Monday, August 1, 2011

“ဖြစ်ရလေ…”


မောင်မောင် မျက်နှာမသာမယာဖြင့်

အိမ်ပြန်ရောက်လာတယ်။

ဦးလေးဖြစ်သူ ဦးအေးရွှေက

“ဘာဖြစ်လာတာလဲ မောင်မောင်”

မောင်မောင်က

“ရေကူးသင်တန်းက အထုတ်ခံရလို့ခင်ဗျ”

ဦးအေးရွှေက

“ဘာဖြစ်လို့လဲကွ”

မောင်မောင်က

“ရေကန်ထဲ ရှုးပေါက်မိလို့ပါခင်ဗျ”

ဦးအေးရွှေက

“ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ”

မောင်မောင် က

“အဟီး……

ကျနော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ”


“ အနာဂတ်ကို ကြိုတွေးထားပြီး ပြင်ဆင်ထားပါ…”


အသိပညာ၊

အတတ်ပညာအသစ်တွေကို

အမြဲ လေ့လာနေရမယ်။

သိထားတတ်ထားတာလောက်နဲ့

လုံလောက်ပြီလို့ မယူဆနဲ့။

သိစရာ၊တတ်စရာတွေ အင်မတန်များပါတယ်။

ဒီခေတ်မှာ ပညာရပ်အသစ်တွေက

အမြဲပေါ်လာနေလို့ ပညာအမြဲရှာနေရမယ်။

ပညာမရှာတော့တဲ့ သူဟာ နောက်မှာ ကျန်ခဲ့မယ်။

++++++++++++++++++++++++++++++++++++

ပြောင်းလဲမှုတစ်ခု ဖြစ်လာတိုင်း

အဲဒီပြောင်းလဲမှုနဲ့ ကိုက်ညီတဲ့ အသိအမြင် အသစ်ကို

ရအောင်လုပ်ရမယ်။

အမြဲတမ်း အသိအမြင်အသစ်တွေ၊

သဘောထားအသစ်တွေ၊

လုပ်နည်းလုပ်ဟန်အသစ်တွေကို

ရှာနေရမယ်။

ပိုပြီး ရင့်ကျက်တဲ့စိတ်ထားမျိုးဖြစ်လာအောင်

နှလုံးသွင်းရမယ်။

++++++++++++++++++++++++++++++++++++

စိတ်ရဲ့အလှဟာ အဆင့်မြင့်တယ်။

အမှန်တရားဟာ အဆင့်မြင့်တဲ့အလှဖြစ်တယ်။

စိတ်ထားသန့်ရှင်းလှပလေ၊

အမှန်တရားကို သိဖို့လွယ်လေပဲ။

++++++++++++++++++++++++++++++++++++

အလှတရားဆိုတာ

ကိုယ့်စိတ်ကို ရွှင်လန်းမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့

ခံစားမှု နှစ်မျိုးကို အပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံပါ။

++++++++++++++++++++++++++++++++++++

တရားဟာ စိတ်ကို

သန့်ရှင်းစေတယ်။

တည်ငြိမ်စေတယ်။

အေးချမ်းစေတယ်။

ရွှင်လန်းစေတယ်။

ကောင်းတာမှန်သမျှ လှတာချည်းတွေပဲ။

++++++++++++++++++++++++++++++++++++

As a white candle in a holy place.

So is the beauty of an aged face,

( Joseph Campbell )

အသက်ကြီးရင့်တဲ့ သူရဲ့

( တည်ငြိမ်အေးဆေးတဲ့ ) မျက်နှာအလှဟာ

မြင့်မြတ်တဲ့နေရာ (ဘုရားစင်ခန်း)မှာ တွန်းထားတဲ့

အဖြူရောင် ဖရောင်တိုင်ကြီးလိုပဲ။

++++++++++++++++++++++++++++++++++++

အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့ ကိုယ်အမူအရာ၊

နူတ်အမူအရာရှိတဲ့ သူဟာ ချစ်သူခင်သူပိုများတယ်။

++++++++++++++++++++++++++++++++++++

တိတ်ဆိတ်မှုဟာ

အသိဉာဏ် လေးနက်မှုအတွက်

အရေးကြီးတယ်။

++++++++++++++++++++++++++++++++++++

တိတ်ဆိတ်နေခြင်း၊

အေးချမ်းနေခြင်း၊

ငြိမ်သက်ခြင်းဟာ

လှပခြင်းရဲ့ အနှစ်သာရ တစ်ခုဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

စည်းကမ်းရှိတဲ့စိတ်ဟာ

အင်မတန်ခံစားလို့ကောင်းတယ်။

အရသာရှိတယ်။

နှစ်သက်စရာ ကျေနပ်စရာကောင်းတယ်။

++++++++++++++++++++++++++++++++++++

အလှအပမှာ healing effect ရှိတယ်။

အလှအပဟာ စိတ်အတွက် ဆေးတစ်မျိုးဖြစ်တယ်။

ရောဂါ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့

အစွမ်းသတ္တိရှိတယ်။

ကျန်းမာရေးမကောင်းရင်

သန့်ရှင်းတဲ့နေရာ၊

လှပတဲ့နေရာမှာ နေဖို့ပိုပြီး

လိုအပ်ပါတယ်။

စိတ်ကို အနားပေးသင့်တယ်။

++++++++++++++++++++++++++++++++++++

တကယ်စွမ်းအားကြီးတဲ့သူဖြစ်ချင်ရင်

စိတ်ထားတည်ငြိမ်အေးချမ်းအောင်

လေ့ကျင့်ရမယ်။

ဉာဏ်ပညာရင့်ကျက်အောင် လေ့ကျင့်ရမယ်။

စစ်မှန်တဲ့မေတ္တာစိတ်ရှိအောင် လေ့ကျင့်ရမယ်။

++++++++++++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com