Saturday, July 23, 2011

" နောက်ဆုံးနေ့အတွက် အဆင်သင့်ပဲ…"


၁၇၈၀ ခုနှစ်က ကော်နယ်တီကတ်ပြည်နယ်တွင်
ထူးကဲမိုးမှောင်ကြီးကျခဲ့ပါတယ်။
လူတိုင်းအတွက် နောက်ဆုံးနေ့တော့ ကျရောက်လာပြီလို့
တွေးတောလာတဲ့အထိဖြစ်လာပါတယ်။
ပြည်သူ့လွှတ်တော်အဆောက်အဦးထဲတွင်
အစည်းအဝေးကို ချက်ချင်းရပ်ဆိုင်းဖို့ပြောသံများ ကြားနေရပါတယ်။
ဒါမှသာ သူတို့တစ်တွေဟာ မိသားစုနဲ့အတူတူ
ဘုရားသခင်ရဲ့အလာကို စောင့်နိုင်မယ်လို့အားလုံးက ယူဆနေကြပါတယ်။
အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေးရဲ့ဥက္ကဌဖြစ်သူ ကာနယ်ဒါဗင်ပို့ထ်က
မိန့်ခွန်းတိုလေး မိန့်ကြားခဲ့ပါတယ်။
အဲဒီမိန့်ခွန်းမှာ
“ ဒီနေ့ဟာ အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးနေ့ဟုတ်ချင်ဟုတ်မယ်၊
မဟုတ်ချင်လည်း မဟုတ်ဘူး။
တကယ်လို့ မဟုတ်ခဲ့ရင် ဒီအစည်းအဝေးကို ရပ်ဆိုင်းဖို့မလိုဘူး။
တကယ်လို့အဆုံးအဖြတ်ပေးမယ့်နောက်ဆုံးနေ့ဖြစ်ခဲ့ရင်လည်း
ကျနော့်တာဝန်ဝတ္တရားတွေကို လေးလေးစားစားလုပ်နေတာကိုပဲ
တွေ့သွားစေချင်ပါတယ်။
ဒါကြောင့် ဆက်လက်စည်းဝေးဖို့ ဖယောင်းတိုင်တွေ ယူခဲ့ကြပါ ”
လို့ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com