Monday, August 8, 2011

" ဥာဏ်ရှိတဲ့သူတွေ နည်းနည်းပဲလိုတယ်..."



ရှေးအခါက

တစ်မျှော်တစ်ခေါ် မျက်စိတဆုံး မြက်ခင်းများဖြစ်နေတဲ့ ပရယ်ရီကွင်းကျယ်ကြီးကို
အလုံပိတ်မြင်းလှည်းများနဲ့ဖြတ်သန်းကြတဲ့ရှေးဦးခရီးသွားများရှိခဲ့ပါတယ်။
ခရီးသွားအချို့ဟာ အနောက်ဖက်မှာ မီးခိုးတန်းအကြီးကြီးကို တွေ့ရတဲ့အတွက်
ထိတ်လန့်ကြောက်ရွံ့ကြပါတယ်။
မီးခိုးတွေဟာ မိုင်ပေါင်းများစွာရှည်အောင် ပျံ့နှံ့နေပါတယ်။
မြင်ခင်းပြင်တွေကို လောင်နေတဲ့မီးခိုးတွေဟာ ခရီးသွားတွေဆီကို
အလွန်လျင်မြင်တဲ့နှုန်းနဲ့ချဉ်းကပ်လာနေပါတယ်။
လွန်ခဲ့တဲ့တစ်ရက်က သူတို့ဟာမြစ်တစ်ခုကို ဖြတ်ကျော်ခဲ့ကြပါတယ်။
အဲဒီမြစ်ဘက်ကို ပြန်သွားဖို့ရန်လည်း အချိန်မမီနိုင်တော့ပါ။
ပြန်သွားခဲ့ရင်လည်း မီးတောက်တွေရဲ့အန္တရာယ်က မလွတ်မြောက်နိုင်ပါ။
အဲဒီအခြေအနေမှာ ဘာလုပ်ရမှန်းမသိကြပါ။
ဒါပေမယ့် လူတစ်ဦးကတော့
အဲဒီအခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။
သူတို့အနောက်တွင်ရှိတဲ့မြက်တွေကို မီးရှို့ရန်အဖွဲ့သားများကို
ပြောပါတယ်။
မီးလောင်ပြီး ကွက်လပ်ကြီးဖြစ်သွားတဲ့အခါ ခရီးသွားအားလုံးဟာ
အဲဒီကွက်လပ်ထဲကို ပြောင်းပြီးနေရာယူထားလိုက်ပါတယ်။
အဲဒီအချိန်မှာပင် ဘေးပတ်ပတ်လည်က မီးတောက်များဟာ
တဝုန်းဝုန်းအသံများနဲ့အနောက်ဘက်ကနေ
သူတို့ဆီကိုတိုးလာပါတယ်။
အဲဒီအခါ မိန်းမငယ်တစ်ဦးက ကြောက်ကြောက်လန့်လန့်နဲ့
“ ဘဘ သမီးတို့ မီးမလောင်မှာ သေချာရဲ့လား”
လို့မေးပါတယ်။
အဲဒီအခါ ခေါင်းဆောင်လုပ်သူက
“ သမီးလေး၊ ဘာမှစိတ်မပူပါနဲ့။
မီးက ဒီနေရာကို မရောက်နိုင်တော့ဘူး။
ဘာလို့လဲဆိုတော့ တို့တစ်တွေ ရပ်နေတဲ့နေရာဟာ
မီးလောင်ထားပြီးတဲ့နေရာဖြစ်လို့ပါပဲ”
လို့ရှင်းပြပါတယ်။

