Monday, September 5, 2011

" လမ်းဆုံးမရောက် လက်မမြှောက်ဘူး..."





ဒေါသဝင်လာရင် ဖြေဖျောက်နည်း ၁၁-နည်း
၁။ မေတ္တာပွား၍ ဖျောက်နည်း။
၂။ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒကို ဆင်ခြင်၍ ဖျောက်ခြင်း။
၃။ ရန်သူ၏ ကောင်းကွက်ကိုရှာ၍ ဖျောက်ခြင်း။
၎။ သနား၍ ဖျောက်ခြင်း။
၅။ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း။
၆။ ကမ္မဿကတာဥာဏ်ဖြင့်ဖျောက်ခြင်း။
၇။ သည်းခံပုံ ဇာတ်တော်လာနည်းများဖြင့် ဖျောက်ခြင်း။
၈။ သံသရာတစ်လျှောက် သူ မရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း။
၉။ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း။
၁၀။ ဓာတ်ခွဲ၍ ဖျောက်ခြင်း။
၁၁။ ဥစ္စာပေးယူ၍ ဖျောက်ခြင်း။

+++++++++++++++++++++++++++

အေးတဲ့မျက်နှာဖြစ်ဖို့အတွက် လွယ်တဲ့ကမ္မဌာန်းတစ်ခုခုကို
အမြဲနှလုံးသွင်းနေလိုက်ရုံပါပဲ။

++++++++++++++

ပါရမီရဲ့သဘောက
“ လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်သွားရမည်”
ဆိုတဲ့အတိုင်း ပရဟိတတစ်ခုခုကို လုပ်ပြီဆိုရင်
အလုပ်ပြီးတဲ့အထိ အဆုံးအထိပြီးပြတ်အောင် လုပ်ရပါတယ်။

++++++++++++++

ဝိပဿနာရဲ့သဘောက
ပစ္စုပ္ပန်အခိုက်အတန့်မှာ ထင်ရှားနေတာကို ရှုရတာပါ။
အခုပစ္စုပ္ပန်အခိုက်အတန့်မှာ ဝမ်းသာနေတဲ့စိတ်ကလေးက
ထင်ရှားနေတာဆိုတော့ ဝမ်းသာတဲ့စိတ်ကလေးကိုပဲ ပြန်ရှုရတာပါ။
စိတ်ကိုရှုမှတ်တာဟာ စိတ္တာနုပဿနာဖြစ်သွားတာပါ။

++++++++++++++++

ပညာဖြစ်ပုံ၊ နည်းမျိုးစုံ၊
ကုန်အောင်ဘယ်သို့ဖြည့်သနည်း။
တတ်အောင်လည်းသင်၊
တတ်ပြီးလျှင်လည်း၊
ပင်ကိုဥာဏ်ဖြင့်၊
ထပ်ကာဆင့်၍၊
အသင့်ပွားတိုး၊
များအကျိုး၊
သယ်ပိုးဆောင်၍ ဖြည့်သတည်း။

++++++++++++++++++++++++

ပါရမီအချစ်ဟာ သူတစ်ပါးအကျိုးကိုငဲ့နေပါတယ်။
မိမိအကျိုးကို မငဲ့ပါဘူး။
ကိုယ်က သူ့ကိုပါရမီအချစ်နဲ့ချစ်ဖြစ်နေရင်...
သူကြီးပွားစေချင်တယ်။
တိုးတက်စေချင်တယ်။
အောင်မြင်စေချင်တယ်။
အစစအရာရာ အဆင်ပြေစေချင်တယ်။
သူ့ဆီက ဘာတုံ့ပြန်မှုကိုမှ မမျှော်လင့်ပါဘူး။
ဒါ ပါရမီအချစ်ရဲ့သဘောတွေပါ။

++++++++++++++++++++++++++

ဒါန အရာ ဝမ်းမြောက်တာ
မှန်စွာ အဓိက ဖြစ်ပေသည်။
ဝိပဿနာအရာ ဥပေက္ခာ
မှန်စွာ အဓိက ဖြစ်ပေသည်။

+++++++++++++++++++++

မြတ်စွာဘုရား...
ဘုရားတပည့်တော်
ဒီနေ့မြတ်စွာဘုရားကို ဥပေက္ခာပါရမီနဲ့ပူဇော်ပါမည်ဘုရား။

++++++++++++++++++

ချီးမွမ်းလို့လည်း မသာယာ၊
ကဲ့ရဲ့လို့လည်း စိတ်မဆိုး။
စိတ်နှစ်မျိုးမဖြစ်တာ ဥပေက္ခာ၊

++++++++++++++++++++++++++++++

တောတွင်းဥပဒေ
အင်အားကြီးသူက အင်အားနည်းသူကို စားတမ်းပဲ။
သနားတာ၊ငဲ့ညှာတာ၊ ကိုယ်ချင်းစာတာတွေ မရှိဘူး။
တစ်ကောင်နဲ့တစ်ကောင် သတ်ကြ၊ဖြတ်ကြ၊စားသောက်ကြနဲ့။
အသက်ရှင်ဖို့ကို အတော်ကြိုးစားရတယ်။
အစာရှာဖွေရတဲ့ဒုက္ခ၊
ရာသီဥတု အအေးအပူခံရတဲ့ဒုက္ခ၊
ကိုယ်ကိုယ်တိုင်အစားမခံရအောင် ပြေးလွှားနေရတဲ့ဒုက္ခ
ဘယ်မှာ သက်သာရာ ရှိလို့လဲ။

++++++++++++++
ရဝေနွယ်(အင်းမ)




























လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com