Thursday, May 13, 2010

“ လူ့တန်ဖိုး-၅...(မွန်တက်ဆိုရီ) ”



မွန်တက်ဆိုရီ

(၁၈၇၀-၁၉၅၂)=(၈၂-နှစ်)

မာရီယာ မွန်တက်ဆိုရီဆိုတဲ့အမျိုးသမီးကြီးကတော့

ကလေးတွေကို ထိုင်ခုံမှာ သံမှိုစွဲထားတဲ့ကျောင်းမျိုးကို ဆန့်ကျင်ပြီး

ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကို ဖြည့်ဆည်းပေးနိုင်တဲ့ စာသင်ကျောင်း

တည်ထောင်ရေးအတွက် ရှေ့ဆောင်လမ်းပြပေးခဲ့သူဟာ

လေးစားဖွယ်ဆရာဝန်မကြီးတစ်ဦးဖြစ်ပါတယ်။

မွန်တက်ဆိုရီကို ၁၈၇၀ ခုနှစ်၊ဖေဖေါ်ဝါရီ() ရက်နေ့ကရောမမြို့မှာ မွေးဖွားခဲ့ပါတယ်။

သူမဟာ ပြည်သူ့ဝန်ထမ်းတစ်ဦးရဲ့သမီးတစ်ဦးဖြစ်တယ်။

သူမဟာ သင်္ချာဘာသာမှာထူးချွန်တယ်။

ရောမတက္ကသိုလ်က အမ်ဒီ ဆရာဝန်ဘွဲ့ကို ပထမဦးဆုံးရရှိခဲ့တဲ့ အမျိုးသမီးဖြစ်တယ်။

သူမဟာ ရောမမြို့မှာ ရှိတဲ့ဆင်းရဲသားရပ်ကွက်အတွင်း အိမ်ရာစီမံကိန်းတစ်ခုကို

ရောက်ခဲ့ရာက သူမဟာ ကျန်းမာရေးအရာရှိတစ်ဦးထက်လုပ်စရာတွေ ပိုရှိလာပြီလို့ဆုံးဖြတ်ခဲ့တယ်။

