Tuesday, December 21, 2010

“ ကဲ...နောက်တစ်ယောက်...”



ကျနော့်မှာ

ဆေးကျောင်းအတူတူတက်ခဲ့တဲ့

သူငယ်ချင်းတစ်ဦး ရှိပါတယ်။

သူဟာ စိတ်ကောင်းရှိသူဖြစ်ပေမယ့်

စိတ်အလွန်မြန်သူလည်း ဖြစ်နေပါတယ်။

သူရဲ့နာမည်ကို ကျနော်တို့က ချစ်စနိုးနဲ့

ဒေါက်တာ ဂျက်လို့ခေါ်ကြပါတယ်။

(ဂျက်လေယာဉ်လို ဆေးကုမြန်တဲ့အတွက်ဖြစ်ပါတယ်။)


စိတ်မြန်သူဖြစ်တဲ့အပြင်

စိတ်တိုတတ်သူလည်း ဖြစ်တဲ့အတွက်

လူနာများက သူ့ကို ချစ်ကြောက်ကြပါတယ်။

သူက ပင်လယ်ကမ်းစပ်မြို့လေးတစ်ဦးမှာ

ဆေးခန်းဖွင့်နေသူလည်းဖြစ်ပါတယ်။

သူ့ရဲ့ဆေးခန်းနာမည်ကိုက မာန်ဟုန်ဖြစ်ပါတယ်။

မာန်ဟုန်ဆေးခန်းကို သွားလည်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။


အခန်းထဲကို အဖွားကြီးတစ်ဦးဝင်လာတယ်။

ဒေါက်တာ၊

အဖွား အသားဝါးလို့မရဘူးကွယ်

ဒေါက်တာဂျက်က

အဖွားရဲ့အသက် ဘယ်လောက်လဲ

၉၂ နှစ်ပါ

ဒီအရွယ်ထိ ဝါးခဲ့ပြီပဲ။

ကျေနပ်ပါတော့၊


ကဲ...

နောက်တစ်ယောက်


ချာတိတ်လေး တစ်ယောက် ဝင်လာတယ်။

ကျနော် ခဲတံကို မြိုချလိုက်မိတယ်

ဒေါက်တာဂျက်က

ဖောင်တိန်နဲ့ရေး၊


ကဲ...

နောက်တစ်ယောက်


ယောက်ျားကြီးတစ်ယောက် ဝင်လာပြန်ပါတယ်။

ကျနော် နားမကြားဘူး၊

ကိုယ့်ဟာကိုယ် လေလည်တာတောင် မကြားရဘူး

ဒေါက်တာဂျက် သူ့ကို ဆေးပေးလိုက်တယ်။

လူနာက မေးတယ်။

ဒီဆေးစားရင်

ကျနော် နားကောင်းကောင်း ကြားရမလားဟင်

ဒေါက်တာဂျက်က

ဟင့်အင်း၊

လေလည်သံ ပိုကျယ်လာမယ်၊


ကဲ...

နောက်တစ်ယောက်


နောက်ယောက်ျားတစ်ယောက် ဝင်လာတယ်။

ဒေါက်တာ့ကို ပြောရမှာ ခပ်ရှက်ရှက်ပဲ။

ဘယ်လိုပြောရမလဲ၊

ဟိုဒင်းလေ၊

ဟိုဟိုကျနော့်ရဲ့ဖွားဖက်တော်လေ။

ကျနော်စီးထားတဲ့ ဖိနပ်ကိုပဲ အမြဲတမ်း

ကြည့်နေတယ် ခင်ဗျ

ဒေါက်တာဂျက်က

ဖိနပ်ကို စားပွဲပေါ်တင်လိုက်…”


ကဲ...

နောက်တစ်ယောက်။

“ မထုံပါဘူးဆိုတာ...”



သူငယ်ချင်းမ နှစ်ယောက် စကားပြောနေကြတယ်။


အေးအေးမိုးရေ၊

အင်မတန် စိတ်ဆင်းရဲရတဲ့

ကိစ္စတစ်ခုကို ငါ သိလိုက်ရတယ်ကွယ်


ဘာပါလိမ့် သူငယ်ချင်း


သြော်၊

ကိုအောင်ရွှေဟာ ငါ့ရဲ့ ပိုက်ဆံကို မက်ပြီး

ငါ့ကို လက်ထပ်တယ်ဆိုတဲ့ အချက်ပဲ


နင် ဘာစိတ်ဆင်းရဲနေရတာလဲ၊

ဝမ်းတောင်သာရဦးမယ်


ဘာဖြစ်လို့လဲ


နင်ပဲ ပြောပြောနေတယ်မဟုတ်လား၊

နင့် ယောက်ျားဟာ ငထုံ၊ ငအကြီးဆို၊

အခု သူမထုံဘူး၊

မအဘူးဆိုတာ နင်သိလိုက်ရပြီလေ



စိတ်ဆင်းရဲပြီးရောက်လာတဲ့လူတစ်ယောက်ကို

ကိုယ့်စကားကြောင့် စိတ်သက်သာရာရအောင်

ပြောတတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

စကားပြော အတတ်ပညာ တစ်ခုကို တတ်ထားဖို့လိုသလို

စိတ်စေတနာကောင်းဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်ကြောင့်၊

ကိုယ့်စကားကြောင့်၊

အခြားလူ စိတ်ချမ်းသာသွားအောင်လုပ်နိုင်တာကိုက

ကုသိုလ်တစ်ခုလို့ ပြောလို့ရနေပါပြီ။

“ သေတဲ့အခါမှာ တစ်ယောက်တည်းပါပဲ…”



Solitude.


