Saturday, October 2, 2010

“ သုံးမှ တန်ဖိုးရှိတာပါ...”




တစ်ခါတုန်းက ဆပ်ပြာချက်သမားဖြစ်သူ ကိုလှဝင်း ဟာ ဘုန်းကြီးကျောင်းကို ကိုလာပြီး ဘုန်းတော်ကြီးကိုလျှောက်ထားပါတယ်။
“တပည့်တော် ဘာသာအယူအဆနဲ့နေလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ဘာသာတရားရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းမှု၊
တရားမျှတမှု၊ နှင့်
မေတ္တာ၊ဂရုဏာတရားများ
က လောကလူသားတွေအပေါ် စိုးမိုးအောင် လုပ်ပေးဖို့၊
လို့ ဆရာတော်ဘုရားများက ခဏခဏဟောပါတယ်။
ဒါပေမယ့် ဘာသာတရားက ပြောခဲ့တာတွေ တပည့်တော်မှာ ဘာတစ်ခုမှာ ဖြစ်မလာခဲ့ပါဘူး ”
လို့ ဘာသာတရားကို ဆန့်ကျင်ပြောဆိုပါတယ်။
ဆရာတော်က ဘာမှတော့ ပြန်မပြောပါ။
ဆရာတော်နဲ့အတူ လမ်းလျှောက်နိုင်မလားလို့ ဆရာတော်က မိန့်ပါတယ်။
ကိုလှဝင်းကလည်း ဆရာတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။
လမ်းလျှောက်နေကြစဉ် လမ်းပေါ်တွင် ကလေးတစ်စုကစားနေကြပါတယ်။
ဆရာတော်က “ညစ်ပတ်ပေကျံနေတဲ့ ကလေးတွေကို ကြည့်လိုက်ပြီး ဆပ်ပြာကတော့ ဘာမှ မထိရောက်ဘူးလို့ပြောရင် မှန်မလား ”လို့ မေးလိုက်ပါတယ်။
ဒီတော့ ဆပ်ပြာသည်က
“ဒီလိုပြောရင်တော့ မမှန်ပါဘူး။
ဘာကြောင့်ဆိုတော့ ဆပ်ပြာဆိုတာ မသုံးရင် ဘာမှ မထိရောက်ပါဘူး။
ထိရောက်မှုရှိချင်ရင် ဆပ်ပြာကို သုံးရပါတယ် အရှင်ဘုရား ”
လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
ဒီတော့ ဆရာတော်ဘုရားက

“အင်း အဲဒီအတိုင်းပါပဲ။
ဘာသာတရားရဲ့အဆုံးအမဆိုတာလည်း အတူတူပါပဲ။
ဘာသာတရားရဲ့ အဆုံးအမတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးမှသာ
ဘာသာတရားရဲ့ အနှစ်သာရ တန်ဖိုးဆိုတာဖြစ်လာတာပါ။
အသုံးမပြုသရွေ့ ဘာတန်ဖိုးမှ မဖြစ်ပေါ်နိုင်ပါဘူး။”
လို့ ရှင်းပြလိုက်ပါတယ်။

“ ကျောက်တုံးကြီးထဲက လင်ကွန်း..”




