Thursday, September 10, 2009

" တစ်နေ့တော့.....ကောင်းလာမှာပါ..."




" Sorrow "
By Abraham Lincoln

In this sad world of ours, sorrow comes to all,
and it often comes with bitter agony.
Perfect relief is not possible,
except with time.
You cannot now believe that you will ever feel better.
But this is not true.
You are sure to be happy again.
Knowing this,
truly believing it,
will make you less miserable now.
I have had enough experience to make this statement.


########################################




"တစ်နေ့တော့....ကောင်းလာမှာပါ....."

ဒီလောကကြီးကိုက ၀မ်းနည်းကြေကွဲစရာ လောကကြီးပါ၊
ဝမ်းနည်းကြေကွဲမှုဟာ လူတိုင်းဆီကို ရောက်လာစမြဲ။
ရောက်လာပြန်ရင်လည်း ဝေဒနာတွေက ခါးခါးသီးသီး၊ ပြင်းပြင်းထန်ထန်၊
လုံးလုံးလျှားလျှား ပျောက်ကင်းသွားမယ်ဆိုတာ မဖြစ်နိုင်လောက်အောင်ပါပဲ၊

အချိန်ရဲ့ကုစားမှု မရခဲ့ဘူး ဆိုရင်ပေါ့။
လောလောဆယ်မှာ ပြန်ကောင်းလာမယ်လို့တောင် မထင်တော့ဘူးလေ။

ဒါပေမယ့်..................
ဒီလိုထင်တာ မမှန်ပါဘူး။
သေချာပေါက်ကိုပျော်ရဦးမှာပါ။

အဲဒါကို သိနေရင်.....
အဲဒါကို ယုံကြည်နေရင်......
လတ်တလောအချိန်မှာ ခံစားရတဲ့ ၀မ်းနည်းကြေကွဲမှု-ဒုက္ခဟာ
အထိုက်အလျှောက် လျော့ပါးသွားပါ လိမ့်မယ်။

ဒီလိုသေချာပေါက် ပြောနိုင်တာက...
ကျနော်မှာ အတွေ့အကြုံတွေ...လုံလုံလောက်လောက် ရှိနေလို့ပါ။



**********************************************************



ငွေသံဆိုရင်...အားလုံးကြားကြပါတယ်.....



တစ်ခါတုန်းက...သူငယ်ချင်းနှစ်ယောက် ရှိတယ်။
တစ်ယောက်ကတောသား၊ တစ်ယောက်ကမြို့သား။
တက္ကသိုလ်မှာ ဆုံရင်း မိတ်ဆွေဖြစ်သွားကြပါတယ်။
ဘာသာရပ်တူ၊ အဆောင်တူ ကြတော့ သွားအတူ၊လာအတူနဲ့ပေါ့။
တစ်နေ့မှာတော့ ရုပ်ရှင်ကြည့်ဖို့မြို့ထဲကိုအတူတူသွားကြရင်း...
တောသားက " ပုရစ်သံ ကြားတယ် မင်းကြားလား? "လို့မေးလိုက်ပါတယ်။
မြို့သားက "မကြားမိဘူး၊ ကားသံ...လူသံတွေ ဒီလောက်ဆူညံနေတာ၊
ပုရစ်သံ မဖြစ်နိုင်ပါဘူး။"

တောသားက "သေသေချာချာနားထောင်ကြည့်လေ၊ဒီဘက်နားလောက်ကလာတဲ့အသံ။"
တောသားက ပြောပြောဆိုဆို အသံလာရာဘက်ကိုသွားပြီး လက်နဲ့အုပ်ဖမ်းလိုက်တယ်။
ပြီးတော့ မြို့သားကို ပုရစ်တစ်ကောင်ပြလိုက်တယ်။
မြို့သားက "မင်းကတောသားဆိုတော့ဒီအသံတွေနဲ့ယဉ်ပါးနေတော့ ကြားရတာပေါ့။"
တောသားက "ဒီလိုလည်းမဟုတ်ပါဘူး၊သတိထားပြီး နားထောင်ရင်ကြားနိုင်ပါတယ်၊
မင်းတို့မြို့သားတွေနားထောင်တာက ပိုက်ဆံအသံတွေဖြစ်နေလို့
သဘာဝအသံကို မကြားရတာပါ
ငါ လက်တွေ့ပြမယ်။"
ဆိုပြီး အိတ်ထဲက အကြွေစေ့တစ်စေ့ကို ထုတ်လိုက်တယ်။ ပြီးတော့...
လမ်းမပေါ်ကိုလှိမ့်ပစ်လိုက်တယ်။
အကြွေစေ့ဟာ လူအုပ်ကြားထဲကိုမြည်သံပေးပြီးလှိမ့်သွားသောအခါ...
လူတွေအားလုံးဟာ လှည့်ကြည့်ကြပါတယ်။
"တွေ့လား....ငွေသံဆိုရင် အားလုံးကြားကြပါတယ်။"

***************************************
လူတွေဟာ ငွေနောက်ကိုဘ၀ရဲ့အချိန်အတော်များများ ပေးပြီးလိုက်ကြတယ်။
စဉ်းစားကြည့်ရအောင်...ငွေဟာစိတ်ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်ပါသလား?
ငွေမရှိရင် အခက်အခဲများစွာဖြစ်နိုင်တယ်ဆိုတာကိုလက်ခံပါတယ်။
ငွေရှိရင် ပျော်ရွင်မှုများစွာကို ဖန်တီးနိုင်တယ်ဆိုတာကိုလည်း လက်ခံပါတယ်။
ဒါပေမယ့်...
ငွေဟာ စိတ်ငြိမ်းချမ်းမှုကို တကယ်မပေးနိုင်ပါဘူး။
ငွေဟာ ရုပ်ဝတ္တု၊ ငွေဟာ ပြင်ပအကြောင်းအရာတစ်ခု။
စိတ်ငြိမ်းချမ်းမှုကို ငွေနဲ့ဝယ်လို့မရပါဘူး။ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။
စိတ်ငြိမ်းချမ်းမှုဟာ တကယ်တော့စိတ်အတွင်းက လာရတာမျိုးပါ။
သတိနဲ့နေတတ်တဲ့ အလေ့အကျင့်ရှိရင်စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
စိတ်ကောင်းနှလုံးကောင်းရှိရင်လည်း စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
သဘာဝရဲ့အလှအပကို ချစ်တတ်ရင်လည်း စိတ်ငြိမ်းချမ်းမှုဖြစ်နိုင်ပါတယ်။
ဒါတွေဟာ လူတိုင်းလုပ်နိုင်ပါတယ်။ ငွေနဲ့ဝယ်စရာမလိုပါဘူး။
လူကြီးမင်း...ရော ဘယ်လိုသဘောရပါသလဲ...?
ဘ၀တိုတိုလေးမှာ ငွေသံကိုဘဲ နားထောင်မလား..?.
အစစ်အမှန် တန်ဖိုးကိုဘဲ တည်ဆောက်မလား...?။
ကြိုက်ရာရွေးချယ်နိုင်ပါတယ်။
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com