၁၉၀၇ ခုနှစ်မှာ သမားတော် မာရီယာဟာ ကလေးတို့အတွက်

လုံးဝဆန်းသစ်တဲ့ စာသင်ကျောင်းတစ်ကျောင်း ကို တည်ထောင်ဖွင့်လှစ်ခဲ့တယ်။

အဲဒီဆင်းရဲသားရပ်ကွက်က စာသင်ကျောင်းရဲ့ ရည်ရွယ်ချက်ကတော့

ကလေးများရဲ့လွတ်လပ်စွာ ပြောဆိုခွင့်ဖြစ်တယ်။

ကျောင်းဆရာတွေရဲ့ ပင်မတာဝန်ဟာ ကလေးငယ်တို့ရဲ့ ပင်ကို အရည်အချင်းတွေကို

ဖော်ထုတ်ပေးဖို့ အထူးကစားပွဲတွေ၊

ကစားစရာတွေနဲ့သူတို့ရဲ့စိတ်ကို နှိုးဆွပေးဖို့ သူတို့ကိုယ်တိုင် သင်ယူဖို့ဖြစ်တယ်။

ကလေးတွေဟာ အန်စာတုံးနဲ့ ပုံဖော်ကြမယ်။

ကြယ်သီးတွေတပ်မယ်။

ကတ်ပြားမှာရေးထားတဲ့ အက္ခရာနေ စာလုံးတွေကို ခြေရာကောက်မယ်။

သူတို့ရဲ့ အာရုံတွေကို လေ့ကျင့်ပေးရမယ်လို့ဆိုပါတယ်။

နှစ်ပေါင်းများစွာအတွင်း မွန်တက်ဆိုရီရဲ့ ကလေးသူငယ်ပညာရေး ကြိုးပမ်းမှုဟာ

အီတလီနိုင်ငံကနေ ပြင်ပကမ္ဘာဆီအထိ ပျံ့နှံ့ခဲ့တယ်။

သူမဟာ ဥရောပနိုင်ငံများစွာကို ခြေဆန့်ဟောပြောပို့ချခဲ့ရတယ်။

သူမ ထပ်ခါတလဲလဲပြောတဲ့စကားကတော့

ကလေးတွေရဲ့အခွင့်အရေးအတွက် လူတိုင်း တိုက်ပွဲဝင်ကြရမယ်ဆိုတာပါပဲ။

သူမဟာ အခြေခံပညာရေးရဲ့သဘောတရားကို တော်လှန်ပစ်ခဲ့သူဖြစ်တယ်။

အခက်အခဲ အတိုက်အခိုက်တွေကို ရင်ဆိုင်ရင်း

သံခြေချင်းခတ်ထားခြင်းခံရတဲ့ ကလေးလူငယ်တွေရဲ့စိတ်ကို လွတ်လပ်ခွင့်ပေးနိုင်ဖို့

ကြိုးစားခဲ့သူအဖြစ်ကမ္ဘာက လေးစားခဲ့ရတဲ့ အမျိုးသမီးဖြစ်တယ်။

သူမ တည်ထောင်ခဲ့တဲ့ ကျောင်းတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့်

လူငယ်မျိုးဆက်သစ်ကလေးတွေရဲ့ယုံကြည်ရာဖြစ်တယ်။

သူမ တီထွင်ခဲ့တဲ့ နည်းစနစ်ဟာလည်း ကမ္ဘာအရပ်ရပ်က

ပညာရေးလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့တယ်။

“အမှန်မြင်စိတ်”



တစ်ခါတုန်းက လူတစ်စုဟာ မြင်းကိုယ်စီ,စီးပြီး ညပိုင်းမှာ ခရီးထွက်ခဲ့ကြတယ်။

ရေတိမ်တဲ့စမ်းချောင်းတစ်ခုကို ဖြတ်ရတဲ့အချိန်မှာ

အားလုံးရပ်လိုက်ကြ

ဆိုတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

အားလုံးသောခရီးသွားတွေက ရုတ်တရက်ဆိုတော့ လန့်သွားကြတယ်။

အသံရှင်ကိုလည်း မှောင်ကြီးမည်းမည်းမှာ ဘာမှ မမြင်ရတော့ကြောက်သွားတယ်။

ဒါနဲ့ပဲ မြင်းတွေကို ဇက်သတ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ရပ်လိုက်ကြတယ်။

