိုမိုချောမောလှပပြီး ဝတ်ဆင်ထားတဲ့အဝတ်အစားမှာလည်း

သူမထက်သာနေကြပါတယ်။

မာဂရက်ဆင်းတဲ့မှတ်တိုင်မှာ အဲဒီအမျိုးသမီးလေးတွေလည်း ဆင်းကြပါတယ်။

သူတို့တွေလည်း အလုပ်လိုချင်ပုံရပါတယ်။

“ အို…ဘုရားသခင်…ကျမအား မစတော်မူပါ။

ကျမတို့မိသားစုမှာ ငွေအရမ်းလိုနေပါတယ်”လို့ မာဂရက်က ဆုတောင်းလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အသက်၅၀ ခန့်အမျိုးသမီးကြီးတစ်ယောက်ဟာ ဘတ်စ်ကားပေါ်က

ဆင်းလိုက်ရာ အောက်ဖက်က ရေခဲပြင်ပေါ် နင်းမိပြီးချော်လဲသွားပါတယ်။

ချောချောကောင်မလေးတွေက ချော်လဲသွားတဲ့အမျိုးသမီးကြီးကို ငံ့ပြီးကြည့်ပါတယ်။

ဒါပေမယ့် လာမကူညီကြပါ။

ဆက်ပြီးလျှောက်သွားကြပါတယ်။

ချော်လဲတဲ့အမျိုးသမီးကြီးမှာ မျက်လုံးတွေပြာပြီး မူးနေဟန်ရှိပါတယ်။

ဆောင်းထားတဲ့ဦးထုပ်၊ မျက်မှန်နဲ့လက်ကိုင်အိတ်တို့မှာခြေရင်းတွင်

စုကျနေပါတယ်။

ပထမတွင် မာဂရက်ဟာ ကူသင့်၊မကူသင့် တုံ့ဆိုင်းနေပါတယ်။

သွားကူညီနေရင် အခြားမိန်းကလေးတွေက လျှောက်လွှာတွေ သူမအရင်

ရကုန်ပြီးလျှောက်လွှာတောင်မရလိုက်မှာကို စိုးရိမ်နေပါတယ်။

အလုပ်ရဖို့အခွင့်အရေး လွတ်သွားမှာ စိုးရိမ်နေပါတယ်။

အဲဒီအချိန်မှာ သူမရဲ့အမေ အမြဲပြောတဲ့စကားကို ပြန်သတိရလိုက်ပါတယ်။

“ အခြားလူတွေအတွက် စဉ်းစားမှ လူကောင်း”

ဆိုတဲ့စကားကို ကြားယောင်လာပါတယ်။

မာဂရက်ဟာ ချက်ချင်းလဲကျနေတဲ့ အမျိုးသမီးကြီးကို ကူမပြီး လွင့်ကျနေတဲ့ပစ္စည်းတွေကို

ကောက်သိမ်းပေးပါတယ်။

“ အန်တီကို ရုံရောက်အောင် ကူညီနိုင်မလားကွယ်၊

အန်တီလဲကျတာ တော်တော်နာနေလို့ပါ”လို့ အမျိုးသမီးကြီးက မေတ္တာရပ်ခံပါတယ်။

အမျိုးသမီးကြီးနဲ့မာဂရက်တို့ဟာ ပက်ကျိတစ်ကောင် လမ်းလျှောက်တဲ့နှုန်းနဲ့

ရုံးဆီကို သွားနေကြပါတယ်။

အဲဒီရုံးကို အလုပ်လာလျှောက်ကြောင်းကို မာဂရက်က လမ်းတွင် ရှင်းပြပါတယ်။

အဆောက်အဦးကိုရောက်တဲ့အခါ အမျိုးသမီးကြီးက မာဂရက်ကို

ကျေးဇူးတင်ကြောင်းပြောပြီး ထော့နဲ့ထော့နဲ့နဲ ဝင်သွားပါတော့တယ်။

တော်တော်ကြာတဲ့အခါ လူတစ်ယောက်က မာဂရက်ကို မန်နေဂျာအခန်းကို ခေါ်သွားပါတယ်။

အထဲဝင်လိုက်တဲ့အခါ မာဂရက်ကူညီခဲ့တဲ့အမျိုးသမီးကြီးကို တွေ့ရပါတယ်။

စားပွဲတွင် ထိုင်ရင်း ပြုံးပြီးနှုတ်ဆက်တာကို မာဂရက်ကြုံရပါတယ်။

“ အန်တီ သမီးကိုစောင့်နေတာ၊ အန်တီတို့ဆီမှာ အလုပ် လိုနေတာက

ဧည့်ကြိုတစ်နေရာပါ။

သူ တစ်ပါးအပေါ် ကြင်နာတတ်ပြီး စာနာထောက်ထားတတ်တဲ့ သမီးမှာ

အန်တီတို့လိုတဲ့ အရည်အသွေးတွေ ရှိနေပါတယ်”

လို့ပြောလိုက်ပါတော့တယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com