Tuesday, September 6, 2011

" သူတော်စင်တို့ရဲ့ရုပ်ပုံလွှာ..."


တစ်ခါတုန်းက

အားလီဆိုတဲ့ ကောင်လေးတစ်ဦးဟာသူ့မိခင်နဲ့အတူ

ဘုရားကျောင်းကို လိုက်သွားပါတယ်။

ဘုရားကျောင်းတိုင်းမှာ မှန်တပ်ထားတဲ့ ပြူတင်းပေါက်များရှိပါတယ်။

အဲဒီမှန်သားပြင်ပေါ်မှာ သူတော်စင်တို့ရဲ့ရုပ်ပုံလွှာများကို ရေးသားထားပါတယ်။

အဲဒီပုံများကို သူ့မိခင်က လက်ညှိုးထိုးပြီး

အဲဒါ သူတော်စင်တွေပဲ

လို့ ပြောပြထားပါတယ်။

အားလီကို

သူတော်စင်ဆိုတာ ဘာလဲ

လို့ မေးကြည့်တဲ့အခါ

ကလေးနားလည်သလို အောက်ပါအတိုင်းပြန်ပြောပြပါတယ်။

သူတော်စင်ဆိုတာ အလင်းရောင်ဖြတ်သန်းနိုင်တဲ့ဟာ တစ်ခုပါပဲ

လို့ကလေးက သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြန်ပြောပြပါတယ်။

ကလေးရဲ့အမြင်ဟာ ရှင်းလင်းတိကျလှပါတယ်။

သူတော်စင်တို့ဟာ အသိအမြင်ကို ကြည်လင်ထက်မြက်စေပါတယ်။

ကြင်နာတဲ့ နှလုံးသားနဲ့နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်။

မေတ္တာရှေ့ထားပြီး ဆက်ဆံတတ်ပါတယ်။

ရွှင်ရွှင်ပျပျ နေထိုင်ဆက်ဆံတတ်ပါတယ်။

သူတို့နဲ့ ထိတွေ့ဆက်ဆံရတာကိုက ကြေနပ်ပျော်ရွှင်ကြည်နူးစေပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com