Sunday, August 5, 2012

"လှပတဲ့ စိတ်မှ လှပတဲ့ ဘဝကို ရမယ်..."




လူတွေရဲ့ အရေးကြီးတဲ့တာဝန်က လှတဲ့ဘဝကို ဖန်တီးဖို့ပါပဲ။
လှပတဲ့ စိတ်မှ လှပတဲ့ ဘဝကို ရမယ်။

+++++++++++++++++++++++++++


သတိဆိုတဲ့သဘောဟာ ကောင်းတဲ့သဘော၊
ကုသိုလ်သဘော ဖြစ်တယ်။
သူက သန့်ရှင်းအောင် လုပ်ပေးနိုင်တဲ့စွမ်းရည်သတ္တိရှိတယ်။

+++++++++++++++++++++++++++

သိနေတဲ့စိတ်ကို ပြန်သိပါ။

+++++++++++++++++++++++++++

အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်၊
အဆင့်အတန်းမြင့်တဲ့ စိတ်ထား၊
အဆင့်အတန်းမြင့်တဲ့ နေပုံထိုင်ပုံ၊
အဆင့်အတန်းမြင့်တဲ့ ပြောပုံဆိုပုံကို
အရင်ဆုံး ရအောင် လုပ်လိုက်ပါ။
လှပတဲ့ ဘဝကို ရအောင် အရင်လုပ်ပါ။

+++++++++++++++++++++++++++



Living well and beautifully and justly are all one thing.
( Socrates )

ကောင်းကောင်းနေတာ၊
လှလှပပနေတာ နဲ့
တရားမျှတစွာ နေတာဟာ
အားလုံးတစ်ခုတည်းပါပဲ။
အားလုံး အတူတူပါပဲ။

+++++++++++++++++++++++++++


It is not living that is important but living rightly.
( Socrates )

အသက်ရှင်နေရုံမျှ နေနေတာဟာ
အရေးကြီးအချက်မဟုတ်ဘူး၊
မှန်မှန်ကန်ကန်နေတာက
အရေးကြီးတဲ့အချက် ဖြစ်တယ်။

+++++++++++++++++++++++++++

လူသားရဲ့ အဆင့်မြင့်တဲ့ စွမ်းဆောင်ချက်တွေဟာ
အလှအပကို ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။
လှပတာကို ဖန်တီးတာဟာ လွတ်လပ်မှုကို ဖေါ်ပြတာပါ။

+++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးမြင့်မားချင်ရင်
ဉာဏ်ကိုအပြည့်အဝသုံးပြီး ဖန်တီးရတဲ့အလှ
ကို နေ့စဉ်လုပ်နေပါ။

+++++++++++++++++++++++++++

Beauty is a function of life.

အလှအပဟာ လူ့ဘဝရဲ့ လုပ်ရမယ့်ကိစ္စ တစ်ခုဖြစ်တယ်။
ဘဝရဲ့လုပ်ငန်းဟာ အလှအပကို ဖန်တီးတာပဲ။
ဘဝရှိရင် အလှအပလည်း ရှိရမယ်။

+++++++++++++++++++++++++++

ငါ့ဘဝရဲ့ဦးတည်ချက်ကဘာလဲ
ငါ ကိုယ်တိုင်အမှန်တရားနဲ့ အလှအပကို
သိရှိခံစားပြီးတော့ ငါ သိရှိခံစားရတဲ့အမှန်တရားနဲ့
အလှအပကို အများကို ဝေမျှဖို့ပဲ။
အဲဒါဟာ ငါ့ဘဝရဲ့ဦးတည်ချက်ပဲ။

+++++++++++++++++++++++++++

ဘုရားဟောတဲ့ တရားတော်တွေဟာ
စိတ်ဓာတ်ရဲ့လှပမှု၊
သန့်ရှင်းမှု၊
စိတ်ဓာတ်ရဲ့လွတ်လပ်အေးချမ်းမှုအတွက်
အဓိက ဦးတည်တာ၊
စိတ်ပိုင်းအလှအပကိုတော့ ပိုပြီးတော့
တန်ဖိုးထားဖို့လိုပါတယ်။

+++++++++++++++++++++++++++


အလှတရားမှ အမှန်တရားသို့ (ဆရာတော် ဦးဇောတိက)စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com