Saturday, December 11, 2010

“ကောင်းတဲ့ ညှိနှိုင်းမှု…”



၂၀၁၀ ခုနှစ်ရဲ့ ဇွန်လ ဖြစ်ပါတယ်။

သစ်ရွက်လေးမှာ အစွမ်းကုန် ပွင့်ကားပြီး အစိမ်းရင့်ရောင် ထွက်နေပါတယ်။

လေပြည်တွင် ဖြည်းဖြည်းလှုပ်နေပါတယ်။

နံနက်ခင်းတစ်ခုမှာ

ငှက်ကလေးများ တေးဆိုအပြီးမှာတော့

သစ်ရွက်ကလေးဟာ အနည်းငယ် ငိုက်ကျနေပါတယ်။

ပေါက်ဖတ်တစ်ကောက်ဟာ အဲဒီသစ်ရွက်တွင်

ဟန်ချက်မိအောင် ကြိုးစားကာ ပင့်သက်ရှုရင်း

မင်္ဂလာနံနက်ခင်းပါ

လို့ သူက နှုတ်ဆက်ပါတယ်။

ရာသီဥတုအကြောင်း စကားအနည်းငယ်ပြောပြီး

သစ်ရွက်ကလေးက

ခင်ဗျားဒီကို ဘာကြောင့်လာသလဲ

လို့ နောက်ဆုံးမှာမေးပါတယ်။

ပေါက်ဖတ်မှာ ရုတ်တရက်အမေးခံလိုက်ရတဲ့အတွက်

ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားပါတယ်။

နောက်တော့မှ အထစ်ထစ်အငေါ့ငေါ့နဲ့

အင်းကျနော်လာတာက

စဉ်းစားနေတာကတော့… ”

လို့ပြောပြီး ပြောတဲ့စကားအဆုံးမသတ်နိုင်ပါ။

ကျနော် ခင်ဗျားဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ။

မနက်တိုင်း ခင်ဗျားအတွက် တစ်နေ့တာလိုတဲ့ အစားအစာကို

သစ်ပင်ဆီက ရပါတယ်။

အပြင်ထွက်ပြီး အစာရှာစရာမလိုပါဘူး။

ဒါပေမယ့် ကျနော့်အဖို့တော့ အစာရှာရတာ ဒီလောက်မလွယ်ပါဘူးဗျာ။

အင်းဒါကြောင့် ကျနော်ဒီကို ရောက်လာတာပါ

လို့ ပေါက်ဖတ်က ပြောပါတယ်။

ကောင်းပါပြီ။

ကျနော် တစ်နည်းနည်းနဲ့ ခင်ဗျားကို ကူညီနိုင်ရင်

ကျနော် ဝမ်းမသာဘဲ ရှိပါ့မလား

လို့ သစ်ရွက်က ကရုဏာသက်တဲ့လေသံနဲ့ပြောပါတယ်။

ဒါပေမယ့် ကျနော်က သစ်ပင်မှာ အသေတွဲနေရတော့

ခင်ဗျားအစာရှာရာမှာ မလိုက်နိုင်ပါဘူး။

အဲဒါက ပြဿနာပါဘဲ ခင်ဗျား

သစ်ရွက်လေးရဲ့စကားအဆုံးမှာ ပေါက်ဖတ်ကောင်က

ခင်ဗျားရဲ့ အဝတ်အစိမ်းလေးက သိပ်လှတာပဲ သိလား

လို့ စကားစပါတယ်။

ချီးကျူးစကားကြားရတဲ့အတွက်

သစ်ရွက်က အလွန်ဝမ်းသာပြီး အလှဝင့်ကာ လှုပ်ရမ်းပြပါတယ်။

အဲဒီနောက်

ကျနော် ခင်ဗျားရဲ့ အဝတ်လှကလေး နည်းနည်းလေး ရနိုင်ရင်… ”

ဆိုတဲ့ ပေါက်ဖတ်ရဲ့စကားစလာတာကို

သစ်ရွက်ကြားရပါတယ်။

ပထမမှာတော့ သူကြားရတာမှ မှန်မှ မှန်ရဲ့လားလို့ သစ်ရွက်က မသေချာပါ။

ပေါက်ဖတ်ရဲ့မျက်လုံးကို မြင်ရတဲ့အခါမှာတော့ သူကြားရတာ မှန်ကြောင်းသိသွားပါတယ်။

သူဟာ အသက်ခပ်ပြင်းပြင်းရှုရင်း သူဘာသာ စဉ်းစားပါတယ်။

ပေါက်ဖတ်က တော်တော်ဆာပြီး ပင်ပန်းနေရှာတယ်။

ငါ့မှာရှိတဲ့ တစ်ထည်တည်းသော အဝတ်နည်းနည်း ကို သူ့ကိုပေးရမလား

ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် သစ်ရွက်က ဒီလို စဉ်းစားပါတယ်။

