Wednesday, August 19, 2009

မြတ်ဗုဒ္ဓ၏အဆုံးအမ



မေတ္တာနဲ့စွန့်သမျှ

အနှစ်ပါတဲ့အညွန့်အလှတွေချည်းပါပဲ


မြတ်စွာဘုရားရှင်က

“ထမင်းစားသောက်ပြီးလို့

ပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေကို

မြောင်းထဲသွန်တဲ့အခါ

“ဒီပန်းကန်ဆေးရည်၊

အိုးဆေးရည်တွေထဲက

ထမင်းလုံးဟင်းပေါက်လေးတွေ၊

ဆီဖတ်လေးတွေကို

မြောင်းထဲက ပိုးကောင်လေးတွေ

စားကြ သောက်ကြပါစေ” လို့

နှလုံးသွင်းစိတ်ထားပြီး

စွန့်သွန်ရင်၊

ကြီးကျယ်တဲ့ဒါနကုသိုလ်

ဖြစ်ပါတယ်” လို့

ဟောကြားတော်မူထားပါတယ်။

စိတ်ထားတတ်ရင်

အပိုပစ္စည်း၊ အပိုပိုက်ဆံ

တကူးတက အကုန်မခံရဘဲနဲ့

ဒါနကုသိုလ် ရနိုင်ပါတယ်။


အရှင်ဆန္ဒာဓိက (စိတ်အားဖြည့် ဓမ္မပန်းပွင့် စာအုပ် မှ.....)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com