အက်စ်ပရင်(Aspirin)ဆေးကို အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ဝေဒနာများအတွက် 
တီထွင်အသုံးပြုလာခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်။
အက်စ်ပရင်(Aspirin)ဆေးကို ၁၉ရာစုအကုန်တွင် ဂျာမန်ဓာတုဗေဒပညာရှင်တစ်ဦးက
 သူ့ဖခင်ရဲ့အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာအတွက် နာကျင်မှုကို သက်သာစေရန် 
ဖော်စပ်တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ 
၁၉၈၀ ခုနှစ်အစောပိုင်းကာလများကစပြီး အက်စ်ပရင်(Aspirin)ဆေးကို 
နှလုံးရောဂါရုတ်တရက်ဖြစ်ပွားမှုများကိုပါ ကာကွယ်ရန်အပြင် 
လေဖြတ်ခြင်းကိုကာကွယ်ရန်အတွက်ပါ အသုံးပြုလာကြတယ်။ 
လေ့လာတွေရှိချက်အရ အက်စ်ပရင်(Aspirin)ဆေးဟာ ကြောက်မက်ဖွယ်ရာ ရောဂါများဖြစ်တဲ့
အူမကြီးကင်ဆာ၊
ဆီးကြိတ်ကင်ဆာ၊
အယ်လ်ဇိုင်းမား(Alzheimer)ခေါ် 
လူကြီများမှာ ဖြစ်တတ်တဲ့မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ
များကိုပါ ကာကွယ်ကုသနိုင်ပြီလို့အတည်ပြုခဲ့ပါတယ်။ 
မီယာမီတက္ကသိုလ်မှ ကာကွယ်ရေးဆေးဝါးများဆိုင်ရာ ကျွမ်းကျင်သူ 
ဒေါက်တာချားလ်စ်ဟန်ကင်း(Charles Hennekens)က
“အက်စ်ပရင်(Aspirin)ဆေးဟာ နှစ်ဆယ်ရာစုရဲ့ 
အကောင်းဆုံးဆေးတစ်လက်ဖြစ်သလို
 နှစ်ဆယ့်တစ်ရာစုအတွက်လည်း အကောင်းဆုံးဆေးဖြစ်လိမ့်မယ်”
လို့ဆိုပါတယ်။
၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ အမျိုးသားဆရာဝန်၂၂,၀၀၀ဦး အနက်
တစ်ဝက်ကို အက်စ်ပရင်(Aspirin)ဆေး ကို နေ့စဉ်ရက်ဆက် ဆိုသလို သောက်သုံးစေခဲ့ပါတယ်။ 
နောက်တစ်ဝက်ကိုတော့ ဘာဆေးအာနိသင်မှမရှိတဲ့ ဆေးများကို သောက်သုံးစေခဲ့ပါတယ်။
နောက်ဆုံးရလာဒ်ကတော့ အက်စ်ပရင်(Aspirin)ဆေး ကိုသောက်သူဆရာဝန်(၄၄)ရာခိုင်နှုန်းက
 နှလုံးရောဂါဖြစ်ပွားမှုမရှိတာကိုတွေ့ခဲ့ရပါတယ်။
အက်စ်ပရင်(Aspirin)ဆေးက ကာကွယ်တားဆီးနိုင်တဲ့ရောဂါများမှာ…
၁။ နှလုံးရောဂါ
အက်စ်ပရင်(Aspirin)ဆေးသောက်သုံးသူများ နှလုံးရောဂါ ရုတ်တရက်ဖြစ်ပွားမှု အခွင့်အရေးနည်းပါးလှတယ်။
၂။ အယ်လ်ဇိုင်းမားရောဂါ
အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေတဲ့အပြင် 
အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ရန် အခွင့်အရေးနည်းပါးကြောင်းသုတေသနအရ သိရပါတယ်။
၃။ ကင်ဆာ
သုတေသနပြုချက်အရ အူမကြီးကင်ဆာပြန့်ပွားစေတဲ့ အသားပိုတစ်မျိုးဖြစ်ပွားမှုကို
(၁၉)ရာခိုင်နှုန်းလျော့နည်းစေကြောင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို (၆၀)ရာခိုင်နှုန်းအထိ
 လျော့နည်းစေကြောင်းတွေ့ရှိရပါတယ်။
၎။ သား/သမီး မရနိုင်ခြင်း
အက်စ်ပရင်(Aspirin)ဆေးသောက်သုံးထားသောအမျိုးသမီးများဟာ ကိုယ်ဝန်ရရှိနိုင်ဖို့အခွင့်အလမ်း
 နှစ်ဆရှိတယ်လို့လေ့လာမှုများအရသိရပါတယ်။ ဒါ့ပြင် အက်စ်ပရင်(Aspirin)ဆေး သောက်သုံးခြင်းက
 ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကို လျော့နည်းစေပါတယ်။
၅။ သွားဖုံးရောဂါ 
ဆေးလိပ်သောက်သူများမှာ ဖြစ်တတ်တဲ့ သွားဖုံးရောဂါကို အက်စ်ပရင်(Aspirin)ဆေး အနည်းငယ် မှန်မှန်
 သောက်သုံးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။
၆။ မျက်စိရောဂါ
အက်စ်ပရင်(Aspirin)ဆေး ဟာ သွေးခဲမှုကို ချေဖျက်နိုင်ခြင်းကြောင့် 
သွေးကြောများအတွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေသဖြင့် 
မျက်ကြည်လွှာကို အထောက်အပံ့ပေးနိုင်တယ်။ 
ဒါ့အပြင် ဆီးချိုရောဂါကြောင့် မျက်စိကွယ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။     ။
{Ref: The Oldest New Wonder Drug by Jerry Adler and Anne Underwood }

 
 

No comments:
Post a Comment