ပန်း
ပုဆရာကြီး ဂုဇွန်ဗော့ဂလန်ရဲ့ လက်ရာများအနက် ထင်ရှားတဲ့လက်ရာတစ်ခုမှာ
သမ္မတလင်ကွန်းရဲ့ ဦးခေါင်းပုံ ရုပ်ထုတစ်ခုဖြစ်ပါတယ်။
အဲဒီရုပ်ထုဟာ အခုအခါမှာတော့ ဝါရှင်တန်မှာရှိပါတယ်။
သူရဲ့ ပန်းပုထုတဲ့ အခန်းထဲမှာ ထုလုပ်ခဲ့ပါတယ်။
အလွန်ကြီးမားတဲ့ လေးထောင့်အရွယ် ကျောက်တုံးကြီးမှ ထုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီ ရုပ်ထုကို ထုလုပ်နေစဉ် လင်ကွန်းရဲ့မျက်နှာမှာ သိသာထင်ရှားစပြုလာတဲ့အချိန်မှာတော့ ကလေးမလေးတစ်ဦးက သူရဲ့မိဘများနဲ့အတူ ပန်းပုထုတဲ့ နေရာကို လာကြည့်ကြပါတယ်။
တစ်ဝက်တစ်ပျက်ပုံဖော်ထားပြီးဖြစ်တဲ့ လင်ကွန်းရဲ့ မျက်နှာပုံကို သေသေချာချာကြည့်ပြီး
သူမရဲ့မျက်နှာတွင် အံ့အားသင့်မှုအပြည့် ဖြစ်နေပါတော့တယ်။
သူမက ရုပ်ထုကို သေသေချာချာ စိုက်ကြည့်ပြီး ပန်းပုဆရာကြီးဆီကို ပြေးသွားပါတယ်။
“ ဒါ သမ္မတကြီး လင်ကွန်းလား ”လို့ မေးပါတယ်။
“ဟုတ်ပါတယ်သမီးရယ် ”လို့ ပန်းပုဆရာကြီးက ပြန်ဖြေပါတယ်။

“ ဘဘကြီးက သမ္မတကြီး လင်ကွန်း
ဒီကျောက်တုံးကြီးထဲမှာ ရှိမှန်း ဘယ်လိုလုပ်သိတာလဲဟင်”

လို့
ကလေးမလေးက တအံ့တသြ ပြန်မေးလိုက်ပါတော့တယ်။ ။

“ အတင်းအဖျင်းစကားဆိုတာ….”



တစ်ခါတုန်းက ပညာရှိ ဆိုကရေးတီးဆီကို လူတစ်ယောက်အပြေးရောက်လာပြီး

ဆရာကြီး ဆိုကရေးတီး၊ ခင်ဗျာမိတ်ဆွေအကြောင်းနဲ့ပတ်သက်ပြီး သတင်းကြားပြီးပြီလား

လို့တီးတိုးလာပြောပါတယ်။

ခဏနေပါဦး၊ ခင်ဗျာပြောမယ့် စကားကို ဆန်ခါသုံးထပ်ချပြီးပြီလား

လို့ ဆိုကရေးတီးကမြန်မြန်မေးလိုက်ပါတယ်။

ဘာဆန်ခါသုံးထပ်လဲ..ခင်ဗျာ

လို့ တီးတိုးလာပြောသူကပြန်မေးပါတယ်။

ဟုတ်ပါတယ်မိတ်ဆွေ၊ ဆန်ခါသုံးထပ်ပါ။

ခင်ဗျားက ကျနော့်ကို ပြောပြချင်တဲ့စကားဟာ

အဲဒီဆန်ခါသုံးထပ်ကို ဖြတ်ကျော်ပြီးပြီလားဆိုတာ ကြည့်ရအောင်

လို့ ဆိုကရေးတီးက ဆက်ရှင်းပြပါတယ်။

ပထမ…..ဆန်ခါကတော့ အမှန်ဟုတ်၊မဟုတ်စစ်တဲ့ ဆန်ခါဖြစ်ပါတယ်။

ခင်ဗျားပြောမယ့်စကားဟာ အမှန်ဟုတ်၊ မဟုတ်၊ သေသေချာချာသိရဲ့လားလို့စစ်ကြည့်ဖို့လိုပါတယ်။

