Thursday, February 2, 2012

"နစ်နေတဲ့သဘောင်္တစ်စီးကို ဆယ်ကြည့်ခြင်း…"


လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါးက နစ်ခဲ့တဲ့သဘောင်္တစ်စီးပါ။

နာမည်ကြီးဇိမ်ခံသဘောင်္တစ်စီး။

လေယာဉ်ခရီးစဉ်တွေ ခေတ်မစားသေးချိန်မှာ ခရီးသွားခြင်းကို

အဓိက သဘောင်္တွေနဲ့သာ လုပ်နေရတဲ့အချိန်။

ဒီသဘောင်္ပိုင်ရှင်က ကြော်ငြာတယ်။

"လုံးဝမနစ်နိုင်အောင် စီမံထားတယ်"တဲ့။

သူ့ရဲ့အစီအမံကလည်း ဖြစ်နိုင်ချေရှိတယ်။

သဘောင်္ရဲ့အောက်ခြေခန်းကို ဆယ့်တစ်ခန်းခွဲလိုက်တယ်။

တစ်ခန်းနဲ့တစ်ခန်းကို သီးသန့်လုပ်ပစ်တယ်။

တစ်ခန်းကိုရေဝင်ရင် နောက်အခန်းကိုရေမဝင်နိုင်အောင်စီမံထားတဲ့နည်းစံနစ်ကိုအသုံးပြုထားတယ်။

ဒါပေမယ့် မသေချာတဲ့လောကကြီးထဲမှာ အဲဒီသဘောင်္ဟာ ပထမခရီးစဉ်မှာပဲ

လူပေါင်းနှစ်ထောင်ကျော်နဲ့အတူနစ်မြှုပ်သွားခဲ့တယ်။

ကြာခဲ့ပါပြီ။

++++++++++++++++++++++++

လူတွေမေ့မေ့ပျောက်ပျောက်ရှိတော့မှ

ဒါရိုက်တာကြီးဂျိမ်းကင်မာရွန်(DIRECTOR JAMES CAMERON)က

အဲဒီနစ်မြှုပ်နေတဲ့သဘောင်္ကြီးဆယ်လိုက်ပါတယ်။

တစ်ကမ္ဘာလုံးအုပ်အော်သောင်းနင်းဖြစ်သွားခဲ့တယ်။

အဟောင်းက အသစ်ပြန်ဖြစ်သွားခဲ့တယ်။

အဲဒီရုပ်ရှင်ဇာတ်ကားနာမည်က...တိုင်တန်နစ်(TITANIC)။

ဒီဇာတ်ကားကို လူတွေဘာကြောင့်ကြိုက်ကြတာလဲ။

+++++++++++++++++++++++++++++

ကျနော်ဒီဇာတ်ကားကို အကြိမ်ပေါင်းတစ်ဒါဇင်ကျော်ကြည့်ဖြစ်ခဲ့တယ်။

ကြည့်ဖြစ်တိုင်းလည်း ရိုးသွားတယ်လို့ကိုမရှိပါဘူး။

ဘယ်ဇာတ်ကားကိုမှ ဒီလောက်အကြိမ်များများမကြည့်ဖြစ်ဖူးခဲ့ပါဘူး။

အဲဒီဇာတ်ကား မြန်မာပြည်ရောက်လာတဲ့အချိန်က

ကျနော်က ဖါးကန့်မှာ ကျောက်စိမ်းလုပ်ငန်းလုပ်နေတဲ့အချိန်။

ဆေးခန်းလုပ်ငန်းနဲ့ကျောက်စိမ်းလုပ်ငန်းကို တွဲလုပ်တဲ့အချိန်မို့ အလုပ်များလှပါတယ်။

ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ လူယုံတွေ၊တပည့်တွေရှိနေတာကြောင့်