အဲဒီနောက်မှာ အသံရှင်က ဆက်ပြီးအမိန့်ပေးပြန်တယ်။

မြင်းပေါ်ကဆင်းပြီး တွေ့တဲ့ကျောက်ခဲတွေကို လက်နဲ့ဆုပ်ယူကြ

မြင်းစီးယောက်ျားတွေဟာလည်း ကြောက်ကြောက်နဲ့ပြောတဲ့အတိုင်း

တွေ့မိစမ်းမိတဲ့ ကျောက်ခဲတွေကို လက်နှစ်ဖက်နဲ့ဆုပ်ယူလိုက်ကြတယ်။

အမိန့်သံကြီးက ဆက်လက်ထွက်ပေါ်လာပြန်တယ်။

ပြီးရင် ကိုယ့်ခရီးကိုယ်ဆက်သွားကြ

သူတို့တွေဟာ ကြောက်လန့်တကြား မြင်း ဒုန်းစိုင်းလာလိုက်ကြတာ

မိုးလင်းမှပဲ မြင်းကို ရပ်နားဖို့ သတိရကြတယ်။

မြင်းကိုရပ်နားပြီးမှ လက်ထဲဆုပ်လာတဲ့ ကျောက်ခဲလေးတွေကို သေချာကြည့်မိတော့

တကယ့် အဖိုးတန်စိန်တုံးတွေဖြစ်နေတာ တွေ့လိုက်ကြတယ်။

ဒါပေမယ့် သူတို့တွေဝမ်းမသာနိုင်ကြဘူး။

ဒီလိုစိန်တုံးတွေမှန်းအစက သိခဲ့ရင် အများကြီး ကျုံးယူခဲ့တာပေါ့

ဆိုပြီး ဝမ်းနည်းပက်လက်တောင် ဖြစ်နေရတယ်။


[ဒါကတော့ ဆရာနန္ဒာသိန်းဇံရဲ့ ခယောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်မှ

ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။]


ကျနော်တို့ဟာ ငယ်စဉ်တုန်းက အဆိုးမြင်စိတ်နဲ့ကြီးပြင်းလာခဲ့ပါတယ်။

လူကြီးတွေဟာမလုပ်နဲ့လို့သာတားဆီးတတ်ပေမယ့်

ဘယ်လိုလုပ်ပါဆိုတာတော့ သင်မပေးပါဘူး။

ရေမကူးနဲ့၊ရေနစ်လိမ့်မယ်။သာပြောပြီးရေမနစ်အောင်

ရေကိုစံနစ်တကျ ဘယ်လိုရေကူးရမယ်ဆိုတာကို သင်ပေးဖို့မေ့နေတတ်ပါတယ်။

ဒါနဲ့ပဲ ကျနော်တို့ဟာ ရေကိုတွေ့ရင်ဘဲ အလိုလိုကြောက်စိတ်ဝင်နေပါတော့တယ်။

ဒီလိုနဲ့အဆိုးမြင်စိတ်တွေဟာ ကြီးထွားလာခဲ့ရပါတယ်။

အရွယ်ရောက်လာတော့ အဆိုးမြင်စိတ်ကြောင့် စိတ်ဆင်းရဲရတာများတော့

ဒီစိတ်ထားဟာ မကောင်းမှန်းသိလာတယ်။

ဒီစိတ်နေသဘောထားဟာ မတန် မှန်းလည်းသိလာတော့

အကောင်းမြင်စိတ်ကို ကြိုးစားပြီးမွေးမြူခဲ့တယ်။

လွယ်တော့မလွယ်ပါဘူး။ ခက်ခဲပေမယ့် အကောင်းမြင်စိတ်ကြောင့်

စိတ်ချမ်းသာတာကိုသိလာတော့ အကောင်းမြင်စိတ်ကိုတန်ဖိုးထားတတ်လာတယ်။

အကောင်းမြင်စိတ်ကြောင့် စိတ်ချမ်းသာရပေမယ့် စိတ်ကျေနပ်မှုတော့အမြဲတန်းမရတတ်ပါဘူး။

ဒီလိုဆိုရင် အကောင်းမြင်စိတ်ထက်

သာလွန်တဲ့စိတ်အခြေအနေတစ်ရပ်တော့ရှိရဦးမယ်လို့တွေးနေမိပါတယ်။

မကြာသေးခင်တုန်းကမှ အဲဒီစိတ်အခြေအနေကို သိလာရပါတယ်။


အဲဒီစိတ်ကတော့ အမှန်မြင်စိတ်ပါဘဲ။

အမှန်မြင်စိတ်က စိတ်ချမ်းသာမှုအပြင်

စိတ်ကျေနပ်မှုကိုလည်း ပေးနိုင်တာကိုလည်း သိလာရပါတယ်။

“ အားပေးစကားလားကွယ်…”



တာချီလိတ်ဆေးခန်းတွင် ဖြစ်တယ်။

ဒေါက်တာ အောင်ကိုကို အား

လူနာ ကိုအေးကိုက မေးလိုက်ပါတယ်။


ဒေါက်တာ၊

ကျနော် သေမှာလားဟင်


သေမှာပေါ့၊

လူဆိုတာ သေမျိုးပဲဥစ္စာ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com