Saturday, December 11, 2010

“ ဆုတောင်းတယ်ဆိုတာ…”



တနင်္ဂနွေနေ့တိုင်း တရားဟောဆရာဟာ

ကလေးငယ်တွေကို ဘုရားရှိခိုးကျောင်းရဲ့အရှေ့ဘက်ကို

ခေါ်ပြီး ပုံပြင်လေးတွေကို ပြောပြလေ့ရှိပါတယ်။

တစ်နေ့တွင်

ဆုတောင်းခြင်းကို ပိုမိုပေါ်လွင်ပြီး သဘောပေါက်လာဖို့အတွက်

နမူနာအဖြစ် တယ်လီဖုန်းတစ်လုံးကို ဝယ်လာခဲ့ပါတယ်။


ကလေးတို့၊

မင်းတို့ တယ်လီဖုန်းနဲ့စကားပြောတဲ့အခါ

တစ်ဖက်ကလူနဲ့ စကားတော့ပြောလို့ရတယ်။

ဒါပေမယ့် တစ်ဖက်က စကားပြောနေတဲ့လူကို မမြင်တွေ့ရဘူးမို့လား

လို့ တရားဟောဆရာက စပြီးရှင်းပြပါတယ်။

ကလေးတွေက စူးစိုက်ပြီးနားထောင်နေကြပါတယ်။

တရားဟောဆရာက ဆက်ပြီးရှင်းပြပါတယ်။


ဘုရားသခင်ဆီမှာ ဆုတောင်းတယ်ဆိုတာလည်း

တယ်လီဖုန်းစကားပြောသလိုပဲကွယ့်။

ဘုရားသခင်က

တယ်လီဖုန်းလိုင်းရဲ့ တခြားဘက်မှာ ရှိနေတယ်။

သူက ကလေးတို့ ဆုတောင်းတဲ့အသံကို နားထောင်နေတယ်။

ဒါပေမယ့် သူ့ကိုတော့ မတွေ့ရဘူးပေါ့၊

သူကတော့ တစ်ဖက်ကနေ နားထောင်နေ……….”


တရားဟောဆရာ ရှင်းပြတာကို

ဆုံးအောင် နားမထောင်နိုင်တော့ဘဲ၊

ကလေးတစ်ဦးကထပြီး


သူ့ရဲ့ တယ်လီဖုန်းနံပါတ်က ဘယ်လောက်ပါလဲ

လို့ မေးလိုက်ပါတော့တယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com