Saturday, March 26, 2011

" အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ..."


တရားအားထုတ်စဉ်
အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါ...။

စိုက်မရူနဲ့၊
ထိန်းမရူနဲ့၊
လုပ်မရူနဲ့၊
ချုပ်မရူနဲ့။


ဖြစ်အောင်လည်း မလုပ်နဲ့၊
ပျက်အောင်လည်း မလုပ်နဲ့။
ဖြစ်တိုင်းပျက်တိုင်းလည်း မမေ့နဲ့၊
သိနေရမယ်။


ဖြစ်အောင်လုပ်ရင် လောဘ၊
ပျက်အောင်လုပ်ရင် ဒေါသ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။


ရှုမှတ်စိတ်မှာ
လောဘ၊ ဒေါသ ၊ သောကမပါမှ
ရှုမှတ်စိတ်ဖြစ်မယ်။


ဘယ်လို သဘောထားနဲ့
အားထုတ်နေလည်းလို့
မပြတ်စစ်ဆေးကြည့်ရမယ်။


ကောင်းတာလည်း ရှုရမှာပဲ။
ဆိုးတာလည်း ရှုရမှာပဲ။


ကောင်းတာမှ လိုချင်တယ်။
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင်
တရားပါ့မလား...?


မျှော်လင့်ချက်မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်
တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး။


ကျနော်ဟာ
တရားစခမ်းအတော်များများကိုဝင်ခဲ့ဘူးပါတယ်။

အတွေ့အကြုံလည်း များစွာရခဲ့ပါတယ်။
သဘောထားမှန်ရင် နည်းလမ်းမှန်လာပါတယ်။
နည်းလမ်းမှန်တော့ အလုပ်မှန်လာပါတယ်။
အလုပ်မှန်လာတော့ စိတ်ထားမှန်လာပါတယ်။
စိတ်ထားမှန်တော့ သတိ၊ဥာဏ်တွေတိုးတက်လာပါတယ်။
အရာရာဟာ ကျေနပ်စရာကောင်းလှပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com