ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း Gene Tunney ကို 
အားပေးကြတဲ့ နယူးယောက်က လူတွေက 
သူ့အတွက် ဂုဏ်ပြုပါတီပွဲတစ်ခုကျင်းပပေးပါတယ်။
ခန်းမတစ်ခုလုံးလူများပြည့်နေပါတယ်။
စားသောက်ပြီးတဲ့အခါ ကပွဲပြပွဲတစ်ခု စီစဉ်ထားပါတယ်။
အဲဒီအစီအစဉ်မှာ ဝတ်လစ်စလစ်နီးပါး အဆင်အပြင်ရှိတဲ့
အမျိုးသမီးနှစ်ဦးက အဓိက ပါဝင်ပါတယ်။
အဲဒီအခန်းကိုရောက်ရောက်ချင်းဆိုသလိုပင်
ချန်ပီယံ Gene Tunney ဟာ ထရပ်ပြီး၊
သူ့ရဲ့ ဦးထုပ်ကို ယူလိုက်ပါတယ်။
အဲဒီနောက် အားလုံးကြားအောင်
“ ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျား…
ကျနော် ဒီကို လာတာဟာ အစော်ကားခံဖို့
လာတာ မဟုတ်ပါဘူး။
အခုအစီအစဉ်တွေက ယဉ်ကျေးသိမ်မွေ့မှုနဲ့
ဆန်ကျင်နေပါတယ်။
ကျနော်ကတော့ အဲဒီလိုကိစ္စမှာ မပါချင်ပါဘူး။
အားလုံး ကျနော့်ကို ခွင့်လွှတ်ကြပါ ”
လို့ ပြောလိုက်ပါတယ်။
သူဟာ ပါတီပွဲက ထွက်ခွာသွားပါတယ်။
အဲဒီနောက် 
အခြားလူများလည်း ထွက်ခွာသွားကြပါတယ်။
တဖြည်းဖြည်းနဲ့ လူများပါးသွားရာ
ကပွဲကြည့်မယ့်သူ တစ်ဦးမှ မကျန်တော့ပါ။

 
 

No comments:
Post a Comment