Tuesday, December 28, 2010

“ သိတာပြောရတာလေ…”


အသိ

ဆရာဝန်ဖြစ်တဲ့

ဒေါက်တာအောင်ကြည် ထံ

ကိုခင်မောင်ညွန့်ဖုန်းဆက်တယ်။


ဒေါက်တာ၊

ကျနော်နှာစေးချောင်းဆိုးဖြစ်နေတာ

တစ်ပတ်တောင်ရှိနေပြီ။

ဘာဆေးသောက်သောက်

မပျောက်နိုင်ဘူး ဖြစ်နေတယ်။

တစ်ခုခု အကြံပေးပါဦး


ဒီလိုလုပ်ပါ၊

ပြတင်းပေါက်ကို ဖွင့်လိုက်ပါ၊

အဝတ်အစားကို အကုန်ချွတ်ပြီး

ကြမ်းပေါ်မှာ လှဲအိပ်ပါ


အပြင်မှာ ဒီလောက်အေးနေတဲ့ဥစ္စာ၊

ကျနော် အဆုပ်အအေးမိသွားမှာပေါ့


ဖြစ်နိုင်ပါတယ်၊

ဒါပေမယ့် အဆုပ်အအေးမိရင်

ဘယ်လို ကုသရမယ်ဆိုတာ ကျနော်

ကောင်းကောင်း သိတယ်ဗျ

“ စိတ်မဆိုးနဲ့…”



တရားရုံးတစ်ခုမှာ ဖြစ်တယ်။


တရားသူကြီးဦးသိန်းဟန်က


တရားခံက

ခင်ဗျားကို နွားမလို့ခေါ်တယ်၊

ဟုတ်စ၊

ဒါ စိတ်ဆိုးစရာ မဟုတ်ပါဘူးဗျာ


တရားလို အမျိုးသမီးက

အဲဒီလိုဆို

တရားသူကြီးမင်း၊

ရှင် နွားသိုးကြီး ကဲ…”

“ အထင်ခံရမှာ စိုးတယ်…”



ကျောင်းသားနှစ်ယောက် ရေးဖြေစာမေးပွဲခန်းမှ

ထွက်လာကြတယ်။

တစ်ယောက်ကမေးတယ်။


ဟေ့၊ မင်းတော်တော်ဖြေလိုက်သလား


ဘာမှ မဖြေလိုက်ဘူး၊

အဖြေစာအုပ်ကို

ဒီအတိုင်း အလွတ်ပဲ ပြန်ပေးလိုက်တယ်


ဒုက္ခပါပဲ၊

ငါလဲ အလွတ်ပေးလိုက်တယ်ကွ၊

မင်းဆီက ကူးချတယ်လို့ ထင်တော့မှာပဲ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com