++++++++++

ဥာဏ်ရှိတဲ့သူတွေဟာ
ဖြစ်ပေါ်လာမယ့်ပြဿနာကိုအမြဲတမ်းရှင်းနိုင်ပါတယ်။
မီးလောင်ပြီးတဲ့ကွက်လပ်ကို မီးထပ်ပြီးမလောင်နိုင်ဘူးဆိုတာကို
သိတာက ဥာဏ်ရဲ့သဘောပါပဲ။
တစ်ချိန်တုန်းက
ကျောက်ရောဂါကြောင့် လူပေါင်းမြောက်များစွာဟာ သေဆုံးကြတယ်။
ကျောက်ရောဂါဟာ ကပ်ရောဂါအသွင်နဲ့
လူပေါင်းမြောက်မြောက်များများကို သေတွင်းကိုပို့ခဲ့ဖူးတယ်။
ဥာဏ်ရှိသူ သိပ္ပံပညာရှင်တစ်ဦးက
ကျောက်ရောဂါဖြစ်ဖူးရင် ကျောက်ရောဂါ ထပ်မဖြစ်တော့တာကို သိတဲ့အခါ
လူတိုင်းကို အသက်မသေစေတဲ့ကျောက်ရောဂါကာကွယ်ဆေးကို ထိုးပေးလိုက်ပါတယ်။
ကျောက်ရောဂါက လူ့ခန္ဓာကိုယ်ထဲမှာ
နောက်ကျောက်ရောဂါမဖြစ်အောင်အကာအကွယ်ပေးလိုက်တဲ့အတွက်
ကျောက်ရောဂါမဖြစ်တော့ပါ။
ဒီနေ့ကမ္ဘာမှာ လုံးဝပျောက်ကွယ်သွားတဲ့ကပ်ရောဂါထဲမှာကျောက်ရောဂါပါသွားပါပြီ။
အခက်အခဲဖြစ်ပေါ်တိုင်း ဥာဏ်ရှိသူတွေလည်းပေါ်ပေါက်လာတတ်ပါတယ်။
ဥာဏ်ရှိသူတွေဟာအရည်အတွက်မဟုတ်ပါဘူး။ အရည်အချင်းပါ။
နိုင်ငံတစ်နိုင်ငံကို ကယ်တင်ဖို့ဆိုတာလည်း
အရည်အတွက်များတဲ့သာမန်လူတွေမဟုတ်ပါဘူး။
အရည်အချင်းရှိတဲ့ဥာဏ်ရှိသူတွေနည်းနည်းသာလိုပါတယ်။

မြန်မာနိုင်ငံမှာ ဥာဏ်ရှိသူတွေ ပေါ်ပေါက်ပါစေ။

" လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်..."


၁။

ဗုဒ္ဓ၊

လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်

( ဦးရွှေအောင်)မှ ထုတ်နူတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ဘုရင်ဖြစ်လာလျှင် ဘုရင့်တာဝန်ကို ထမ်းဖို့လို၏။

တာဝန်ထမ်းဆောင်ရာ၌ ဘုရင်တစ်ပါးအနေဖြင့် ရှိရမည့်အရည်အသွေးကား

ဂရုဏာ နှင့် ပညာ ဖြစ်၏။

ဂရုဏာရှိပါမှ လောကအတွက် တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိမည်ဖြစ်၏။

ပညာရှိပါမှ လောကအတွက် အမှန်အကျိုးရှိ-မရှိကို ရွေးချယ်၍

ဆောက်ရွက်နိုင်မည်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၂။

မြင့်မြတ်သူတို့အုပ်ချုပ်သောနိုင်ငံသည် သာယာ၏။

ယုတ်ညံ့သူတို့ အုပ်ချုပ်သောနိုင်ငံသည် မသာယာ။

ဘုရင်ကောင်းလျှင် နိုင်ငံကောင်း၏။

နိုင်ငံကောင်းလျှင် ဘုရင်ကောင်း၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၃။

လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်

ဆောင်ရွက်ရာတွင် တစ်ယောက်ကောင်းဖို့သာလို၏။

အများကောင်းဖို့မလို။

တစ်ယောက်သာ တကယ်တမ်းကောင်းရိုးမှန်ပါလျှင်

အများသည် တစ်ယောက်၏ဦးဆောင်မှုဖြင့်

အလိုလိုကောင်းပြီးသားဖြစ်ကြ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၎။

သိဒ္ဓတ္တမင်းသားသည် အနော်မာမြစ်၏သောင်ကမ်းပေါ်၌

ရဟန်းဝတ်ရန် ဆံတော်ကို ပယ်၏။

ထိုနောက်….

