မာရှယ်ဖို့ခ်ျအတွက် ဂုဏ်ပြုတဲ့ ညစာစားပွဲ တစ်ခုမှာ
ဧည့်သည်တစ်ဦးက ပြင်သစ်တို့ရဲ့ယဉ်ကျေးသိမ်မွေ့မှုနဲ့ 
ပတ်သက်ပြီးဝေဖန်စကားဆိုလိုက်တယ်။
“ ပြင်သစ်ရဲ့ ယဉ်ကျေးသိမ်မွေ့မှုမှာ လေကလွဲလို့ ဘာမှ မပါဘူး ”
လို့ ပြောလိုက်ပါတယ်။
အဲဒီစကားကို ကြားရတဲ့ မာရှယ်ဖို့ခ်ျက
 
“ လေတော့ လေပေါ့၊ 
လေ …ဆိုပေမယ့် လေလွတ်မဟုတ်ပါဘူး။
မော်တော်ကားတာယာထဲက လေမျိုးပါ။
အဲဒီလေကြောင့် အဝေးပြေးလမ်းမှာ 
ကားပြေးတဲ့အခါ သက်သာမှုကို ဖြစ်စေတာတော့
ယဉ်ကျေးသိမ်မွေ့မှုဆိုတာလဲ 
လူ့ဘဝဆိုတဲ့ အဝေးပြေးလမ်းမှာသက်သာမှုကိုတော့ ဖြစ်စေတာပါပဲ ”
လို့ ပြန်လည်ချေပပြောလိုက်ပါတယ်။

 
 

No comments:
Post a Comment