Tuesday, December 21, 2010

“ စိတ်ကူးကောင်းသော်လည်း …”



ဒေသခံ သာသနာ ပြုပုဂ္ဂိုလ်တစ်ဦးကို

တောခေါင်အရာရှိတစ်ဦးက

ဘီယာတစ်ဘူးကို လက်ဆောင်ပေးခဲ့ပါတယ်။

သာသနာပြုပုဂ္ဂိုလ်က ရတောင်ရခဲသော လက်ဆောင်ကို

အကောင်းဆုံးအခြေအနေတွင်

အဆင်အပြေဆုံး အသုံးပြုနိုင်ရန် အတွက်

ထမင်းချက်တဲ့လူငယ်လေးအား

အိမ်အနီးမြေတွင် တူးပြီး ဘီယာဘူးကို မြှုပ်ထားစေပါတယ်။


မြေဓာတ်နဲ့အေးနေစေဖို့ဖြစ်ပါတယ်။

သင့်တော်တဲ့အချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားပါတယ်။


တစ်နေ့တွင် သာသနာပြုပုဂ္ဂိုလ်ဟာ

တောတောင်ထူထပ်တဲ့ခရီးမှ ပြန်လာရာ

ချွေးသံတလုံးလုံးနဲ့ရေဆာနေပါတယ်။

သူနေတဲ့အိမ်လေးဆီကို ရှေ့ရှုပြန်လာရာတွင်

အိမ်ရောက်တဲ့အခါ အေးမြတဲ့

ဘီယာကို သောက်ပြီး မောပန်းသမျှကို ပြေဖျောက်မယ်

လို့စိတ်ကူးထားပါတယ်။

အိမ်ရောက်တာနဲ့ ထမင်းချက်တဲ့လူငယ်လေးကို ခေါ်လိုက်ပါတယ်။

မြေမှာ မြှုပ်ထားတဲ့ ဘီယာဘူးကို တူးပြီး

သောက်ဖို့အသင့်ပြင်ထားဖို့ပြောလိုက်ပါတယ်။

အဲဒီလိုပြောပြီး ရေမိုးချိုးပါတယ်။

ရေမိုးချိုးပြီး သန့်ပြန့်လန်းဆန်းသွားတဲ့အခါမှာ

ဘီယာသောက်ဖို့စောင့်နေပါတော့တယ်။

ဒါပေမယ့် ထမင်းချက်လူငယ်လေးက ယူမလာသေးပါ။

အဲဒီအခါ စိတ်မရှည်နိုင်တော့ဘဲ

ဘီယာမရသေးဘူးလားဟေ့

လို့ မီးဖိုချောင်ဘက်ကို အော်မေးလိုက်ပါတယ်။


အဲဒီအခါ ထမင်းချက်လူငယ်က အော်ပြောလိုက်တာက

မီးဖိုပေါ်တင်ထားတာ မဆူသေးဘူးဆရာ

တဲ့။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com