Saturday, December 5, 2009

“ စံပြခေါင်းဆောင်”




တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ ကဏန်းသားအမိ နှစ်ကောင်ဟာ

လမ်းလျှောက်ပြီးစကားပြောလာကြတယ်။

အသက်အရွယ်ကြီးနေတဲ့ ကဏန်းမိခင်အိုတစ်ကောင်က

“သမီးလေးရယ်…ဒီလိုပုံမကျပန်းမကျ ဟန်ပန်နဲ့ ဘာဖြစ်လို့

ဘေးတိုက်ဘေးစောင်းလမ်းလျှောက်နေရတာတုန်းကွယ်။

တည့်တည့်မတ်မတ်လျှောက်ပါလား?”လို့

သမီးလေးကိုပြောတာပေါ့။

သမီးလေးကပြန်ပြောတာကတော့

“ကောင်းပါပြီ…အမေ၊

ကျမကတော့ အမေလျှောက်သလိုလျှောက်နေတယ်လို့ထင်နေမိတယ်၊

ဘယ်လိုလျှောက်ရမယ်ဆိုတာ အမေက ကျမကို ပထမဦးဆုံးလျှောက်ပြပါလား?

အဲဒီလိုဆိုရင် အမေပြောတဲ့အတိုင်း လျှောက်ပါ့မယ်”လို့

သမီးဖြစ်သူ ကဏန်းမလေးကပြန်ပြောလိုက်ပါတယ်။


စကားနဲ့သင်ပေးတာထက် စံပြနာမူနာလက်တွေ့သင်ပေးတာကပိုကောင်းတယ်။

မိဘများကဘေးတိုက်လျှောက်ရင် သမီးများကလည်း ဘေးတိုက်လျှောက်တော့မှာပဲ။

တည့်တည့်မတ်မတ်လျှောက်စေချင်ရင်

ကိုယ်တိုင်က တည့်တည့်မတ်မတ်လျှောက်ပြရမယ်။

ရှေ့ဆောင်နွားလား၊ဖြောင့်ဖြောင့်သွားမှ၊ နောက်နွားစိုက်စိုက်ဖြောင့်ဖြောင့်လိုက်သတဲ့။

အရက်သောက်နေတဲ့မိဘကသားသမီးကို အရက်မသောက်ဖို့ပြောရခက်တယ်။

ပြောရင်လည်း နားထောင်မှာမဟုတ်ဘူး။

ဘယ်လိုလုပ်မလဲဆိုတော့ အရက်မသောက်နဲ့ပေါ့။

သောက်နေရင်လည်း အရက်ဖြတ်လိုက်ပေါ့။( ဒီလိုနဲ့ ကျနော် အရက်ပြတ်သွားပါတယ်။)

မိဘဆိုတာ သားသမီးအတွက် စံပြခေါင်းဆောင်သာဖြစ်သင့်ပါတယ်။



“ ဘယ်သူ အလုပ်ရမယ်လို့ ထင်ပါသလဲ… ”




လေသူရဲအလုပ်ကိုလျှောက်ထားကြသူ

ဂျာမန်၊ အင်္ဂလိပ်နဲ့မြန်မာတို့ သုံးဦး

တရုတ် ဗိုလ်ချုပ်ကြီးရဲ့ ရုံးခန်းရှေ့တွင် ထိုင်နေကြတယ်။


ပထမဦးဆုံး ဂျာမန်ဝင်သွားတယ်။

မိုင် ဘယ်လောက်မောင်းပြီးပြီဖြစ်ကြောင်း၊

ဘယ်စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ကြောင်း ဂျာမန်လေသူရဲ က

ဗိုလ်ချုပ်ကြီးကို ပြောပြတယ်။


ဗိုလ်ချုပ်ကြီးက မေးတယ်။

ခင်ဗျား လခ ဘယ်လောက် လိုချင်သလဲ

ဒေါ်လာ သုံးထောင်ပါ

ဒီငွေတွေကို ခင်ဗျား ဘယ်လို သုံးမှာလဲ

တစ်ထောင်ကို ဘဏ်မှာ အပ်ပါမယ်။

တစ်ထောင်ကို မိန်းမလက် အပ်ပါမယ်။

ကျန်တစ်ထောင်ကိုတော့ ကျနော် သုံးဖို့ ယူပါမယ်။


နောက်တစ်ယောက်ဖြစ်တဲ့ အင်္ဂလိပ် ဝင်သွားတယ်။

မိုင်ဘယ်လောက်မောင်းပြီးပြီဖြစ်ကြောင်းနဲ့

ဘယ်တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း

ဗိုလ်ချုပ်ကြီးကို အသေးစိတ်ပြောပြတယ်။

ခင်ဗျား လခ ဘယ်လောက်လိုချင်သလဲ

ဒေါ်လာ လေးထောင်ပါ

အဲဒီငွေတွေကို ခင်ဗျား ဘာလုပ်မှာလဲ

တစ်ထောင်ကို ဘဏ်မှာ အပ်မယ်။

နှစ်ထောင်ကို မိန်းမကိုပေးမယ်။

ကျန်တစ်ထောင်ကိုတော့ ကျနော်သုံးဖို့ ယူပါ့မယ်။


မြန်မာရဲ့အလှည့်ရောက်လာတယ်။

ဗိုလ်ချုပ်ကြီးကမေးတယ်။

ခင်ဗျား မိုင်ပေါင်း ဘယ်လောက်မောင်းပြီးပြီလဲ

ဘယ်နှစ်မိုင်မှ မမောင်းရသေးပါဘူး

ဗိုလ်ချုပ်ကြီး နားမလည်နိုင်အောင်ဘဲ ဖြစ်သွားတယ်။

ဒါပေမယ့် ဆက်မေးတယ်။

ဘယ်တိုက်ပွဲတွေမှာ ပါခဲ့ပါသလဲ

ဘယ်မှာမှ မပါခဲ့ဖူးပါဘူး

ဗိုလ်ချုပ်ကြီး ပိုပြီးနားမလည်နိုင်အောင်ဖြစ်သွားပြန်ပါတယ်။

ဒါပေမယ့် ဆက်မေးတယ်။

လခ ဘယ်လောက်လိုချင်သလဲ

ဒေါ်လာ ကိုးထောင်ပါ

ဒီလောက်အများကြီး ဘာလုပ်ဖို့လဲ

သုံးထောင်ကို ဗိုလ်ချုပ်ကြီးကို ပေးမယ်။

သုံးထောင်ကို ကျနော် ယူမယ်။

ကျန်တဲ့ သုံးထောင်ကိုတော့ ဂျာမန်လေသူရဲကို ပေးပြီး

လေယာဉ်ပျံ မောင်းခိုင်းပါမယ်

ဗိုလ်ချုပ်ကြီးခင်ဗျား

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com