Saturday, June 6, 2015

“ နာမည်ဆိုတာ အရေးပါ…”(NEW)


နာမည်ဆိုတာ အရေးပါ…”
ဆရာအတတ်သင်ကောလိပ်တွင် တက်ရောက်နေတဲ့ ဆရာလောင်း ကျောင်းသား
တစ်ဦးသည် တန်းပြလက်တွေ့ဆင်းရန် ကျေးလက်ကျောင်းတစ်ကျောင်းကို
ရောက်သွားပါတယ်။
အဲဒီကျောင်းမှာ သီတင်း နှစ်ပတ်ခန့်ကြာတဲ့အခါ အတန်းထဲရှိ ကျောင်းသူကျောင်း
သားတွေရဲ့ အမည်များကို မှတ်မိပြီး ကျောင်းသားများကို အမည်တပ်ပြီးခေါ်နိုင်လာပါတယ်။
နှစ်လကြာတဲ့အခါ လက်တွေ့တန်းပြ ပြီးဆုံးပြီး ကောလိပ်ကို ပြန်ရပါတယ်။
နောက်ထပ် ( )နှစ်ကြာတဲ့အခါ အဲဒီကျောင်းကို ပြန်ရောက်လာပြန်ပါတယ်။
ဆရာရောက်လာလျှင် ကျောင်းသူကျောင်းသားများဟာ ဆရာဆီမှာ
ဝိုင်းအုံရောက်လာကြပါတယ်။
ဆရာက သူတို့ရဲ့နာမည်တွေကို မှတ်မိသေးလားဆိုတာ သိချင်ကြပါတယ်။
ဆရာက တစ်ဦးချင်းကို အမည်တပ်ခေါ်လိုက်တဲ့အခါ ကျောင်းသားကျောင်းသူများ
အလွန် သဘောကျပါတယ်။
ဆရာက သူတို့ကို မမေ့ဘူးဆိုပြီး အလွန်ပျော်ကြပါတယ်။
ဒါပေမယ့် ဆရာဟာ ကျောင်းသားတစ်ဦးရဲ့အမည်ကို ဖော်မရအောင်မေ့နေခဲ့ပါတယ်။
အဲဒီကျောင်းသားဟာ ရှက်ပြီး ငိုကြွေးပါတော့တယ်။
ဒီဖြစ်ရပ်က နာမည်ဆိုတာ လူတစ်ယောက်ချင်းအတွက်
အလွန်အရေးကြီးကြောင်းပြသပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com