ဟုတ်ကဲ့၊ ကျနော်ကြားခဲ့တာက တစ်ဆင့်ခံကြားတာပါလို့

တီးတိုးလာပြောသူက ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေပါတယ်။

ဟုတ်ပြီ။ ခင်ဗျားပြောမယ့်စကားဟာ ဒုတိယဆန်ခါနဲ့စစ်ရင် ,မရဆက်ကြည့်ရအောင်၊

ခင်ဗျားပြောမယ့်စကားဟာ အကြင်နာ၊ မေတ္တာနဲ့ယှဉ်ပြီးပြောမယ့်စကားဟုတ်ရဲ့လား

လို့ ဆိုကရေးတီးက

ဒုတိယစကားအကြောင်း ပြောပြပါတယ်။

အဲဒါတော့ မဟုတ်ပါဘူး။

တကယ်အမှန်ပြောရရင်တော့ အကြင်နာ၊ မေတ္တာနဲ့ဆန့်ကျင်နေပါသေးတယ်

လို့ တီးတိုးလာပြောသူက ဝန်ခံပါတယ်။

အကြင်နာ၊မေတ္တာနဲ့မယှဉ်တဲ့စကားဆိုရင်ပြောဖို့လိုသေးလား

လို့ ဆိုကရေးတီးက ဆက်မေးပါတယ်။

မလိုတော့ပါဘူးခင်ဗျားလို့ တီးတိုးလာပြောသူက ဝန်ခံပါတော့တယ်။

အဲဒီအခါ ပညာရှိ ဆိုကရေးတီးကခင်ဗျား၊ ကျနော်ကို လာပြောမယ့်စကားဟာ

မှန်ကန်ခြင်းလည်းမရှိဘူး။

အကြင်နာ၊မေတ္တာကိုလည်း ရှေ့ထားပြောတဲ့စကားလည်းမဟုတ်ဘူး၊

ပြောဖို့လိုအပ်ခြင်းလည်း မရှိဘူးဆိုရင် မပြောပါနဲ့တော့ဗျာ

လို့ ပညာရှိ ဆိုကရေးတီးက တီးတိုးလာပြောသူအား ပိတ်ပင်လိုက်ပါတော့တယ်။


ကျနော်တို့လည်း ဒီဆန်ခါသုံးထပ်နဲ့စစ်ပြီးမှ ပြောမယ်ဆိုရင်

ပြောဆိုရမယ့် အတင်းအဖျင်းစကားဆိုတာ နည်းသထက်နည်းသွားဖို့သာရှိပါတယ်၊

နောက်ဆုံး အတင်းအဖျင်းပြောစရာကိုမရှိအောင်ဖြစ်လာပါမယ်။

ဒါဆိုရင် အကျိုးရှိတဲ့အလုပ်လုပ်ဖို့ အချိန်များများထွက်လာပါလိမ့်မယ်။

အကျိုးရှိတဲ့အလုပ်ကို များများလုပ်သူသာ အဖိုးတန်သူဖြစ်နိုင်ကြောင်းပါခင်ဗျား

လို့ပြောချင်ပါတယ်။

“ လုပ်လို့မဖြစ်တဲ့နည်းလမ်းပေါင်း ငါးသောင်းကျော်....”




အကြိမ်ပေါင်းများစွာ လက်တွေ့စမ်းသပ်ရာမှာ မအောင်မြင်ခဲ့တဲ့ဖြစ်ရပ်များ
ကြုံရတဲ့အခါ သူသူငါငါ စိတ်ပျက်တတ်တာဓမ္မတာပါပဲ။
အဲဒီလိုအဖြစ်အပျက်မျိုးကို ကြုံတွေ့နေရတဲ့အတွက်
စိတ်ပျက်နေတဲ့ လက်ထောက်အကူတစ်ဦးကို
သောမတ်အယ်ဒီဆင်က သူ့ဘ၀အတွေ့အကြုံကို ရှင်းပြပါတယ်။
ဘက်ထရီအားထိန်းနိုင်တဲ့အိုးတစ်ခု အောင်မြင်ဖို့အတွက်
လက်တွေ့စမ်းသပ်မှုပေါင်း ၅၀၀၀၀(ငါးသောင်း)ကျော်ပြုလုပ်ခဲ့ရကြောင်းပြောပြပါတယ်။
လူတွေက ရလဒ်ကိုပဲ သိပ်သိချင်တာလေ။
အယ်ဒီဆင်က
“ငါတော့ ရလဒ်တွေ အများကြီးရပါတယ်။
လက်တွေ့ လုပ်ကိုင်လို့မဖြစ်တဲ့
နည်းလမ်းပေါင်း ၅၀၀၀၀(ငါးသောင်း)ကျော်ရှိတယ်ဆိုတာ
ငါသိလာတဲ့အမြတ်ပေါ့ကွယ်...” လို့ပြောလိုက်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com