ငါသည် အကယ်စင်စစ်ဘုရားဖြစ်မည်မှန်ပါက

ဤဆံထုံးတော်သည် ကောင်းကင်၌ တည်ပါစေသတည်း။

အကယ်စင်စစ်ဘုရားမဖြစ်ငြားအံ့။

ဤဆံတုံးတော်သည် မြေ၌ကျပါစေသတည်း

ဟူ၌….

အဓိဋ္ဌာန်ပြီးကောင်းကင်သို့ပစ်မြှောက်လိုက်ရာ

ဆံထုံးတော်သည် မကိုဋ်နှင့်တကွ ကောင်းကင်၌ တည်လေ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

သဘာဝသည် အရာရာတိုင်းကို ကြိုတင်၍ သိ၏။

ထိုကြောင့်မိမိသည်လည်း အရာရာတိုင်းကို ကြိုတင်၍

သိလိုပါလျှင် အဓိဋ္ဌာန်ခြင်းဖြင့် ဖြစ်စေ၊

သစ္စာပြုခြင်းဖြစ်စေ

သဘာဝကို မေးမြန်းနိုင်ပါ၏။

သဘာဝက ပြန်ပြောချင်လောက်အောင်

မိမိဘက်ကလည်း သဘာဝလို

ရိုးသားဖို့တော့လိုလေ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၅။

လောကတွင် ချစ်စရာအကောင်းဆုံးမှာ

သတ္တဝါများအားလုံးဖြစ်သည်။

(ဗုဒ္ဓ)

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျေးဇူးဆပ်ခြင်းဟူသည်မှာ

ကျေးဇူးရှင်များ၏ မိန့်မှာသွားသည့်အတိုင်း

တတ်နိုင်သလောက် လိုက်နာကျင့်သုံးခြင်းပင်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၆။

ကဆုန်လပြည့်နေ့ရောက်သောအခါ

ရေချိုးပြီးနောက် ရေဆိပ်မှ တက်ကာ

အေးမြသော သစ်ပင်ရိပ်၌ ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ

အလှူခံပြီးနောက် ဆွမ်းဘုဉ်းပေးတော်မူ၏။

စုစုပေါင်း ၄၉-လုတ်ဖြစ်၏။

ထိုနောက် အလောင်းတော်အရှင်မြတ်သည်

ဃနာနို့ဆွမ်းထည့်သော ရွှေခွက်ကို ကိုင်ကာ

အကယ်၍ ငါသည်ယနေ့ဘုရားဖြစ်ခြင်းငှာ စွမ်းနိုင်ပါမူ

ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား၊

ဘုရားဖြစ်ခြင်းငှာ မစွမ်းနိုင်ပါမူ

ရေစုန်သို့ မျောပါစေသား

ဟူ၍ အဓိဋ္ဌာန်ပြီး ရွှေခွက်ကို နေရဉ္စရာမြစ်သို့

မျှောလိုက်ရာရွှေခွက်သည် ရေညာသို့ ဆန်တက်သွားလေ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

အလောင်းတော်အရှင်မြတ်သည် မဟာဗောဓိပင်ရင်းသို့

အရှေ့အရပ်မှ ဝင်၍ အပရာဇိတပလ္လင်ပေါက်ရာအရပ်၌

မြက်ရှစ်ဆုပို ကြဲလိုက်၏။

မြက်ရှစ်ဆုပ်တို့သည် အပရာဇိတပလ္လင် အဖြစ်သို့ပြောင်းလဲသွားကြ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၇။

