Monday, October 25, 2010

“ ငါ့ဘဝနဲ့ငါ သိပ်ပျော်ပါတယ်ကလေးရယ်…”



တစ်ခါတုန်းက လူငယ်လေးတစ်ဦးဟာကျောက်တုံးကြီးတစ်တုံးဆီလာပြီး

ဟေ့ကျောက်တုံးကြီး၊

ခင်ဗျား အလုပ်ကဘာလဲဟင်

လို့ မေးလိုက်ပါတယ်။

ကျောက်တုံးကငါကတော့ မြေကြီးမှာ လဲပြီး ကပ်နေတာပေါ့

လို့ဖြေပါတယ်။

ကလေးကညရောက်တဲ့အခါ ခင်ဗျားဘာလုပ်သလဲ

လို့ထပ်မေးပါတယ်။

ကျောက်တုံးက- ငါကတော့ နေမြဲအတိုင်း မြေကြီးမှာ လဲပြီးကပ်နေတာပေါ့

လို့ဖြေတယ်။

ကလေးကအေးပြီးနှင်းတွေကျတဲ့အခါမှာ ကော ခင်ဗျား ဘာလုပ်သလဲ

လို့ထပ်မေးပြန်တယ်။

ကျောက်တုံးကငါတော့ မြေမှာဘဲ ကပ်နေတာပေါ့

လို့ ပြန်ဖြေပါတယ်။

သနားစရာကောင်းလိုက်တဲ့ ကျောက်တုံးကြီးပဲ

လို့ ကလေးငယ်က မှတ်ချက်ချပါတယ်။


ကျောက်တုံးကငါကသနားစရာကောင်းတဲ့ ကျောက်တုံး မဟုတ်ပါဘူးကွာ၊

ငါက ပျော်နေတဲ့ကျောက်တုံးတစ်တုံးပါ

မင်းလည်း ကလေးတစ်ယောက်အဖြစ် ပျော်သလို

ငါလည်း ကျောက်တုံးအဖြစ်ပျော်ပါတယ်။

ပြီးတော့ ငါ့မှာ အေးတာကို မခံစားရပါဘူး၊

အမှောင်တို့၊

ညတို့ကိုလည်း

ငါက မကြောက်တတ်ပါဘူး။

ကောင်လေးရယ်

မင်း ငါ့အတွက် စိတ်သောက မရောက်ပါနဲ့၊

ငါဟာ ငါ့ဘဝနဲ့ ငါ ရောင့်ရဲပါတယ်။

ငါ့ဘဝနဲ့ငါ ပျော်ပါတယ်ကလေးရယ်။”

လို့ စိတ်ရှည်၊လက်ရှည် ပြန်ဖြေလိုက်ပါတယ်။


တကယ်တော့ ကိုယ်ဟာ ဘာဘဲဖြစ်ဖြစ် ပျော်တတ်ဖို့လိုပါတယ်။

ဘဝဆိုတာ အရမ်းကို တိုတောင်းလှပါတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ အခြားသူတွေကို မထိခိုက်ဖို့တော့

သတိထားဖို့သာ လိုတာပါ။

ပျော်ပျော်နေတတ်သူဟာ နေပျော်သလို သေပျော်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com