Sunday, October 24, 2010

“ အပန်းဖြေ အနားယူဖို့လိုအပ်….”



အပိုစတယ်မှနာမည်ကျော်ကြားတဲ့ သူတော်စင်ဂျွန် ဟာ

မကြာခဏဆိုသလိုပင် သူမွေးထားတဲ့ စာကလေးတွေနဲ့ ကစားတတ်တယ် လို့

လူအများကပြောကြတယ်။

တစ်နေ့တွင် မုဆိုးတစ်ယောက်ဟာ ဂျွန်ဆီကိုရောက်လာတယ်။

အရမ်းနာမည်ကြီးထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးက

ကစားနေတာကိုတွေ့တော့ အလွန်အံ့အားသင့်သွားတယ်။

ဒီလို ပုဂ္ဂိုလ်မျိုးက အချိန်တွေကို အရေးကြီးတဲ့ကိစ္စတွေအတွက်သာ

အသုံးပြုနေမယ်လို့ထင်ထားမိတာကိုး။

ဒါကြောင့် မုဆိုးက ဂျွန်ကိုမေးပါတယ်။


ကစားပြီးအချိန်တွေကို ဘာကြောင့် ဖြုန်းနေသလဲ၊

ဘာမှ တန်ဖိုးမရှိတဲ့ စာကလေးတစ်ကောင်အတွက်

ခင်ဗျားရဲ့အချိန်တွေကို ဘာကြောင့် ဖြုန်းနေပါသလဲ


လို့ မေးပါတယ်။

ဂျွန်က မေးသူကို အံ့သြပြီး ကြည့်နေပါတယ်။


အဲဒါကြောင့် ဂျွန်က


ခင်ဗျား ဘာအလုပ်လုပ်ပါသလဲ၊


မုဆိုးအလုပ်လုပ်ပါတယ်။


ဒါနဲ့ ခင်ဗျားရဲ့ လေးညှို့ကြိုးကို

ဘာကြောင့် တင်းမထားဘဲ၊ လျှော့ထားတာလဲ


မုဆိုးက


အမြဲတမ်း တင်းမထားပါဘူး၊

လေးရဲ့ ညှို့ကြိုးကို အမြဲတင်းထားဖို့ မလိုပါဘူး။

အမြဲတင်းထားရင် လေးကိုင်းအားလျော့ပြီး မြားပစ်တဲ့အခါ သုံးမရတော့ပါဘူး။


အဲဒီအခါမှာ ဂျွန်က မုဆိုးကို အောက်ပါအတိုင်း ပြောပါတယ်။


ဒီမှာ မိတ်ဆွေ၊

ခင်ဗျားရဲ့ လေးကိုင်းအားလျော့မသွားအောင် ကြိုးကို အမြဲတင်းမထားသလိုပါပဲ။

အတွင်းသန္တာန်မှာ ဖြစ်နေတဲ့ တင်းကြပ်မှုကို လျော့ပြီး အပန်းဖြေဖို့လိုပါတယ်။

အလုပ်သာလုပ်ပြီး အပန်းမဖြေဘူးဆိုရင်

ကျနော်လုပ်ရမယ့် ကြီးမားတဲ့ လုပ်ငန်းတွေ အတွက် လုပ်နိုင်ဖို့

အင်အား ဘယ်ရှိနိုင်ပါ့တော့မလဲ။

ကျနော်လုပ်ရမယ့် အလုပ်၊

လုပ်သင့်တဲ့ အလုပ်၊

ကိုတောင် လုပ်ဖို့ အင်အားရှိတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် အဲဒီအတွက် အပန်းဖြေဖို့ကို

လုံးဝအလေးထားဖို့ အထူးလိုအပ်ပါတယ်။


လို့ ပြန်ပြောလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com