တရွေ့ရွေ့ပြောင်းလဲခြင်းဟူသည်

အရေအတွက် ပြောင်းလဲခြင်းဖြစ်၏။

ဖြုန်းကနဲပြောင်းလဲခြင်းဟူသည်

အရည်အချင်းပြောင်းလဲခြင်းဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

အလောင်းတော်အရှင်မြတ်သည်

၁။ ။အရေမျှ ကျန်လိုလျှင် ကျန်စေ၊

၂။ ။အကြောမျှ ကျန်လိုလျှင် ကျန်စေ၊

၃။ ။အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊

၎။ ။အသွေးအသားအားလုံးတို့ ခန်းခြောက်လျှင် ခန်းခြောက်စေ၊

ငါသည် ဘုရားမဖြစ်သမျှ ဤနေရာမှ မထတော့ဟူ၍

ဆုံးဖြတ်တော်မူပြီး အပရာဇိတပလ္လင်တော်ထက်၌

ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ကံ၏အရာသည် စဉ်းစား၍ မရနိုင်လောက်အောင်

ဆန်းကြယ်သည်

ဟူ၍ ဘုရားရှင်ကဟောတော်မူ၏။

အမှန်အားဖြင့်

ကံသည်သာလျှင် မိမိ၏ အားကိုးရာစစ်စစ်ဖြစ်ပါ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၈။

ဗုဒ္ဓဟူ၍ လေးစားကြည်ညိုရာ၌

အကြည်ညိုခံရခြင်းအကြောင်းရင်းမှာ

၁။ ။ရုပ်အဆင်းသပ္ပါယ်ခြင်း၊

၂။ ။ထင်ပေါ်ကျော်ကြားခြင်း၊

၃။ ။ခြိုးခြံခြင်း၊

၎။ ။သီလ၊ သမာဓိ၊ပညာ နှင့်ပြည့်စုံခြင်းအားဖြင့်

လေးမျိုးရှိ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ထိုလေးမျိုးတွင်

၁။ ။ရုပ်အဆင်းသပ္ပာယ်ခြင်းကို အကြောင်းပြု၍ ကြည်ညိုသူများသည်

ဤလောက၌ သုံးပုံပုံလျှင် နှစ်ပုံခန့်ရှိ၏။

( 2/3 x 100 = 67% )

၂။ ။ထင်ပေါ်ကျော်ကြားခြင်းကို အကြောင်းပြု၍ ကြည်ညိုသူများသည်

ဤလောက၌ ငါးပုံပုံလျှင်လေးပုံခန့်ရှိ၏။

( 4/5 x 100 = 80%)

၃။ ။ခြိုးခြံနေထိုင်ခြင်းကို အကြောင်းပြု၍ကြည်ညိုသူများသည်

ဤလောကတွင် ဆယ်ပုံပုံလျှင် ကိုးပုံခန့်ရှိ၏။

( 9/10 x 100 = 90% )

၎။ ။သီလ၊ သမာဓိ၊ ပညာ နှင့်ပြည့်စုံမှုကို ကြည်ညိုသူများသည်

ဤလောက၌ တစ်သိန်းလျှင် တစ်ယောက်သာရှိသည် ဟူ၍

ကျမ်းဂန်များ၌ ခွဲခြားဖော်ပြထား၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၉။

အလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင့်ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်ကို

သဗ္ဗညုတ ဉာဏ်တော်ဟုခေါ်ရပါသည်။

ထိုဉာဏ်တော်၌ အစွမ်းသုံးပါးသည် ထူးခြားစွာပါရှိ၏။

၁။ ။သိရန်မှန်သမျှကို မကျန်ရအောက်အကုန်အစင် သိမြင်တော်မူနိုင်သောအစွမ်း။

၂။ ။သိအပ်ပြီးသောတရားတိုင်း၌ ဤသို့ဟောလျှင်လည်းဖြစ်၏။

ထိုသို့ဟောလျှင်လည်းဖြစ်၏ဟု ဟောနိုင်သော ဟောနည်းများကို

ခွဲခြား၍ သိတော်မူနိုင်သောအစွမ်း။

၃။ ။တရားနာမည့်ဝေနေယျသတ္တဝါတို့၏ အလိုဆန္ဒကို သိတော်မူနိုင်သောအစွမ်း။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၀။

ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်အား၊

ဉာဏ်တော်အား၊

အခြွေအရံအားတို့ဖြင့်

အလွန်ကြီးမားသောအင်အားရှိတော်မူပါသော်လည်း

မည်သည့်အခါမျှ ထိုအားတော်များကို

အားကိုးတော်မမူဘဲ သည်းခံခြင်းအားကိုသာ

အမြဲအားကိုးတော်မူပါသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

မြတ်စွာဘုရားက အရှင်အနန္ဒာအား

ချစ်သားအာနန္ဒာ၊

သွားရာအရပ်သို့လိုက်ဆဲကြလျှင် အဘယ်မှာ သွားစရာရှိတော့မည်နည်း။

စစ်မြေပြင်သို့ ဝင်သောဆင်ပြောင်ကြီးသည် ပစ်သမျှ မြားဒဏ်ကို

အနာခံ၍ ရှေ့သို့သာ တိုးတက်သကဲ့သို့ ငါဘုရားသည်လည်း

ပြောဆိုဆဲရေးသမျှဒဏ်ကိုသည်းခံတော်မူကာ

သွားမြဲလမ်းကိုသာ ကြွတော်မူမည်ဟု မိန့်တော်မူပါ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၁။

ရုပ်၊နာမ်သင်္ခါရတို့သည်

ပျက်ခြင်းသဘောရှိကြ၏။

မမေ့မလျော့သောသတိဖြင့်

သီလ၊ သမာဓိ၊ ပညာ သုံးဖြာသောသိက္ခာကို

ပြီးစီးအောင် အားထုတ်နေရစ်ကြ

ဟုနောက်ဆုံးသြဝါဒ ကို မိန့်တော်မူပါသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၂။

အမိုက်သည် အင်အားကြီးသည် မှန်သော်လည်း

အလင်းရောက်လာလျှင် သူ့အလိုလို ပြေးရ၏။

တမင်နှင်စရာမလို။

ဆင်းရဲသည် အင်အားကြီးသည် မှန်သော်လည်း

ချမ်းသာရောက်လာလျှင် သူ့အလိုလို ပြေးရ၏။

တမင် နှင်စရာမလို။

ဆူပွက်မှုသည် အင်အားကြီးသည် မှန်သော်လည်း

ငြိမ်းချမ်းမှုရောက်လာလျှင် သူ့အလိုလို ပြေးရ၏။

တမင်နှင်စရာမလို။

အမိုက်သည်လည်းကောင်း၊

ဆင်းရဲသည်လည်းကောင်း၊

ဆူပွက်မှုသည်လည်းကောင်း၊

ငါ မှ ငါဟူသော အတ္တဓမ္မကြောင့်သာဖြစ်ကြ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

နိဗ္ဗာန်ကိုမြင်ရာ၌ အတ္တကို ပယ်မှသာ မြင်နိုင်၏။

အတ္တကို ပယ်ခြင်း နှင့်

နိဗ္ဗာန်ကို မြင်ခြင်းသည် တပြိုင်နက်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

အတ္တကို ပယ်နိုင်အောင် ဝိပဿနာ ရှုပွားရ၏။

ဝိပဿနာရှုပွားစဉ် အတ္တကို တဖြည်းဖြည်းချင်းပယ်ရာမှ

နောက်ဆုံး၌ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဖြင့်

အတ္တကို အပြီးသတ်ပယ်၏။

အတ္တကို ပယ်လိုက်သည်နှင့်

တပြိုင်နက် အနှိုင်းမဲ့ချမ်းသာကို ရရှိခံစားရ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com