Wednesday, November 23, 2011

" သတင်းစာ များများဖတ်ပါ…"



တစ်ခါတုန်းက

ပါတီဋ္ဌာနချုပ် ဝါဒဖြန့်ချိရေးဋ္ဌာနမှ

တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စက်ရုံလုပ်သားများကို ငါးနှစ်စီမံကိန်း

အကောင်အထည်ဖော်မှုအခြေအနေကို ရှင်းပြနေပါတယ်။

“ငါးနှစ်စီမံကိန်းမှာ လျာထားချက်အတိုင်းမော်လမြိုင်ကျွန်း မြို့နယ်

လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးသွားပြီ”

ပရိသတ်ထဲက ကိုတင်ဝင်းဆိုသူက ထပြောပါတယ်။

“အဲဒီမြို့က မနေ့ကပဲ ကျနော်ပြန်လာခဲ့တယ်။

ဘာဓာတ်အားပေးစက်ရုံမှ မရှိပါဘူး”

ပါတီဝန်ထမ်းက ဆက်ပြောပါတယ်။

“ဗိုလ်ကလေးမြို့မှာ ဓာတ်မြေသြဇာ စက်ရုံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်”

ကိုတင်ဝင်းကပင် ထပြောပြန်ပါတယ်။

“သိပ်မကြာခင်တုန်းက အဲဒီမြို့ကို ရောက်ခဲ့သားပဲ၊

စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး။

ပါတီဝန်ထမ်းက စိတ်တိုတိုနဲ့ပြန်ပြောလိုက်တာက…

“ဒီမှာ ရဲဘော်၊

ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား

သတင်းစာများများ ဖတ်သင့်တယ်”


( ခေတ်ဟောင်းဟာသလေးတစ်ခုပါ။

အခုထိခေတ်မီနေဆဲပါပဲ)

" အသက်ရှင်ခွင့်ရတာကိုက အခွင့်အလမ်းကောင်း..."


