Saturday, June 6, 2015

“ လဲကျသော်လည်း ပြန်ထပါ…”





တရားဟော ဓမ္မဆရာငယ်တစ်ဦး ဟာ
အကျဉ်းထောင်ထဲရှိ အကျဉ်းသားများအား တရားဟောရန်ပြင်ဆင်ပါတယ်။
ဟောသောတရားဟာ အကျဉ်းသားများရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်အောင်
ထိထိရောက်ရောက် ဘာပြောရမလဲ ဆိုတာ စဉ်းစားပါတယ်။
အကျဉ်းစခန်းထဲကို ဝင်လိုက်တာနဲ့တစ်ပြိုင်နက်
အကျဉ်းကျနေသူများအားလုံးရဲ့ ဝိုင်းကြည့်တဲ့ဒဏ်ကို ခံရပါတယ်။
တရားဟောရမယ့် စင်ကို သွားစဉ် သူဟာ စိတ်ထဲမှ အသံတိတ် ဆုတောင်းသွားပါတယ်။
ဒုတိယ လှေခါးဆင့်သို့ တက်ရာတွင် လှေခါးထစ်နဲ့ တိုက်မိပြီး
ကြမ်းပြင်ပေါ်သို့ မှောက်ရက်သားကျသွားပါတော့တယ်။
ပရိသတ်က ဝါးကနဲ ရယ်မောကြပါတယ်။
တရားဟော ဓမ္မဆရာလေးဟာ
နာလည်းနာ၊ ရှက်လည်းရှက် တဲ့အတွက် ခဏကြာတဲ့အထိ
ဘာမှ မပြောနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ချက်ချင်းပင် စိတ်ကူးတစ်ခု ပေါ်လာပါတယ်။
သူဟာ ထခုန်ပြီး လှေခါးထစ် ()ထစ်ကို
တစ်လှမ်းတည်းဖြင့် တက်လိုက်ပြီး သူ့ကို ဝိုင်းရယ်ကြသူများဘက်လှည့်ပြီး
တဟားဟားရယ်လိုက်ပါတယ်။
ပြီးတော့ ပရိသတ်အား

ဒီမှာ ရှိနေတဲ့ လူတွေ အားလုံးခင်ဗျာ-
အခုလာရင်းကိစ္စက အခုဖြစ်ခဲ့တာနဲ့ တစ်ထပ်တည်း ပါပဲ။
လူတစ်ယောက်ဟာ မှောက်ရက်လဲကျပေမယ့် ပြန်ထရင် ရတယ်ဆိုတာ
ကျနော်ပြောပြချင်လို့ ဒီကို လာခဲ့တာပါ

လို့ ပြောလိုက်ပါတယ်။

“ နာမည်ဆိုတာ အရေးပါ…”(NEW)


နာမည်ဆိုတာ အရေးပါ…”
ဆရာအတတ်သင်ကောလိပ်တွင် တက်ရောက်နေတဲ့ ဆရာလောင်း ကျောင်းသား
တစ်ဦးသည် တန်းပြလက်တွေ့ဆင်းရန် ကျေးလက်ကျောင်းတစ်ကျောင်းကို
ရောက်သွားပါတယ်။
အဲဒီကျောင်းမှာ သီတင်း နှစ်ပတ်ခန့်ကြာတဲ့အခါ အတန်းထဲရှိ ကျောင်းသူကျောင်း
သားတွေရဲ့ အမည်များကို မှတ်မိပြီး ကျောင်းသားများကို အမည်တပ်ပြီးခေါ်နိုင်လာပါတယ်။
နှစ်လကြာတဲ့အခါ လက်တွေ့တန်းပြ ပြီးဆုံးပြီး ကောလိပ်ကို ပြန်ရပါတယ်။
နောက်ထပ် ( )နှစ်ကြာတဲ့အခါ အဲဒီကျောင်းကို ပြန်ရောက်လာပြန်ပါတယ်။
ဆရာရောက်လာလျှင် ကျောင်းသူကျောင်းသားများဟာ ဆရာဆီမှာ
ဝိုင်းအုံရောက်လာကြပါတယ်။
ဆရာက သူတို့ရဲ့နာမည်တွေကို မှတ်မိသေးလားဆိုတာ သိချင်ကြပါတယ်။
ဆရာက တစ်ဦးချင်းကို အမည်တပ်ခေါ်လိုက်တဲ့အခါ ကျောင်းသားကျောင်းသူများ
အလွန် သဘောကျပါတယ်။
ဆရာက သူတို့ကို မမေ့ဘူးဆိုပြီး အလွန်ပျော်ကြပါတယ်။
ဒါပေမယ့် ဆရာဟာ ကျောင်းသားတစ်ဦးရဲ့အမည်ကို ဖော်မရအောင်မေ့နေခဲ့ပါတယ်။
အဲဒီကျောင်းသားဟာ ရှက်ပြီး ငိုကြွေးပါတော့တယ်။
ဒီဖြစ်ရပ်က နာမည်ဆိုတာ လူတစ်ယောက်ချင်းအတွက်
အလွန်အရေးကြီးကြောင်းပြသပါတယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com