အားလပ်ချိန်ကလည်း များများရနေတယ်။

ဖါးကန့်ရောက်တဲ့လူအများစုဟာ အားလပ်ချိန်တိုင်းမှာ

မကောင်းတာတစ်ခုခုလုပ်နေကြတတ်တယ်။

ဆိုးရိုးတစ်ခုတောင်ရှိပါတယ်။ "ဘိန်းမရှုတတ်ရင် လောပန်းမဟုတ်ဘူး"တဲ့။

ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးချင်တာနဲ့စာဖတ်တဲ့အလုပ်နဲ့

ဗီဒီယိုကြည့်တဲ့အလုပ်ကိုသာ လုပ်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဒီဇာတ်ကားကိုအကြိမ်ပေါင်းများစွာကြည့်ဖြစ်ခဲ့ခြင်းဖြစ်တယ်။

အရည်အသွေးမကောင်းတဲ့ဇာတ်ကားကို ကြည့်မယ့်အစား

အရည်အသွေးကောင်းတဲ့ဇာတ်ကားကို

အထပ်ထပ်ကြည့်တာက ပိုပြီးအဓိပ္ပာယ်လှပါတယ်။

ပထမကြည့်တော့ ဘာလဲ(What…?)ဆိုတဲ့သိချင်စိတ်နဲ့ကြည့်ဖြစ်တယ်။

နောက်တစ်ကြိမ်ကြည့်တော့ ဘယ်လိုလဲ(How…?)

နောက်တစ်ကြိမ်ကြည့်တော့ ဘာကြောင့်လဲ…(Why…?)

နောက် ဘယ်နေရာလဲ…(Where…?)

နောက် ဘယ်အချိန်လဲ…(When…?)

နောက် ဘယ်သူတွေလဲ…(Who…?)

တစ်ကြိမ်ပြီးတစ်ကြိမ်မှာ အမြင်မတူတဲ့အခါ ခံစားချက်လည်းခြားနားလာပါတယ်။

အမေရိကန်ရောက်တော့

ဆယ်နှစ်မြောက်အမှတ်တရထုတ်တဲ့DVDကိုထပ်ကြည့်ပြန်ပါတယ်။

++++++++++++++++++++

တိုင်တန်နစ်သဘောင်္ဟာ လောကကြီးနဲ့တူပါတယ်။

သဘောင်္မှာ အထပ်ထပ်ပါသလို လူ့လောကမှာ လူတန်းစားအလွှာလွှာရှိနေပါတယ်။

သဘောင်္နစ်တော့ အဆင်းရဲဆုံးလူတန်းစားက စပြီးဒုက္ခရောက်ပါတယ်။

သေဘေးကို ဦးစွာကြုံရပါတယ်။

သေဘေးကိုကြောက်တော့ အသက်ရှင်ရေးအတွက် အပေါ်ထပ်ကိုတက်ဖို့ကြိုးစားတယ်။

အပေါ်ကလူတွေကလက်မခံဘူး။

တံခါးကိုပိတ်ထားလိုက်တယ်။

သေနတ်နဲ့ချိန်ထားတယ်။

အသက်ကယ်လှေပေါ်တက်ဖို့ကြိုးစားပြန်တော့လည်း

အလားတူပဲ။

သေနတ်နဲ့ပစ်တယ်။

ရေနစ်လို့မသေ။သေနတ်နဲ့အပစ်ခံရလို့သေရတာမျိုး။

လူတန်းစားတိုက်ပွဲတစ်ခုလိုပါပဲလား။

သေနတ်နဲ့ပစ်သူဟာလည်း နောက်ဆုံးမှာ သူ့သေနတ်နဲ့ပဲ သူသေသွားပါတယ်။

++++++++++++++++++++++++

အချစ်ဟာ အရာရာကိုစိန်ခေါ်ရဲတာကိုလည်းတွေ့ရပါတယ်။

အချစ်ကြောင့်သေရမှာ မကြောက်ဘူး။

အချစ်ကြောင့် ဘာမဆိုရင်ဆိုင်ရဲလာတယ်။

သဘောင်္ကနစ်နေပြီ။

အချစ်ကိုငွေနဲ့ဝယ်လို့ရမယ်ထင်တဲ့လူက ချစ်တဲ့မိန်းကလေးကို

မပိုင်ဆိုင်နိုင်တော့မှန်းသိတော့ ချစ်သူနှစ်ဦးကို သေနတ်နဲ့လိုက်ပစ်တယ်။

(ဒေါသနဲ့လောဘဟာ လူ့တန်ဖိုးကို နိမ့်ကျစေပါတယ်)

