Monday, October 25, 2010

“ အဆိုးမှ အကောင်းသို့…”



သတင်းစာတစ်စောင်ထဲတွင်...

ဖောက်ခွဲရေးဘုရင်သေပြီ

အဖျက်လက်နက်များကို ထုတ်လုပ်ရောင်းချခဲ့တဲ့အတွက်

အလွန်ချမ်းသာ ကြွယ်ဝလာတဲ့

ဒိုင်းနမိုက်(ဖောက်ခွဲပစ္စည်း )တီထွင်သူ အဲဖရက်နိုဗယ်လ်ဟာ ကွယ်လွန်သွားပါကြောင်း


ဆိုတဲ့ သတင်းကို အဲဖရက်နိုဗယ်လ် ကိုယ်တိုင် ဖတ်လိုက်ရပါတယ်။


ကိုယ်သေဆုံးသွားတဲ့ သတင်းကို ကိုယ်တိုင် ဖတ်ရှုရခြင်းအတွက်

သူတုန်လှုပ်ခြောက်ခြားသွားပါတယ်။

အမှန်သေသူမှာ အဲဖရက်နိုဗယ်လ်ရဲ့ အစ်ကိုဖြစ်ပါတယ်။

သတင်းထောက်များက မှားယွင်းပြီး အဲဖရက်နိုဗယ်လ်ကွယ်လွန်ပြီလို့

မှားယွင်းရေးသားခဲ့ခြင်းဖြစ်ပါတယ်။

ကမ္ဘာက သူ့အပေါ် ဘယ်လိုမြင်တာကို

အဲဖရက်နိုဗယ်လ်ဟာ ပထမဆုံးအကြိမ် သိ ခွင့်ရလိုက်ပါတယ်။

သူအနေနဲ့ ကမ္ဘာသူ၊ကမ္ဘာသားများအပေါ် အကျိုးပြုလိုတဲ့ စေတနာနဲ့

ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့

ကမ္ဘာကသူ့ကို ဖောက်ခွဲရေးဘုရင် လို့သာမြင်ကြပါတယ်။

အဲဒီထက် မပိုပါ။

သူ့ရဲ့စေတနာ နဲ့ လုပ်ရပ် ကို ဘာမှဖော်ပြထားခြင်းမရှိပါ။

သူ့ကို လူသားတွေက အဆိုးအတွက်သာ အမှတ်ရနေကြကြောင်းကို

သူမျက်ဝါးထင်ထင် တွေ့ရှိသွားပါတယ်။

အဲဖရက်နိုဗယ်လ် ဟာ အလွန်လည်း ထိတ်လန့်တုန်လှုပ်သွားပါတယ်။


လောကကြီးက သူရဲ့ဘဝရည်မှန်းချက် ပန်းတိုင်

အစစ်အမှန်ကို သိအောင်လုပ်မယ်


လို့ အဲဖရက်နိုဗယ်လ်က သံန္နိဋ္ဌာန်ချလိုက်ပါတယ်။

အဲဒါကြောင့် သူဟာ သူ့ရဲ့နောက်ဆုံးသေတမ်းစာကို ရေးခဲ့ပြီး

သူပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုကို တန်ဖိုးအမြင့်ဆုံးဆိုတဲ့ ဆုအတွက်

သတ်မှတ်ရည်မှန်းဖော်ပြခဲ့ပါတယ်။

အဲဒီဆုကတော့

ငြိမ်းချမ်းရေး နိုဗယ်ဆု

ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေး နိုဗယ်ဆုအပြင် ဆုပေါင်းများစွာကို

နှစ်စဉ် နှစ်တိုင်း ပေးနေခဲ့တာကတော့ အခုထိပါပဲ။


ဒီနေ့မှာတော့ ကမ္ဘာသူ၊ကမ္ဘာသားများက

အဲဖရက်နိုဗယ်လ်ကို ဖောက်ခွဲရေးဘုရင်လို့

တစ်ချိန်က သတ်မှတ်၊ ယူဆခဲ့တာကိုတောင်မေ့သွားပြီဖြစ်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com