
    
အမေရိကန် ပြည်တွင်းစစ်ကာလအတွင်းက 
သမ္မတကြီး လင်ကွန်းမှာ 
အတွင်းရေးမှူးလူငယ်တစ်ဦးရှိပါတယ်။
  အဲဒီအခါက 
အတွင်းရေးမှူးကဲ့သို့သော လူငယ်တို့ဟာ
 ရုံးသုံးစက်ပစ္စည်းများရှေ့တွင် 
  ပုံမှန်အားဖြင့်
ခဲတံ၊ ဖောင်တိန် ကိုင်ပြီး အလုပ်လုပ်ရပါတယ်။
  ဒါပေမယ့်
လင်ကွန်းရဲ့ အတွင်းရေးမှူး လူငယ်က 
အဲဒီလိုမျိုးအလုပ်မှာ မပျော်ပါ။
  သူဟာ စစ်မြေပြင်ကို ထွက်ပြီး တိုက်ပွဲဝင်ချင်ပါတယ်။
  စစ်မြေပြင်ကို သွားပြီး
ကိုယ်တိုင် တိုက်ပွဲဝင်ခြင်းဖြင့် 
သူ့တိုင်ပြည်အတွက် တာဝန်ကြီးများကို 
  ထမ်းဆောင်လိုပါတယ်။
  လိုအပ်ပါက အဲဒီလူငယ်ဟာ
အသက်ကို ပင် စွန့်လွှတ်ချင်နေပါတယ်။ 
  အဲဒါကြောင့် 
သူဟာလင်ကွန်းဆီမှာ မပြတ်ညည်းပြနေပါတယ်။
  
ယူနီဖောင်းဝတ်ပြီး 
ရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့အနေအထားရှိပါလျက် 
  သူမှာမိန်းမများသာ လုပ်တဲ့အလုပ်မျိုး
လုပ်နေရတယ်လို့ ညည်းပါတယ်။
  သူရဲ့ အမြဲ ညည်းတွားမှုကို
 ကြားရတဲ့  လင်ကွန်းက
တစ်နေ့မှာ
အဲဒီလူငယ်ကို ခေါ်ပြီး စကားပြောပါတယ်။
  လင်ကွန်းက.............. 
  “ ဟေ့…လူငယ်၊ 
ငါမြင်သလိုပြောရမယ်ဆိုရင် 
မင်းဟာမင်းနိုင်ငံအတွက် 
  တော်တော် အသေခံချင်နေပုံ ပေါက်တယ်။
ဒါပေမယ့် မင်းဟာ မင်းနိုင်ငံအတွက် အသက်ရှင်လျက်
  အလုပ်အကျွေးပြုလိုပုံတော့ မပေါက်ဘူး ”
လို့ပြောလိုက်ပါတယ်။
     
အာဇာနည် သူရဲကောင်းတွေဟာ 
  အသက်စွန့်လွှတ်၍ လည်းကောင်း၊
  ဒါမှမဟုတ်
  အသက်ရှင်လျက်လည်းကောင်း
  သူတို့ရဲ့ ဘဝကို ပေးအပ်နေသူများဖြစ်ပါတယ်။