Wednesday, October 5, 2011

"တကယ်သတ္တိရှိမှ ချစ်နိုင်တယ်..."


အရှုံးအမြတ်မတွက်ပဲ

ချစ်နိုင်ဖို့ သတ္တိလိုတယ်။

အနိုင်အရှုံး မရှိပဲချစ်နိုင်ဖို့

သတ္တိလိုတယ်။

ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိလိုတယ်။

တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။

++++++++++++++++++++++++++++++++++++

သတ္တိဆိုတာ အတွင်းစိတ်ဓာတ်ရဲ့အရည်အသွေး

တစ်မျိုးဖြစ်တယ်။

++++++++++++++++++++++++++++++++++++

ငါ့ကိုပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုးမထားပဲ

ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့

သတ္တိလိုတယ်။

++++++++++++++++++++++++++++++++++++

သူ့ဆီက ဘာမှပြန်မမျှော်လင့်ပဲနဲ့

ကိုယ်ပေးနိုင်တာကို

မေတ္တာနဲ့ပေးနိုင်ဖို့

သတ္တိလိုပါတယ်။

++++++++++++++++++++++++++++++++++++

အခုခေတ်မှာ အကြောင်းအကျိုးကို

ခိုင်ခိုင်မာမာ၊

ရင့်ရင့်ကျက်ကျက်နဲ့စဉ်းစားနိုင်တဲ့အရည်အချင်းရှိဖို့က

ပိုပြီးတော့ လိုအပ်တယ်။

++++++++++++++++++++++++++++++++++++

စိတ်ထားနဲ့ အသိဉာဏ်

ရင်ကျက်မှုဘက်ကိုသွားနေသ၍

ဘယ်သူဖြစ်ဖြစ် အဲဒီလူအတွက်

သတ္တိဆိုတာ အင်မတန် အခြေခံကျတဲ့

အရည်အချင်းတစ်ခုဖြစ်တယ်။

ဂုဏ်တစ်ခုဖြစ်တယ်။

ရှေ့ကိုတိုးပြီးသွားနေအုံးမယ်ဆိုရင်

သတ္တိလိုတာချည်းပဲ။

++++++++++++++++++++++++++++++++++++

အားငယ်တတ်တဲ့လူဟာသတ္တိ ရှိတဲ့လူ မဖြစ်နိုင်ဘူး။

အားငယ်တတ်တဲ့လူဟာ

ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေး၊

Creative ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို မရနိုင်ဘူး။

ဒါကြောင့် တစ်ချက်ချင်း၊

တစ်ချက်ချင်းမှာ

သတ္တိရှိဖို့လိုတယ်ဆိုတာကိုစဉ်းစားရမယ်။

++++++++++++++++++++++++++++++++++++

သူ့ကိုချစ်တယ်ဆိုတာ

ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။

ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာပဲ။

++++++++++++++++++++++++++++++++++++

ဖန်တီးမှုအစစ်အမှန် မှန်သမျှဟာ

လွတ်လပ်တဲ့လူရဲ့လုပ်ရပ် ဖြစ်တယ်။

တစ်ခုခုကို ဖန်တီးဖို့ တည်ထွင်ဖို့

သတ္တိလိုတယ်။

++++++++++++++++++++++++++++++++++++

စိုးရိမ်စိတ်ကိုကျော်လွှားပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို

ဆက်လုပ်နိုင်ဖို့ဆိုတာ

သတ္တိလိုတယ်။

++++++++++++++++++++++++++++++++++++

စာရေးတယ်ဆိုတာလည်း သတ္တိ အများကြီးလိုတယ်။

ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ရိုးသားတဲ့စိတ်နဲ့၊

ကိုယ့်အသိဉာဏ်နဲ့

ကိုယ်မြင်ထားတာ၊သိထားတာကို

ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ သတ္တိလိုတယ်။

စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း

ပြောနိုင်ဖို့၊ရေးနိုင်ဖို့ကိုပဲ သတ္တိလိုတယ်။

++++++++++++++++++++++++++++++++++++

သူများမလုပ်သေးတဲ့အလုပ်တစ်ခုကို

ကိုယ်ကစပြီးလုပ်ဖို့ဆိုတာ သတ္တိ

အများကြီးလိုပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့သူ၊

ကိုယ့်လမ်းကို ကိုယ်ရှာပြီးသွားနေတဲ့လူ

ဖြစ်ဖို့သတ္တိအများကြီးလိုပါတယ်။

++++++++++++++++++++++++++++++++++++

အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး

ဆောက်သွားတဲ့အခါ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ

အဲဒီဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ

လူတစ်ယောက်ဖြစ်လာတယ်။

++++++++++++++++++++++++++++++++++++

ဟောဒါက

ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊

ငါ့ရဲ့ ပင်ကိုယ်သဘောထား၊

ငါ တကယ်လုပ်ချင်တဲ့အလုပ်၊

ငါ တကယ်လုပ်မယ်၊

ဒါကိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိ

ငါ့မှာရှိတယ်။

++++++++++++++++++++++++++++++++++++

အကောင်းဆုံးကိုရွေးချယ်ပြီးတော့လုပ်မယ်။

အကယ်၍ ငါလုပ်တာဟာလွဲသွားတယ်၊

မှားသွားတယ်ဆိုရင်လည်းပဲ

အဲဒါကိုပါ သတ္တိရှိရှိ လက်ခံပြီးတော့

ဘယ်လိုပြုပြင်ရင်အကောင်းဆုံးဖြစ်မလဲ

ဆိုတဲ့နည်းလမ်းကို ရှာပြီးတော့

သတ္တိရှိရှိပြုပြင်သွားမယ်။

++++++++++++++++++++++++++++++++++++

လူ့လောကကြီးတစ်ခုလုံးကို ကောင်းအောင်

တစ်နည်းနည်းနဲ့ အထောက်အကူပေးချင်တယ်ဆိုရင်

လူတွေမှာ ရှိတဲ့ကောင်းတဲ့စိတ်ထားတွေ၊ ကောင်းတဲ့ပင်ကို

အရည်အချင်းတွေကို သူတို့ဟာသူတို့သိဖို့၊

သူတို့ဟာသူတို့ဖော်ထုတ်ဖို့၊ အသုံးချဖို့၊

တတ်နိုင်တဲ့နည်းနဲ့လမ်းဖွင့်ပေးရမယ်။

ပြုစုပေးရမယ်။

သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူ၊

သူ့အရည်အချင်းကိုသူပြည့်ပြည့်ဝဝထုတ်သုံးနိုင်တဲ့သူတွေ

ဖြစ်လာအောင် ပြုစုပေးရမယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ဉာဏ်ရှိသလောက်ချင့်ချင့်ချိန်ချိန်စဉ်းစားပြီး

တတ်နိုင်သလောက် အကောင်းဆုံးကို ရွေးချယ်ဆုံးဖြတ်ပြီးတော့

လုပ်သွားနိုင်မှသာ ကိုယ့်ရဲ့အရည်အချင်းနဲ့ကိုယ်ရဲ့သတ္တိ

ကဖွံ့ဖြိုးလာမှာပဲ။

++++++++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)

“ ငွေနဲ့စိတ်ချမ်းသာမှုကိုဝယ်နိုင်လား…”










