တစ်ခါတုန်းက ဖိုးထက်ဆိုတဲ့လူငယ်လေးဟာ 
သိမ်းငှက်ဥတစ်လုံးကိုရလာပါတယ်။
ဒါနဲ့ပဲ သူ့ရဲ့ အိမ်မှာရှိတဲ့
ကြက်ဥတောင်းထဲကို ထည့်ထားလိုက်ပါတယ်။
ကြက်မကြီးကလည်း သူမရဲ့ဥအထင်နဲ့ ဝပ်ပေးပါတယ်။
ရက်အတန်ကြာတော့
 သိမ်းငှက်ကလေးဟာ အခြားကြက်ကလေးတွေနဲ့အတူ ပေါက်လာပါတယ်။
သိမ်းငှက်ကလေးဟာ  ကြက်ကလေးကြားမှာ ကြီးပြင်းလာတာမို့
သူကိုယ်သူ ကြက်လို့ပဲ ထင်နေပါတယ်။
ကြက်တွေလုပ်တဲ့အတိုင်း သူဟာ လိုက်လုပ်ပါတယ်။
အမှိုက်တွေကြားထဲမှာ
ခြေနဲ့ယက်ယက်ပြီး ပိုးမွှားတွေ၊ အစာတွေကို ရှာစားပါတယ်။
အခြားကြက်ကလေးတွေအတိုင်း တကျည်ကျည် အော်ပါတယ်။
အတောင်တွေကြီးနေပါရက်ကယ်နဲ့
 ကြက်ကလေးတွေ ပျံသလောက် 
တစ်ထောက်လောက် 
မြေကနေ သိပ်ဝေးဝေးလည်း တစ်ခါမှ မပျံခဲ့ဖူးပါ။ 
ကြက်တွေကြားမှာနေရင်း ကြီးပြင်းလာခဲ့တယ်။ 
ဒါနဲ့ပဲ နှစ်တွေ ကုန်လွန်ခဲ့ပါတယ်။
သိမ်းငှက် ဟာလည်း အရွယ်ရောက် လာပါတယ်။
တစ်နေ့မှာတော့ 
ကောင်းကင်ပြင်ပေါ်မှာ သိမ်းငှက်ကြီးတစ်ကောင်ဟာ
 လှလှပပ ပျံဝဲနေတာကို တွေ့ပါတယ်။
သိမ်းငှက်ကြီးဟာ လေဟုန်စီးရင်း ပျံဝဲနေပါတယ်။
တောင်ပံကိုမခတ်ဘဲ လေဟုန်စီးနေတဲ့ သိမ်းငှက်ကြီးကိုကြည့်ပြီး
 ကြက်တွေကြားမှာ ကြီးပြင်းလာခဲ့တဲ့ သိမ်းငှက်က အားကျနေမိပါတယ်။
“ ကြည့်စမ်းပါအုန်း၊ 
လှလိုက်တဲ့ငှက်ကြီး။
သူ့လို ပျံတတ် ချင်လိုက်တာ ” 
လို့ သူ့ရဲ့ညီအကို ကြက်တွေကို ပြောလိုက်ပါတယ်။
ဒီတော့ အခြားကြက်တွေက 
“အဲဒါက သိမ်းငှက်တွေလေ၊ 
တို့ငှက်တွေရဲ့ ဘုရင်ပေါ့၊
မင်းက ကြက်ပဲ၊
သူ့တို့ကို သွားပြီး အားကျမနေစမ်းပါနဲ့ကွာ ၊
 မင်းက သူ့တို့လို ဘယ်တော့ မှ မဖြစ်နိုင်ပါဘူး”
လို့ပြန်ပြောလိုက်ပါတယ်။
ဒါနဲ့ပဲ ကြက်တွေကြားမှာ ကြီးပြင်းလာခဲ့တဲ့ သိမ်ငှက်ဟာ
အဲဒီစကားတွေကို တကယ်ယုံကြည်ပြီး၊
ဘယ်တော့မှလည်း ပျံသန်းဖို့ မကြိုးစားခဲ့ဘူး။
 ကြက်တွေကြားမှာနေပြီး၊ ကြက်တွေလိုပဲ သေသွားခဲ့ရရှာတယ်။
သူ အားကျတဲ့ သိမ်းငှက်ကြီးလိုဘဲ 
အမြင့်ဆုံးကို လှလှပပ ပျံသန်းနိုင်တဲ့ အရည်အချင်းသူမှာရှိတယ် 
ဆိုတာကို သေသွားတဲ့အထိ သိမသွားခဲ့ရပါဘူး။
အရည်အချင်းကောင်းတွေအများကြီးရှိနေပြီးသားပါ။
ကိုယ့်အရည်အချင်းကို ကိုယ်မသိရင်တော့
အသုံးချဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။
ကိုယ်ဟာ ဘာလဲဆိုတာကို မသိဘူးဆိုရင်လည်း 
သိမ်းငှက်လိုပဲ ကြက်တွေကြားမှာ နေပြီး ကြက်တွေလိုပဲ သေသွားဖို့သာရှိပါတယ်။
ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ 
ကိုယ့်တောင်ပံကို ကိုယ်ယုံယုံကြည်ကြည်နဲ့ခတ်ကြည့်လိုက်စမ်းပါ။
ကိုယ်ဟာ ကြက်မဟုတ်ပဲ၊ သိမ်းငှက်ဖြစ်နေတာကို သိလာပါလိမ့်မယ်။
နောက်တစ်ခုကတော့
 ကိုယ့်အရည်အချင်းနဲ့ပက်သက်ရင် 
ကိုယ့် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့စကားကို 
လွယ်လွယ် ကူကူ မယုံကြည်လိုက်ပါနဲ့။”
လို့ပြောလိုက်ချင်ပါရဲ့။

 
 

No comments:
Post a Comment