တစ်ခါတုန်းက
အောင်မြင်ကျော်ကြားတဲ့အမေရိကန်သမ္မတ ကလင်တန်ဟာ
စင်ကာပူနိုင်ငံကို အလည်အပတ်ခရီးသွားပါတယ်။
အချိန်ရတာနဲ့ တက္ကသိုလ်ကျောင်းတစ်ခုမှာ
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့တွေ့ဆုံပါတယ်။
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့တွေ့တော့
သူတို့သိချင်တဲ့မေးခွန်းတွေမေးပါတယ်။
" ဒီလိုအောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့ပါသလဲ"
" အောင်မြင်မှုကို ဘယ်လိုနားလည်ပါသလဲ"
" အခွင့်အလမ်းကောင်းဆိုတာ ဘာလဲ"
" စွမ်းဆောင်ရည် မြင့်မားအောင် ဘယ်လိုလုပ်ခဲ့ပါသလဲ"
" ဘယ်လိုနေမှ အောင်မြင်တယ်လို့ခေါ်နိုင်သလဲ"
"ဘယ်လိုအောင်မြင်မှုက အကောင်းဆုံးလဲ"
စတဲ့မေးခွန်းတွေ အများကြီးတက်လာပါတယ်။
ဒီတော့ သမ္မတ ကလင်တန်က
" မေးခွန်းတွေ မဖြေခင် ဖြစ်ရပ်မှန်တစ်ခုကို အရင်ပြောပြချင်ပါတယ်။
ရဝမ်ဒါနိုင်ငံမှာ တစ်နိုင်ငံသားအချင်းချင်း လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။
နောက်ဆုံးစာရင်းအရဆိုရင် လူပေါင်း ဆယ်သိန်းနီးပါး အသတ်ခံရတယ်လို့သိရပါတယ်။
လူအချင်းချင်းသတ်ပွဲဖြစ်တယ်။
တစ်နိုင်ငံလုံးသွေးချောင်းစီးသွားခဲ့တယ်။
အသက်ကြီးတဲ့ယောကျာ်းတွေ၊မိန်းမတွေအသတ်ခံရတယ်။
အသက်ငယ်တဲ့ယောက်ျားတွေ၊မိန်းမတွေ အသတ်ခံရတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေ အသတ်ခံရတယ်။
ကိုယ်ဝန်ဆောင်မိန်းမတွေ အသတ်ခံရတယ်။
အများစုဟာ ဒါးနဲ့ခုတ်သတ်ကြတာပါ။
အသတ်ခံရသူတွေမှာ ဘာအပြစ်ရှိသလဲဆိုရင်
ဘာအပြစ်မှ မရှိဘူး။
လူမျိုးမတူတာနဲ့ကို သတ်နေကြတာ။
မသေဘဲ အသက်ရှင်ကျန်ခဲ့သူတွေကိုတွေ့ဖို့ကျနော်
ရဝမ်ဒါနိုင်ငံကို သွားခဲ့ပါတယ်။
ကျနော့်ကိုလာတွေ့သူတွေဟာ
အချို့က ချိုင့်ထောက်တွေနဲ့လာတွေ့တယ်။
အချို့က ဝှီးချဲကုလားထိုင်နဲ့လာတွေ့တယ်။
အဲဒီအထဲမှာ အမျိုးသမီးတစ်ယောက်ဟာ လမ်းလျှောက်ပြီးလာတာကိုတွေ့တော့
ကျနော်က
" အော်...ဘာဒဏ်ရာမှ မရတဲ့အမျိုးသမီးထင်တယ်။
ကံကောင်းလိုက်တာ"လို့တွေးနေမိတယ်။
ကျနော်တွေးနေတာကို အမျိုးသမီးက ရိပ်မိပုံရတယ်။
ကျနော့်အနားကိုရောက်တော့
အဲဒီအမျိုးသမီးက အင်္ကျီရှည်ကိုလှန်ပြတယ်။
သေလောက်တဲ့ဒဏ်ရာကြီးတွေနဲ့ပါလား။
အဲဒီအမျိုးသမီးကပြောတယ်။
" အဲဒီအချိန်တုန်းက ၂၄-နာရီအတွင်းမှာ အိပ်ကောင်းခြင်းမအိပ်ရဘူး။
စားကောင်းခြင်းမစားရဘူး။
ထိုင်ကောင်းခြင်းမထိုင်ရဘူး။
စကားတွေ တောင်ပြောခွင့်မရပါဘူး။
ဈေးဝယ်ခွင့်လည်းမရခဲ့ပါဘူး။
အသတ်မခံရအောင် ရှောင်တိမ်းနေကြရတယ်။ပုန်းအောင်းနေခဲ့ရတယ်။
တစ်ချိန်လုံးကြောက်ရွံ့နေခဲ့ကြတယ်။
ဒါနဲ့တောင်မှ သူတို့တွေရောက်လာကြပြီး
ဒါးနဲ့ခုတ်တယ်၊ တုတ်နဲ့ရိုက်တယ်။
သေနတ်တွေနဲ့ပစ်တယ်။
ကျမကို သေပြီဆိုပြီးအဲဒီအတိုင်းထားခဲ့တာခံရပါတယ်။"

တကယ့်ကိုကြေကွဲစရာကောင်းလှပါတယ်။
ကျနော်နိဂုံးချုပ်စကားပြောချင်တာက
အောင်မြင်မှုကဘာလဲ၊
ဘယ်လိုနေမှ အောင်မြင်တယ်ဆိုတာကို ထားလိုက်ပါဦး၊
ဘဝမှာ အသက်ရှင်နေရခြင်းဟာပဲ
အခွင့်အလမ်းကောင်းလို့မှတ်ယူလိုက်ပါ..."

++++++++++++++++++

သင်ခန်းစာယူနိုင်ဖို့အတွက်
ရဝမ်ဒါ မျိုးတုံးလူသတ်မှုရဲ့
ပုံရိပ်အချို့ကို တင်ပြလိုက်ပါတယ်။












လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com