Sunday, June 19, 2011

“ ဘယ်သူက ပိုပျင်းသလဲ…”



တစ်ခါတုန်းက

လူနှစ်ယောက်အငြင်းပွားနေကြတယ်။

သူက ပိုပျင်းတယ်။

ငါကပိုပျင်းတယ်ဆိုပြီး

အငြင်းပွားနေကြခြင်းဖြစ်ပါတယ်။


တစ်ယောက်ကပြောတယ်။

တစ်နေ့က ငွေငါးထောင်တစ်ရွက်

လမ်းမှာကျနေတာကို ငါတွေ့တယ်။

ဒါပေမယ့် ငါမကောက်လိုက်ဘူး ပျင်းလို့


ကျန်တစ်ယောက်က အားကျမခံ ပြန်ပြောတယ်။

တစ်နေ့က ငါ ရုပ်ရှင်သွားကြည့်တယ်။

နှစ်နာရီတိတိ ရုပ်ရှင်ရုံထဲမှာ ငါ အော်နေတယ်


အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ


သိပ်ဆိုင်တာပေါ့၊

ရုပ်ရှင်ရုံထဲကခေါက်ကုလားထိုင်ကို

ဆွဲချပြီး အထိုင်လိုက်မှာ

ငါ့ရဲ့ဖွားဖက်တော် ညပ်သွားတယ်။

ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com