ငါက မပေးနိုင်ဘူးလို့ပြောလိုက်ရင်

ပေါက်ဖတ်က ဆာဆာနဲ့ ငါ့ရဲ့အဝတ်တစ်ချို့ကို စားမှာပဲ။

အဲဒီလို စားရင် ငါက ဘာတားနိုင်မှာလဲ။

ငါက ရပါတယ်လို့ ပြောလိုက်ရင် ပေါက်ဖတ်ကို ကူညီရာရောက်ပြီး

သူက ငါ့ကို ကျေးဇူးတင်တဲ့အတွက် ပျော်ရွှင်ကျေနပ်စရာ ဖြစ်ဦးမယ်၊

အို...ဘာပဲဖြစ်ဖြစ်

လူတွေတောင် သူတို့အဝတ်တွေမှာ အပေါက်နဲ့ နေနိုင်သေးတာပဲ

ဒီလိုနဲ့ သစ်ရွက်ဟာ သူ့ရဲ့အဝတ်တစ်ချို့ကို ပေါက်ဖတ်ကို စားခွင့်ပေးလိုက်ပါတယ်။

ပေါက်ဖတ်ဟာ သစ်ရွက်ကို နည်းနည်းသာ စားပြီး

ကျေးဇူးတင်တဲ့အနေနဲ့ သစ်ရွက်နဲ့ စကားပြောဖို့

သစ်ရွက်ပေါ်မှာ ဆက်နေပါတယ်။

တစ်နှစ်တာ ကုန်လွန်သွားတဲ့အခါ အပေါက်ဖြစ်နေတဲ့သစ်ရွက်လေးဟာ

သူရဲ့ အသုံးဝင်မှုနဲ့ ပျော်ရွှင်စရာဘဝကို ပြန်လည် သုံးသပ်ပါတယ်။

အသက်ကြီးရင့်လာတာနဲ့အမျှ သစ်ရွက်လေးဟာ လှလှပပအရောင်ပြောင်းလာပြီး

ကြွေကျကာ ကကွက်တစ်ကွက်ဖြင့် မြေပြင်ပေါ်ကို ကျသွားပါတော့တယ်။

“ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး…”



လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက

တရုတ်ပြည်မြောက်ပိုင်းတွင် အဖိုးအိုကြီးတစ်ဦးနေပါတယ်။

သူ့အိမ်ဟာတောင်ဘက်ကို မျက်နှာမူနေပါတယ်။

သူ့အိမ်ရှေ့တည့်တည့်မှာ ဧရာမတောင်ထိပ်ကြီးနှစ်ခုက

မားမားကြီးရှိနေပါတယ်။

အဲဒီတောင်နှစ်လုံးဟာတောင်ဘက်လမ်းကို ပိတ်နေပါတယ်။

သူဟာ သူ့သားတွေနှင့် တိုင်ပင်ဆွေးနွေးပြီး

လေးနက်တဲ့ သံန္နိဋ္ဌာန်တစ်ခုတစ်ခုချမှတ်ပါတယ်။

အဲဒီနောက် သားအဖတွေဟာ ပေါက်ပြားတွေယူပြီး

အဲဒီတောင်ကြီးနှစ်လုံးကို တဖြည်းဖြည်းချင်း ဖဲ့ပါတော့တယ်။

သူတို့သားအဖတစ်တွေ အလုပ်လုပ်နေတာကို

တွေ့ကြတဲ့ အိမ်နီးချင်းတွေက ခေါင်းတခါခါ၊ လည်တခါခါနဲ့


ဒီလောက် မိုက်မဲတာ မတွေ့ဖူးပါဘူး။

ဒီလောက်ကြီးမားတဲ့ တောင်ကြီးကို ဖယ်ရှားဖို့ဆိုတာ

လုံးဝ မဖြစ်နိုင်ဘူး

လို့ အော်ပြောကြပါတယ်။


ဖခင်ဖြစ်တဲ့ လူအိုကြီးက ပြုံးပြီးပြန်ပြောပါတယ်။

ဟုတ်ပါတယ်၊

အခုချက်ချင်းကတော့ တောင်ကြီးကို ဖယ်ရှားဖို့ဆိုတာ

မဖြစ်နိုင်ဘူးဆိုတာဟုတ်မှာပါ။

ကျနော်သေရင် ကျနော့်သားတွေက ဆက်လုပ်ပါလိမ့်မယ်။

သူတို့တွေသေရင် မြေးတွေက ဆက်လုပ်လိမ့်မယ်

မြေးတွေသေရင် မြစ်တွေက ဆက်လုပ်လိမ့်မယ်။

ဒီလိုနည်းနဲ့လုပ်ခဲ့မယ်ဆိုရင် တစ်နေ့မှာတော့

တောင်ကြီးဟာ ပြိုသွားပါလိမ့်မယ်။

တောင်ကြီးတွေက မြင့်မားတယ်ဆိုတာ မှန်ပါတယ်။

ဒီထက်ပိုပြီး မြင့်မလာနိုင်တော့ပါဘူး။

ဒါပေမယ့် ကျနော့်တို့ရဲ့ခွန်အားတွေကတော့ အမြဲကြီးမား ရှင်သန်နေမှာပါ။

မြေတွေကို တစ်ကြိမ်နည်းနည်း ဖယ်ရှားနိုင်တာနဲ့အမျှ

ပန်းတိုင်နား ပို၍ ပို၍ နီးကပ်လာမှာပါ။

ထိုင်ပြီး ဘာမှ မလုပ်ဘဲ ဒီတောင်ကြီးတွေက နေကို ကာထားနေတာပဲ

လို့ ညည်းတွားပြီးထိုင်နေတာထက်စာရင်

တစ်ခုခုလုပ်တာပိုကောင်းပါတယ်

လို့အဖိုးအိုက ရှင်းပြပါတယ်။


ယုံကြည်မှုအပြည့် နဲ့ အဖိုးအိုဟာ တောင်ကြီးကို ဆက်ပြီး တူးဖြိုပါတယ်။

မိုးနတ်မင်းကြီးဟာ အဖိုးအိုရဲ့ အားထုတ်မှုကို မြင်ရတော့ မနေနိုင်တော့ပါ။

တောင်နှစ်လုံးကို ပခုံးထက်တွင် တင်ပြီး တစ်နေရာကို ရွှေ့ပေးလိုက်ပါတော့တယ်။

“ သူများ မနာလိုတော့…”



ဂရိသမိုင်းမှာ အိုလံပစ်အားကစားပြိုင်ပွဲများတွင်

အရမ်းထူးချွန်တဲ့ လူငယ်တစ်ဦးရှိခဲ့ပါတယ်။

ထူးချွန်လွန်းတဲ့အတွက် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့

သူရဲ့လုပ်ဖော်ကိုင်ဖက်များက

သူ့ရဲ့အောင်မြင်မှုများကို အမှတ်တရ ရှိဖို့အတွက်

ပုံတူရုပ်ထုတစ်ခုကို ထုလုပ်ခဲ့ကြပါတယ်။

အဲဒီရုပ်ထုကိုမြင်တိုင်း ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်တစ်ဦးက

အကြီးအကျယ် မနာလိုဖြစ်လာခဲ့ပါတယ်။

အဲဒါကြောင့် တစ်ညမှာတော့ မှောင်ရိပ်ခိုပြီးအဲဒီရုပ်ထုကို ခိုးယူခဲ့ပါတယ်။

သူရဲ့ရည်ရွယ်ချက်ကတော့ ဖျက်ဆီးပစ်ဖို့ဖြစ်တယ်။

ဒါပေမယ့် သူဟာ ပေါ့ပေါ့တန်တန် ကိုင်တွယ်ခိုးယူခဲ့ပါတယ်။

နောက်ဆုံးမှာ အားထည့်ပြီး ရုတ်တရက်ဆွဲယူလိုက်ရာ

ရုပ်ထုက လဲကျပြီး ခိုးယူသူ တည့်တည့်ကျသွားပါတယ်။

ရုပ်ထုကပိပြီး ကယ်သူလည်း မရှိတဲ့အတွက်

နောက်တစ်နေ့မှာ

ရုပ်ထုပိလျက်သေဆုံးနေတာကို တွေ့ရပါတယ်။


မနာလိုမှုဟာ

မနာလိုစိတ်ဖြစ်သူကိုသာ

အမြဲအန္တရာယ်ကျရောက်စေတတ်ပါတယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com