တစ်ခါတုန်းက
အမြဲစိတ်ကောင်းရှိတဲ့ ဖိနပ်ချုပ်သမားတစ်ဦးရှိပါတယ်။
သူဟာ အလွန်ပျော်ရွှင်တဲ့အတွက် မနက်မိုးလင်းတဲ့အချိန်ကနေ
ညဥ့်နက်တဲ့အထိ သီချင်းတအေးအေးနဲ့ နေတတ်ပါတယ်။
သူ့ရဲ့အိမ်ပြူတင်ပေါက်အဝမှာ ကလေးတွေ အမြဲရပ်နေပြီး သူ့သီချင်းသံကို
နားထောင်နေတတ်ကြပါတယ်။
သူ့အိမ်နဲ့ ကပ်နေတဲ့အိမ်မှာတော့ လူချမ်းသာတစ်ဦးနေပါတယ်။
သူဟာ သူ့ရဲ့ငွေတွေကို တစ်ညလုံးရေတွက်ပြီး
နံနက်မိုးလင်းမှ အိပ်ရာဝင်လေ့ရှိပါတယ်။
သူဟာ ငွေချမ်းသာပေမယ့်လည်း စိတ်မချမ်းသာပါ။
ဖိနပ်ချုပ်သမားရဲ့
သီချင်းသံကြောင့် သူမအိပ်နိုင်ပါ။
တစ်နေ့မှာတော့ ဖိနပ်ချုပ်သမား သီချင်းမဆိုနိုင်အောင်
ဘယ်လိုလုပ်ရမလဲလို့ အကြံထုတ်ပါတယ်။
စိတ်ချမ်းသာနေတဲ့ဖိနပ်ချုပ်သမားကိုလည်း မနာလိုမရှုစိမ့်နိုင်ပါ။
တစ်နေ့တော့
ဖိနပ်ချုပ်သမားကို သူက လာလည်ဖို့ဖိတ်လိုက်ပါတယ်။
ဖိနပ်ချုပ်သမားက လာလည်ပါတယ်။
လူချမ်းသာကရွှေပြားတွေ အပြည့်ထည့်ထားတဲ့ အိတ်ငယ်တစ်လုံးကို
ပေးတဲ့အတွက် သူ အလွန်အံ့သြသွားပါတယ်။
အိမ်ပြန်ရောက်တဲ့အခါမှာတော့ ဖိနပ်ချုပ်သမားဟာ အိတ်ကို ဖွင့်ကြည့်ပါတယ်။
အဲဒီလောက်များပြားတဲ့ ငွေတွေကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဘူးပါ။
သူဟာ အားလုံးကို ရေတွက်ကြည့်ပါတယ်။
ကလေးများက ဝိုင်းကြည့်နေကြပါတယ်။
များလွန်းတဲ့အတွက် အဲဒီငွေတွေကို မျက်စိအောက်က အပျောက်မခံရဲပါ။
အဲဒါကြောင့် အိပ်တဲ့အခါ သူနဲ့အတူ ငွေအိတ်ကို ယူထားပါတယ်။
အဲဒီလို ယူထားတာတောင်မှ အဲဒီငွေအကြောင်း စဉ်းစားပြီး အိပ်မပျော်နိုင်တော့ပါ။
အဲဒါကြောင့် အိပ်ရာမှထပြီး ငွေအိတ်ကိုယူကာ ဘုရားစင်တွင် တင်ထားပါတယ်။
အဲဒီနောက် အဲဒီနေရာလည်း မလုံခြုံဘူးလို့ အတွေး ဝင်လာပြန်ပါတယ်။
အဲဒါကြောင့် နောက်တစ်နေ့နံနက်မှာ ငွေထုပ်ကို အောက်ထပ်ကို ယူလာပြန်ပါတယ်။
အဲဒီနောက် မီးလှုံတဲ့နေရာတွင် ဝှက်ထားဖို စဉ်းစားပါတယ်။
ဒါပေမယ့် ငါ့ငွေထုပ်ကို ကြက်ခြံမှာ ထည့်ထားမယ်၊
ဘယ်သူမှ အဲဒီမှာ ရှာမှာမဟုတ်ဘူး
လို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် ငွေအတွက် စိတ်ပူပန်နေပါတယ်။
အဲဒါကြောင့် ဥယျာဉ်ထဲမှာ တွင်းနက်နက် တစ်ခုတူးပြီး အဲဒီတွင်းထဲမှာ
ငွေထုပ်ကို ဝှက်ထားပါတယ်။
အဲဒီငွေထုပ်ဖြင့် အလုပ်ရှုပ်နေတဲ့အတွက် ဖိနပ်မချုပ်နိုင်ပါ။
သီချင်းလည်း မဆိုနိုင်ပါ။
သူဟာ စိတ်သောက ရောက်လွန်းသဖြင့် ဘာမှ မလုပ်နိုင်ပါ။
အဆိုးဆုံးမှာ ကလေးတွေက သူဆီလာမလည်တော့ခြင်းဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဖိနပ်ချုပ်သမားဟာ စိတ် မပျော်လွန်းတဲ့အတွက် ငွေကို တူးပြီး
ငွေထုပ်နဲ့အတူ အိမ်နီးချင်းဆီ အပြေးသွားပါတယ်။
ဒီငွေထုပ်ကို ပြန်ယူပါခင်ဗျာ၊
ငွေအတွက် ပူပန်ရလွန်းလို့ ကျနော်နေမကောင်းဖြစ်ရပါတယ်။
မိတ်ဆွေတွေကတောင် လာမလည်ကြတော့ပါဘူး၊
ကျနော် အရင်ကအတိုင်း ဖိနပ်ချုပ်သမားပဲ ဖြစ်ချင်ပါတယ်
လို့ ပြောလိုက်ပါတယ်။
မကြာခင်မှာပင်
ဖိနပ်ချုပ်သမားဟာ အရင်ကအတိုင်း ပျော်ရွှင်ပြီး သီချင်းတအေးအေးနဲ့
တစ်နေ့လုံး အလုပ်တွေကို လုပ်နေပါတော့တယ်။
ဒီတော့မှ နကိုအတိုင်းစိတ်ချမ်းသာစွာနေထိုင်သွားပါသတဲ့။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com