Sunday, October 24, 2010

“ မရှိပေမယ့် ဖြစ်လာနိုင်ပါတယ်…”



မဂ္ဂဇင်းကြီးတစ်စောင်မှာ ပင်တိုင်ပန်းချီရေးဆွဲပေးနေတဲ့

ပန်းချီးဆရာ အကျော်အမော်တစ်ဦးမှာ

အရောင်များကို ပုံမှန်အတိုင်း မမြင်နိုင်သူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ ပန်းချီရေးတဲ့ ဆေးများကို ရောစပ်ဖို့ လူတစ်ဦးကို ငှားထားတယ်။

ဆေးစပ်ပေးသူက

ဘယ်ဆေးက အနီ၊ ဘယ်ဆေးက အစိမ်း၊ အဝါ၊ အပြာ၊ ဆိုပြီးပြောပြရပါတယ်။

ပုံမှန်အတိုင်း အရောင်စပ်ရာမှာ ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်တယ်။

နယ်ပယ်တစ်ရပ်ရပ်မှာ ထူးချွန်သူများဟာ သူတို့ရဲ့ အားနည်းချက်ကို အစပျိုးပြီး

အဲဒီအားနည်းချက်ကို ကျော်လွန်အောင် ကြိုးစားအားထုတ်ရာမှ ထူးချွန်လာခြင်းဖြစ်ပါတယ်။


ဒီမွန်စ်သနီး ဟာစကားထစ်သူတစ်ဦးဖြစ်ပါတယ်။

သူဟာ စကားပြောကောင်းသူကို အားကျလာတော့

စကားပြောကောင်းသူတစ်ဦးဖြစ်အောင်ကြိုးစားအားထုတ်လာတယ်။

သူ့ရဲ့ ပါးစပ်ထဲ ကျောက်စရစ်ခဲများကို ထည့်ပြီး ပင်လယ်ကမ်းစပ်တစ်လျှောက်

လမ်းလျှောက်ရင် ပင်လယ်လှိုင်းများနဲ့ အော်ပြီး စကားပြောခဲ့ရပါတယ်။

အဲဒီအားထုတ်မှုကြောင့် စကားပြောထစ်နေသူကနေ

နောက်ပိုင်း ဂရိ မှာ အထင်ရှား အကျော်ကြားဆုံး စကားပြောကောင်းသူတစ်ဦးဖြစ်လာပါတယ်။


အင်္ဂလန်နိုင်ငံအတွက် နယ်လ်ဆင်ဟာ ရေကြောင်း သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ပင်လယ်ပြင်ထဲ ထွက်တိုင်း ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကိုခံစားရပါတယ်။

ပင်လယ်ထဲ ပထမဆုံးခရီးစထွက်ကတည်းက

ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကို စတင်ခံစားရပြီး နောက်ပိုင်းမှာ

ပင်လယ်လှိုင်းမူးတဲ့ ဝေဒနာကို သင်္ဘောပေါ်တက်တိုင်း ခံစားရပါတယ်။


ကမ္ဘာ့ထိပ်သီး တေးရေးဆရာကြီး ဗီသိုဗင်ဟာ

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး တေးရေးဆရာကြီးတစ်ဦးဖြစ်ပါတယ်။

သူဟာ နားမကြားရပါ။

သူရေးစပ်ခဲ့တဲ့ တေးဂီတသံများကို သူဘယ်တုန်းကမှ မကြားရပါ။

ဒါပေမယ့် ကမ္ဘာကျော် တေးသီချင်း အမြောက်အများကို သူရေးဖွဲ့သွားနိုင်ခဲ့ပါတယ်။


ကလားရင့်ချိန်ဘာလိန်ဟာ ကမ္ဘာကျော်လေယာဉ်ပျံသန်းသူ တစ်ဦးဖြစ်ပါတယ်။

သူဟာ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အတိမ်အနက် အမြင်အာရုံကို စမ်းသပ်တဲ့ စစ်ဆေးမှုကို

သူဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။

ဒါပေမယ့် စံချိန်မီ စစ်ဆေးလွှာနဲ့ စစ်ဆေးသူများဟာ ချိန်ဘာလိန်အား

စစ်ဆေးချက် မအောင်သော်လည်း လေယာဉ်မောင်းခွင့် လိုင်စင်ထုတ်ပေးခဲ့ပါတယ်။

သူဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းရှင်းဆုံး လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။


တစ်မိုင်ခရီးကို ပြေးရာမှာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ဂလင်ကန်နီဟန်ဟာ

ခြေနှစ်ဖက်လုံး မီးလောင်ထားတဲ့အတွက်

ဆရာဝန်တွေက လမ်းတောင်မလျှောက်နိုင်တော့ဘူးလို့

အသေအချာပြောခြင်းကို ခံထားရသူဖြစ်ပါတယ်။

ဒါပေမယ့် တစ်စ၊တစ်စချင်းစီ ကြိုးစားအားထုတ်ခဲ့မှုကြောင့်

ကမ္ဘာ့အပြေးအမြန်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။


အခုဖော်ပြခဲ့သူများရဲ့ ကိုယ်အင်္ဂါ ချို့တဲ့ မပြည့်စုံမှုဟာ

သူတို့ထူးချွန်လာစေတဲ့ အဓိက အကြောင်းရင်းတွေ

ဖြစ်လာခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com