Saturday, February 25, 2012

"ရတနာတွေ ရှာရအောင်..."


















Treasure…

By Suzanne Bloom

$15.95

X marks the spot.

But for what?

A little misunderstanding leads to a big discovery

when Bear follows Goose on a wild-goose chase.

What are you doing?

Are you looking for treasure?

I like to look for treasure. Yo ho ho!

Wait right here.

I’ll get my gear.

I’m back.

I’m packed.

Let’s go!

Are we there yet?

Let’s look.

Is it buried treasure?

Let’s dig.

Is it sunken treasure?

Let’s dive.

There is no treasure.

We didn’t find any treasure at all.

Yes we did.

We had a splendid day…..

And you are a treasure.

I am a treasure?

Yes, indeed.

You are my treasure.

Yo ho ho!

Oh! Yes!

You are my treasure, too.

Yo ho ho, indeed!


+++++++++++++++++++++++++++++


ဘာသာပြန်…

ရတနာ…

မိတ်ဆက်..

ကြက်ခြေခတ်အမှတ်အသား၊

အဲဒါ ဘာအတွက်လဲ။

ဝက်ဝံက ငန်းနောက်ကို တောငန်းတွေရဲ့ခြေရာအတိုင်းလိုက်တဲ့အချိန်မှာ

နားလည်မှုအနည်းငယ်လွဲမှားသွားတဲ့အတွက် ကြီးမားတဲ့ရှာဖွေမှု

ခေါ်ဆောင်ရာနောက် လိုက်သွားမိတယ်။

မင်းဘာလုပ်နေသလဲ။

မင်း ရတနာကို ရှာဖွေနေသလား။

ငါကတော့ ရတနာကို ရှာဖွေရတာကို ကြိုက်တယ်။

ယို ဟို ဟို..

ဒီမှာ စောင့်နေပါ။

ငါကတော့ အသုံးအဆောင်ပစ္စည်းတွေယူလာမယ်လေ။

ငါ ပြန်လာတယ်။ ငါ အထုပ်အပိုးတွေထည့်ခဲ့ပြီ။

ကဲ…သွားကြစို့။

တို့တစ်တွေ ဟိုမှာ ရှိနေသေးလား။

ကြည့်လိုက်ရအောင်။

ရတနာကို မြေမြှုပ်ထားသလား။

တူးကြည့်ရအောင်။

ရတနာတွေက ပင်လယ်ထဲမှာ မြုပ်နေသလား။

ငုပ်ကြည့်ရအောင်။

ရတနာတွေ မရှိဘူး။

တို့တွေ ရတနာတွေကှို ရှာပေမယ့် ဘယ်မှာမှ ရှာလို့မတွေ့ခဲ့ဘူး။

ဟုတ်တယ်။ တို့တွေ လုပ်ခဲ့တယ်။

တို့တွေမှာ ထူးခြားတဲ့နေ့တစ်နေ့ရှိခဲ့တယ်လေ။

မင်းဟာ ရတနာတစ်မျိုးဖြစ်တယ်။

ငါဟာ ရတနာတစ်မျိုးပါပဲ။

ဟုတ်တယ်။

တကယ့်ပါပဲ။

မင်းဟာ ငါ့ရဲ့ရတနာပါပဲ။

ယို ဟို ဟို..

အို…ဟုတ်တာပေါ့။

မင်းဟာ လည်းပဲ ငါ့ရဲ့ရတနာပဲလေ။

ယို ဟို ဟို…

တကယ်ပါပဲ။


+++++++++++++++++++++++++

ကျနော်တို့မြန်မာနိုင်ငံတွင် အသက် ၁၀-နှစ်အောက်ကလေးတွေအတွက်

ကလေးစာပေအလွန်နည်းပါသေးတယ်။

ကလေးစာပေကို များစေချင်မိတယ်။

အဲဒါကြောင့် ကလေးစာပေများကို စာကြည့်တိုက်တွင် ငှားရမ်းပြီး

ပြန်လည် မျှဝေပေးမိခြင်းဖြစ်ပါတယ်။

တစ်နေ့တွင် စာကြည့်တိုက်တွင် စာဖတ်နေတုန်း

မူလတန်းကျောင်းတစ်ကျောင်းမှ အသက်၅-၆-နှစ်အရွယ်ကလေးများတစ်စု

ခန့်မှန်းအရည်အတွက် ၂၀-၂၅-ယောက်လောက်တို့ဟာ ဆရာမ ၃-ယောက်နဲ့

အတူ စာကြည့်တိုက်သို့လေ့လာရေးလာကြတာကိုတွေ့ရပါတယ်။

စာကြည့်တိုက်မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်က အခန်းတိုင်းကို

လိုက်ရှင်းပြနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ကလေးတွေ စာကြည့်တိုက်ကို ဘာဘဲဖြစ်ဖြစ်

လာစေချင်မိတယ်။ စာကြည့်တိုက်ဟာ ပျော်စရာကောင်းတဲ့နေရာတစ်ခု

အဖြစ် ရှုမြင်စေချင်မိပါတယ်။

စာအုပ်၊စာပေတွေကို ချစ်တတ်သူတွေ ဖြစ်စေချင်မိတယ်။

လူငယ်တွေတိုးတက်မှ နိုင်ငံတိုးတက်မယ်ဆိုတာကို

လူကြီးမင်းတွေ အမြင်ရှင်းရှင်းသိမြင်စေချင်မိပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com