Laugh,

and the world laugh with you.

Weep,

and you weep alone.

For the sad old earth must borrow its mirth,

But has trouble enough of its own.

Sing,

And the hills will answer;

Sigh,

And it is lost on the air.

The echoes bounce to a joyful sound.

But shrink from voicing cane.

Rejoice,

and men will seek you;

Grieve,

and they turn and go.

They want full measure of all your pleasure,

But they do not need you woe.

Be glad, and your friends are many;

Be sad, and you lose them all.

There are none to decline your nectar wine.

But alone you must drink life’s gall.

Feast,

and your hall are crowed;

First,

and the world goes by.

Succeed and give,

and it helps you to live.

But no man can help you die.

There is room in the hall of pleasure.

For a long and lordly train,

But one by one we must all file on

Through the narrow aisles of pain.


By…[ Ella Wheeler Wilcox (1857-1913) ]


+++++++++++++++++++++++++++++++++++++++++++++++++


သေတဲ့အခါမှာ တစ်ယောက်တည်းပါပဲ…”


ရယ်ပါ။

တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။


ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။

ဝမ်းနည်းနေတဲ့ ကမ္ဘာလောကကြီးက သင့်ဆီက

ရယ်စရာလေးကို ငှားရမယ်။

ဒါပေမယ့် သူ့မှာလည်း သူ့ဒုက္ခနဲ့သူဘဲ။


သီချင်းဆိုပါ။

တောင်တန်းတွေက ပဲ့တင်သံပြန်လာလိမ့်မယ်။


သက်ပြင်းချရင်တော့

လေထဲမှာ ပျောက်သွားလိမ့်မယ်။

ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။

သောကတွေ ဒုက္ခတွေကိုတော့

သူပြန်ကန်မပေးပါဘူး။

တွန့်ဆုတ်သွားတယ်။


ပျော်ပျော်ရွှင်ရွှင်နေပါ။

လူတွေက သင့်ကိုတွေ့အောင် လိုက်ရှာလိမ့်မယ်။


ဝမ်းနည်းနေရင်တော့

သူတို့လှည့်ပြီးတော့ ထွက်သွားလိမ့်မယ်။

သူတို့က သင့်ရဲ့ပျော်ရွှင်မှုတွေ

အားလုံးကို အပြည့်အဝလိုချင်တယ်။

ဒါပေမယ့် သင့်ရဲ့ဒုက္ခတွေကိုတော့ သူတို့မလိုအပ်ဘူး။


စိတ်ချမ်းချမ်းသာသာ

နေရင် သင့်မှာ မိတ်ဆွေတွေ အများကြီးပဲ။

စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အကုန်လုံးကို

ဆုံးရှုံးသွားလိမ့်မယ်။


ပန်းဝတ်ရည်နဲ့

လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင်

ငြင်းမဲ့သူ မရှိဘူး။

ဒါပေမယ့် ဘဝသည်းခြေရည်ကိုတော့

သင်တစ်ယောက်ထဲဘဲ

သောက်ရလိမ့်မယ်။


စားပွဲသောက်ပွဲကြီးလုပ်ပါ။

သင့်အခန်းမှာ လူတွေပြည့်ကြပ်နေလိမ့်မယ်။

ငတ်နေရင်တော့ ဘယ်သူကမှ လာမှာ မဟုတ်တော့ဘူး။


အောင်မြင်အောင်လုပ်ပါ။

ပေးပါ။

ကမ်းပါ။

အဲဒါက

သင့်ဘဝကို အဆင်ပြေဖို့ အထောက်အပံ့ ဖြစ်လိမ့်မယ်။


ဒါပေမဲ့

သေဖို့အရေးကိုတော့ ဘယ်သူကမှ

သင့်ကို အကူအညီ မပေးနိုင်ဘူး။


ပျော်ပွဲခန်းမကြီးထဲမှာ

လူအုပ်ကြီး တခန်းတနား သွားနိုင်ဖို့အတွက်

နေရာအကျယ်ကြီးရှိပါတယ်။


ဒါပေမယ့်

ဒုက္ခလမ်းကျဉ်းလေးမှာတော့

တစ်ယောက်ချင်း တန်းစီပြီးတော့

သွားရလိမ့်မယ်။

လက်တွဲသွားမဲ့ သူမရှိဘူး။

အဖော်မရှိဘူး။


ဘာသာပြန်သူ… ( ဆရာတော် ဦးဇောတိက )

“ ပေါ်သွားပြီ…”





မိတ်ဆွေနှစ်ယောက်

တာလော့ဈေးမှာ ဆုံကြတယ်။


ဟေ့ ကိုကြည်စိုး၊

မျက်နှာလည်း မကောင်းပါလား၊

ဘာဖြစ်လို့လဲ


ကျနော့်မှာ သားကလေးမွေးတယ်


ဟ၊

အဲဒါ ဝမ်းသာစရာကိစ္စပဲဟာ...”


ကိုကြည်စိုးက

ဒါပေမယ့် ဒီအကြောင်းကို

ကျနော့်မိန်းမ သိသွားတယ်ဗျာ ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com