ချစ်သူနှစ်ဦးဟာ သေပြေးပြေးရတယ်။

နောက်မှာ သေမင်းတမန် ကျည်ဆံ။

ရှေ့မှာ သေမင်းတမန် ရေလှိုင်း။

အဲဒီနှစ်ခုကြားမှာ ချစ်သူနှစ်ဦးဟာလက်တွဲပြီးပြေးနေချိန်မှာ

အားကိုးရာမဲ့တဲ့ကလေးငယ်တစ်ဦးကိုတွေ့တော့

ကိုယ်ချင်းစာစိတ်နဲ့ကယ်ဖို့ကြိုးစားတယ်။

ကိုယ့်အသက်ထက် သူများရဲ့အသက်ကို တန်ဖိုးထားတဲ့စိတ်က

အလွန်လှပတဲ့စိတ်။

လူသားဆန်တဲ့နှလုံးသားပိုင်ရှင်ကို လေးစားလို့မဆုံးနိုင်အောင်ခံစားရတယ်။

အဲဒီအခန်းကိုအကြိုက်ဆုံးပါပဲ။

+++++++++++++++++++++++++

ချစ်သူနှစ်ဦးဟာရေထဲရောက်သွားပြီ။

ပျဉ်ချပ်တစ်ခုကို တွေ့တယ်။ နှစ်ယောက်စလုံးတက်ဖို့ကြိုးစားတယ်။

ပျဉ်ချပ်က တစ်ယောက်စာပဲရှိတယ်။ တစ်ယောက်ကိုသာလက်ခံနိုင်တယ်။

ချစ်သူအမျိုးသားက ချစ်သူအမျိုးသမီးကိုပျဉ်ချပ်ပေါ်တင်ပေးလိုက်တယ်။

ရေခဲတမျှအေးစက်နေတဲ့ရေထဲမှာ တာရှည်မရှင်နိုင်မှန်း အမျိုးသားကသိတယ်။

ချစ်သူအမျိုးသမီးကို အသက်ရှင်နေထိုင်ဖို့တစ်တွတ်တွတ်မှာတယ်။

အားပေးတယ်။တိုက်တွန်းတယ်။ ကတိတောင်းတယ်။

ပြီးတော့….

(မေတ္တာဟာ လူ့တန်းဖိုးကို မြှင့်တင်ပေးနိုင်တယ်လို့ခံစားမိပါတယ်)

++++++++++++++++++

လူတွေကအမျိုးမျိုးရှိသလို

သေခြင်းတရားကို ရင်ဆိုင်ပုံကလည်းအမျိုးမျိုးကွဲပြားသွားပါတယ်။

အချို့ကကြောက်ကြောက်လန့်လန့်။

အချို့တည်တည်ငြိမ်ငြိမ်။

သေခြင်းကိုကြောက်ကြောက်လန့်လန့်ဖြစ်နေတဲ့လူအုပ်ကို အတတ်နိုင်ဆုံး

တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ကြိုးစားပေးနေတဲ့ တယောဆရာတွေကို

မချီးကျူးပဲမနေနိုင်ပါဘူး။

(အနုပညာဟာ လူ့စိတ်တည်ငြိမ်ဖို့အတွက် အထောက်အပံ့ဖြစ်စေနိုင်ပါလား)

