Tuesday, October 2, 2012

“ ဟေ့..ဒီမှာလာကြည့်ကြပါအုန်း...”




ကျနော်တို့ရွာဟာ ထင်းရူးကျေးရွာ ဖြစ်ပါတယ်။
မီးရထားသံလမ်းဘေးတွင် တည်ရှိတဲ့ ရွာကလေးဖြစ်ပါတယ်။
တစ်ချိန်တုန်းက ကားမရောက်ပါ။
မှောင်ခိုခေတ်က သူဋ္ဌေးတစ်ဦးဖြစ်တဲ့ ဦးမတ်ဟာ သူ့ရဲ့ချမ်းသာမှုကိုပြချင်တာနဲ့
စက်လှေနဲ့ ကားတစ်စီးတင်လာပါတယ်။
ကားကို တစ်ရွာလုံး အသေအချာကြည့်ကြပါတယ်။
မမြင်ဖူးတဲ့အတွက်ကြောင့် ထူးဆန်းနေပါတယ်။
လူကြီးရော၊ကလေးပါ ဝိုင်းကြည့်ကြပါတယ်။
လူကြီးတစ်ဦးက
ကြည့်ပြီးသဘောထားမှတ်ချက်ပေးကြပါတယ်။

အင်း အနက်ရောင်ပဲ

အားလုံးက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြပါတယ်။
နောက်တစ်ယောက်က ကားကို လက်နှင့်ကိုင်ကြည့်ပါတယ်။

အင်း သံနဲ့လုပ်ထားတာပဲ

အားလုံးက ခေါင်းညိတ်ကြပြန်တယ်။

နောက်တစ်ယောက်က အိတ်ဇောပိုက်(exhaust pipe)ကို
လက်နှင့် စမ်းကိုင်ပြီး အော်ပြောလိုက်တာက

ဟေ့..ဒီမှာလာကြည့်ကြပါအုန်း၊
ဒီကောင်က အထီးကြီးကွ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com