
မျက်နှာ မသာမယာဖြစ်နေတဲ့ 
ယောက်ျားဖြစ်သူ ကိုအုန်းဖေကို
မိန်းမဖြစ်သူ မအေးအေးအောင်က မေးတယ်။
“ ရှင် ဘာကိစ္စအတွက် 
သောကရောက်နေတာလဲ ”
“ မင်းကို ငါ အမှန်အတိုင်း ပြောမယ်၊
ငါတို့ရဲ့စီးပွားရေးအခြေအနေ 
တဖြည်းဖြည်း ကျဆင်းလာနေတယ်ကွ၊
အဲဒါကြောင့် တို့ ခြွေတာဖို့ လိုလာပြီ ”
“ ကောင်းပြီလေ၊ 
ကျမ ဘာလုပ်ရမလဲ၊
ချေးတာလျှော့ရမလား၊
အကြွေးဆပ်တာ လျှော့ရမလား ”
 
 