လို့တွေးဖြစ်မိတယ်။

+++++++++++++++++++++++++

ဘဝကိုပိုင်ဆိုင်လာပြီဆိုတာနဲ့သေခြင်းတရားဟာလည်း မလွဲမသွေရင်ဆိုင်ရမယ့်အရာ

တစ်ခုဆိုတာကို နားလည်ရင် ပြင်ဆင်ထားဖို့လိုတယ်။

လူတွေရဲ့သေခြင်းတရားအပေါ်ရင်ဆိုင်၊ဖြတ်သန်းခဲ့တာကို

ဒီဇာတ်ကားမှာ ပီပီပြင်ပြင်ဖော်ပြထားတယ်။

ကြည့်တတ်ရင်တော့ တကယ့်ဘာဝနာပါပဲ။

++++++++++++++++++++++++++

ရုပ်ရှင်ကို ပညာအတွက် ကြည့်ပါ။

ကျနော်ကတော့ ဘာသာစကားတိုးတက်ဖို့အတွက်ပါကြည့်ဖြစ်တယ်။

ရုပ်ရှင်ဟာ အလွယ်ကူဆုံး အပန်းဖြေနိုင်တဲ့အလုပ်တစ်ခုဖြစ်တယ်။

ဒါပေမယ့် စိတ်အပန်းဖြေမှု တစ်ခုတည်းအတွက်သာ မကြည့်ပါနဲ့။

စိတ်အပန်းဖြေမှုသက်သက်အတွက်သာကြည့်ရင်

အချိန်ကိုဖြုန်းတီးသလိုဖြစ်နေပါလိမ့်မယ်။

+++++++++++++++++++++

TITANIC (တိုင်တန်နစ်ရုပ်ရှင်ဇာတ်ကား)

10Th ANNIVERSARY EDITION

WINNER OF 11 ACADEMY AWARD INCLUDING BEST PICTURE 1997

LEOANRDO DICAPRIO

KATE WINSLET

DIRECTOR JAMES CAMERON

MUSIC VIDEO “ MY HEART WILL GO ON” BY CELINE DION.

TWO –DISC COLLECTOR’S SET.

ACADEMY…(11)ဆု (1997)

1/ BEST PICTURE,

2/ BEST DIRECTOR,

3/ BEST MUSIC –ORIGINAL SONG,

4/ BEST MUSIC- ORIGINAL DRAMATIC SCORE,

5/ BEST CINEMATOGRAPHY/

6/ BEST EDITING,

7/ BEST VISUAL EFFECTS,

8/ BEST ART DIRECTION,

9/ BEST COSTUME DESIGN,

10/ BEST SOUND,

11/ BEST SOUND EFFECTS EDITING.

++++++++++++++++++

ဒီကားကိုကြည့်တိုင်း မင်းသားနဲ့မင်းသမီးကို သာအဓိကတွေ့မြင်နေရပါတယ်။

ဒါကြောင့် ဒီဇာတ်ကားအော်စကာဆု (၁၁)ခုရတယ်ဆိုတော့

မင်းသား၊နဲ့မင်းသမီးသေချာပေါက်ရမှာပဲလို့ထင်ခဲ့တယ်။

ဒါပေမယ့် သူတို့တွေမရခဲ့ပါ။

++++++++++++++++++

ဖြစ်ရပ်မှန်မှာ.....

သဘောင်္နဲ့ပါသွားသူမှာ ၂၂၀၀-ယောက် (ပတ်ဝန်ကျင်)ဖြစ်တယ်။

ကွယ်လွန်သွားသူပေါင်းမှာ ၁၅၀၀-ကျော်ဖြစ်တယ်။

အသက်ရှင်ကျန်ရစ်သူပေါင်းမှာ ၆၇၅-ဦးဖြစ်ပါတယ်။

အထူးသဖြင့် မိန်းမများနဲ့ကလေးငယ်များဖြစ်ကြပါတယ်။

သဘောင်္နစ်တဲ့အချိန်မှာ နံက်2:20(A.M)ဖြစ်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com