Monday, October 25, 2010

“ ညစ်ညမ်းတဲ့ ရယ်စရာများနဲ့ပတ်သက်၍...”




စစ်အတွင်းက ဂျိုးဗရောင်းဟာ အထင်ရှားအကျော်ကြားဆုံး လူရွှင်တော်တစ်ဦးဖြစ်တယ်။

သူ့တာဝန်မှာ သရုပ်ဆောင်ခြင်းမဟုတ်၊ ရယ်မောစရာပုံပြင်များပြောပြတဲ့အလုပ်ဖြစ်ပါတယ်။

သူဟာ ပရိသတ်ကို နာရီတော်တော်ကြာကြာ ဆွဲဆောင်ထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

တစ်ခါက သူဟာ ရှေ့တန်းစစ်မျက်နှာမှ စစ်သည်တော်များကို သွားရောက်ဖျော်ဖြေရပါတယ်။

တစ်ခန်းရပ်သွားတဲ့အခါ အမေးအဖြေကဏ္ဍရှိပါတယ်။

အဲဒီအချိန်မှာ စစ်သည်တစ်ဦးကထပြီး

ဂျိုးခင်ဗျား၊ ကျနော်တို့ကို ညှီစော်နံတဲ့ ရယ်စရာတစ်ခု၊ နှစ်ခုလောက်ပြောပြပါ

လို့တောင်းဆိုပါတယ်။

ဂျိုးက စိတ်အေးအေးထားပြီး ပြန်ဖြေခဲ့ပါတယ်။

ကျနော် အခုလို စင်မြင့်ပေါ်တက်တော့ ကျနော့်အမေကို ကတိတစ်ခုပေးထားပါတယ်။

ညစ်ညမ်းတဲ့ ပျက်လုံးတွေ ဘယ်တော့မှ မထုတ်ပါဘူးလို့ ကတိပေးထားပါတယ်။

အဲဒီကတိက ဒီနေ့အထိ ထိန်းထားပါတယ်။ အဲဒါကို ပြောင်းလဲဖို့ ရည်ရွယ်ချက်မရှိပါဘူး

ဂျိုးက အားလုံးကို အကြံပေးထားတာကတော့

တစ်ခုတော့ သတိရစေချင်ပါတယ်။

ခင်ဗျားတို့ပြောမယ့် ရယ်စရာတွေ၊ ပုံပြင်တွေကို သန့်ရှင်းအောင်လုပ်ပါ။

အဲဒီလို သန့်ရှင်းအောင် လုပ်ထားခဲ့ရင် မသင့်တဲ့အချိန်၊

မသင့်တဲ့နေရာမှာ

ခင်ဗျားတို့ခေါင်းထဲ ရုတ်တရက်ဝင်လာတဲ့ကိစ္စကြောင့်

စိတ်အကျဉ်းအကျပ် ကြုံစရာမရှိတော့ဘူးပေါ့

သန့်ရှင်းအောင်ထားတဲ့ အကျင့်လုပ်မထားရင်တော့

အဲဒီကနေ ရုန်းထွက်လို့ မရတော့ပါဘူး။

လို့ အကြံပေးထားပါတယ်။


လူအများကို ပညာပေး၊ဟောပြောရတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့စဉ်က

ကျနော်အတွေ့အကြုံအရပြောရရင်

ကျနော်ဟာ အဓိပ္ပါယ်နှစ်ခွ ထွက်စေတဲ့ရယ်စရာတစ်ခုကို

မိတ်ဆွေတွေကို ပြောခဲ့ဖူးတယ်။

ညစ်ညမ်းတဲ့ ဟာသတော့မဟုတ်ပါဘူး။

ဒါပေမယ့် အခြားသူတွေက အဲဒီဇာတ်လမ်းကို ပြန်ပြောတဲ့အခါ

အဓိပ္ပါယ်တစ်မျိုးထွက်သွားပါတယ်။

နောက်ပိုင်းမှာ အခြားသူတွေပြောတဲ့ ညစ်ညမ်းတဲ့ရယ်စရာတွေဟာလည်း

ကျနော်ပြောတယ်ဆိုပြီးနာမည်ထွက်လာပါတော့တယ်။

အချို့ညစ်ညမ်းတဲ့ ရယ်စရာတွေဟာ

ပြောဖို့နေနေသာသာ ပြန်ကြားရတာနဲ့ကို အော်ကလီဆန်လှပါတယ်။

ကြာလာတော့ ဒီပတ်ဝန်ကျင်မှာ နေရတာကိုက မပျော်တော့ပါ။

စိတ်ရှုတ်လာတယ်။ စိတ်ညစ်လာတယ်။

ဒါကြောင့် ဒီပတ်ဝန်ကျင်က ခက်ခက်ခဲခဲရုန်းထွက်ခဲ့ရပါတယ်။

အလုပ်ပြောင်းလိုက်တော့မှ စိတ်သက်သာရာရသွားပါတယ်။

နောက်ပိုင်းမှာ ညစ်ညမ်းတဲ့ရယ်စရာကို မပြောဖြစ်အောင် အထူးဂရုစိုက်ခဲ့ပါတယ်။

ညစ်ညမ်းတဲ့ ရယ်စရာဟာ စိတ်ကိုပါ ညစ်ညမ်းစေပါတယ်။

ညစ်ညမ်းတဲ့ အပြော၊ အလုပ်တွေဟာ

စိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်ထားလို့မရအောင်

အဟန့်အတား ဖြစ်စေပါတယ်။

ညစ်ညမ်းတဲ့အပြော၊

အလုပ်တွေကို ဘယ်တော့မှ မပြော၊

မလုပ်မိအောင်

သတိထားဆင်ချဉ်သင့်ပါတယ်လို့ထင်ပါတယ်။။

“ နားလည်မှုလွဲ…”



