Saturday, November 12, 2011

" စိတ်ဓာတ်မကျချင်ရင်..."


စိတ်ဓာတ်မကျချင်ရင်

အရည်အချင်းကို အမြဲတမ်း မြှင့်တင်ပေးပါ။


++++++++++++++++++

အတိတ်က ဘာဘဲဖြစ်ခဲ့၊ဖြစ်ခဲ့

ရှေ့လျှောက်ပိုကောင်းလာဖို့ဟာ

ငါ့တာဝန်ပဲဆိုတာကို လက်ခံတယ်။

ကိုယ့်ဘဝမှာ ဖြစ်သမျှ အကောင်း၊အဆိုး

အားလုံး ကိုယ့်မှာတာဝန်ရှိတယ်

ဆိုတဲ့သဘောထားမျိုးကိုလည်း ထားရမယ်။

++++++++++++++++++

နှောင်းကြိုးမပါပဲ ဘာမှ ပြန်မမျှော်လင့်တဲ့စေတနာနဲ့

အများအကျိုးကိုဆောက်ရွက်နိုင်ရင်

အဲဒီလွတ်လပ်တဲ့မေတ္တာဟာ

အင်မတန်ကောင်းတဲ့ဆေးဖြစ်ပါတယ်။

++++++++++++++++++

ဘဝနဲ့ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို

အဆိုးနဲ့တွေ့ကြုံရပြီ၊

အဲဒီအဆိုးကို ခံနိုင်ရည်ရှိပြီးတော့

အဆိုးထဲက အသိဉာဏ်ရပြီး

လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

++++++++++++++++++

ပစ္စုပ္ပန်မှာ လုပ်သင့်တာလေးတွေကို

လုပ်ပြီးတော့ သိနေတဲ့အကျင့်ကို လုပ်ပါ။

++++++++++++++++++


အတိတ်ကို တွေးတဲ့အခါ သင်ခန်းစာယူတဲ့အနေနဲ့တွေး။

သင်ခန်းစာကိုကျေအောင် ပြန်နွှေးတဲ့အနေနဲ့တွေး။

ဒီအတွေအကြုံထဲက ငါ ဘာပညာရမလဲဆိုတာမျိုးကိုတွေး။

အနာဂတ်ကိုတွေးတဲ့အခါမှာလည်း

အနာဂတ်မှာ အဆင်ပြေအောင်

အခုဘာတွေကြိုလုပ်ထားသင့်သလဲဆိုတာတွေး။

ကြိုလုပ်ထားတဲ့အကျင့်ကို လုပ်ပါ။

++++++++++++++++++

အသိဉာဏ်ကို ဦးတည်ချက်ထားလိုက်ရင်

နေ့စဉ်တွေ့ရသမျှ

လုပ်သမျှ၊

ကိစ္စတွေထဲက အသိဉာဏ်တွေ ရနေမယ်။

အသိဉာဏ် ရနေရင် ဘဝကို ကျေနပ်မယ်။

တရားမှန်မှန် အားထုတ်တဲ့အလေ့အကျင့်များလာရင်

တရားအားထုတ်တိုင်း စိတ်အေးချမ်းမှု ရတယ်။

စိတ်အေးချမ်းနေရင် ဘဝကို တစ်မျိုးကျေနပ်တယ်။

++++++++++++++++++

အနတ္တဉာဏ် ရင့်ကျက်တဲ့သူဟာ

စိတ်မညစ်ဘူး။

အတ္တစွဲ ကြီးရင် စိတ်ညစ်တယ်။

++++++++++++++++++

ဆရာတော်ဦးဇောတိက



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com