တစ်နေ့မှာ လမ်းလျှောက်နေစဉ်

ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဥယျာဉ်ထဲမှ

ပေါက်ပြားနဲ့မြေကို တူးဆွနေသူတစ်ဦးကို မြင်ရပါတယ်။

အဲဒီမြင်ကွင်းကို တွေ့ရတဲ့အခါ ကျနော်အလွန် အံ့အားသင့်သွားပါတယ်။


ဒီလူနှယ်အပျင်းကြီးလိုက်တာ

လို့ ကျနော်စိတ်ထဲတွင် တွေးလိုက်ပါတယ်။

ဒါပေမယ့် အဲဒီလူထိုင်နေတဲ့ထိုင်ခုံဘေးမှာ

ထောင်ထားတဲ့ ချိုင်းထောက်နှစ်ချောင်းကို တွေ့လိုက်ပါတယ်။

အဲဒီလူဟာ ခြေများ မသန်ပေမယ့် ပေါက်တူးကိုင်လျက်

အလုပ်လုပ်နေသူဖြစ်ပါတယ်။

အဲဒီနေ့က အလျင်စလို အတွေးဖြစ်ခဲ့မှုဟာ

ကျနော်တစ်သက်တွင် အမြဲအမှတ်တရ ဖြစ်နေပါတယ်။

လူတွေဟာ အဆိုးမြင်စိတ်က အမြဲတမ်း အရင်လာတတ်ပါလား

လို့လည်းတွေးမိပါတယ်။


ဘာဘဲဖြစ်ဖြစ် အကောင်းဘက်က အရင်တွေးတဲ့အလေ့အကျင့်ကို

လေ့ကျင့်ဖို့လိုအပ်ပါတယ်။

အကောင်းမြင်တတ်မှ မေတ္တာစိတ်ပေါက်ဖွားလာနိုင်တယ်မဟုတ်လား၊

မေတ္တာစိတ်ပေါက်ဖွားမှလည်း စိတ်ချမ်းသာမယ်လေ။

စိတ်ချမ်းသာမှုက အရာရာထက် အရေးကြီးပါတယ်။

“ အကုသိုလ် များသူ…”



ဓမ္မဆရာတစ်ဦးက ဂျက်ကော့လှေခါးအကြောင်းတရားဟောရာ

နားထောင်သူများ၊ဓမ္မဆရာရဲ့သားက အလွန်သဘောကျပါတယ်။

နောက်ရက် အနည်းငယ်ကြာတဲ့အခါ အဲဒီတရားပွဲအကြောင်း

သားငယ်က အိပ်မက်မက်တယ်လို့ သားက သူရဲ့ဖခင်ကို ပြောပြပါတယ်။


ဟုတ်လား၊ သား ဘာကို တွေ့ရလဲ


သား အိပ်မက် မက်တာပါ။

တိမ်တိုက်တွေထဲရောက်တဲ့အထိ လှေခါးတစ်စင်းကို တွေ့ပါတယ်။

လှေခါးခြေရင်းမှာတော့ မြေဖြူအပိုင်းအစတွေ အများကြီးပါပဲ။

မြေဖြူမပါဘဲ ဘယ်သူမှ လှေခါးကနေတက်ခွင့်မရှိပါဘူး။

ကျူးလွန်မိတဲ့ မကောင်းမှုတိုင်း လှေခါးထစ်တိုင်းမှာ

အမှတ်အသားပြုလုပ်ဖို့ မြေဖြူ ယူရပါတယ်။


ဟာသိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။

သားအိပ်မက်က နောက်ထပ်ဘာတွေ ဖြစ်သေးလဲ


ဟုတ်တယ်ဖေဖေရာ၊

သားက အပေါ်ခပ်ဝေးဝေးရောက်အောင်

တက်မယ်လို့စိတ်ကူးထားတာ၊

ဒါပေမယ့် လူတစ်ယောက်အောက်ကိုဆင်းလာသံ ကြားရတာနဲ့

သားအပေါ်ဘက် သိပ်မတက်လိုက်ရပါဘူး။


ဟုတ်လား၊ အဲဒီလူက ဘယ်သူလဲ

လိုဖခင်က မေးပါတယ်။


ဖေဖေဖြစ်နေတယ်

လို့သားကပြန်ဖြေပါတယ်။


ဖေဖေ ဟုတ်လား၊

ဒါနဲ့ ဖေဖေက ဘာအတွက် အောက်ပြန်ဆင်းလာတာလဲ


မြေဖြူ ထပ်ယူဖို့လေ

လို့ သားကပြန်ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com