Saturday, December 11, 2010

“ အဆင် မချောပုံကတော့…”


အရာရာဟာ ကမောက်ကမ ဖြစ်ပါတယ်။

တစ်နေ့တာ အဆင်မပြေဖို့အတွက် ဂျင်မ်တွင်

ကသိကအောက်ဖြစ်စရာ တစ်ခုခုရှိပါတယ်။

သူရဲ့ မုတ်ဆိတ်ရိတ်ဓား

တုံးနေပြီး အသစ်ဝယ်ဖို့ မေ့နေတတ်ပါတယ်။

ဖိနပ်ကြိုးနောက်ဆုံးအပေါက်မှ ဖြုတ်ရာတွင် ဖိနပ်ကြိုးကွင်း

ပြတ်သွားခြင်းလည်း ဖြစ်နိုင်ပါတယ်။

အင်္ကျီကော်လာ နောက်ဘက်မှ ကြယ်သီးမှာ

ဂျင်းမ်လည်စီး စီးလိုက်တဲ့အခါတွင်

ကြယ်သီးပြုတ်သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

မနက်စာ စားမယ့်စားပွဲပေါ်ရှိ သောက်ရေမှာ

နွေးနေပြီး ကော်ဖီမှာ အေးနေတဲ့အဖြစ်မျိုးလည်း

ဖြစ်တတ်ပါတယ်။

နောက်ဆုံး မနက်စာကို ကြုံသလိုစားပြီး ကားလာနေပြီဖြစ်ပြီး

အိမ်မှ ထွက်သွားခဲ့ပါတယ်။

ဂျင်မ်ရဲ့ အဆင်မချောမှု ဒဏ်ကြောင့် စိတ်ကသိကအောက်

ဖြစ်နေတဲ့ ဇနီးက ပြူတင်းပေါက်မှနေပြီး

ဂျင်မ်ရှင် တစ်ခုခုမေ့ကျန်ခဲ့တယ်

လို့လှမ်းပြောပါတယ်။


ပါးစပ်က ပြောတဲ့စကားများကိုသာ ရိုက်နှိပ်လိုက်ရင်

ပုံနှိပ်တဲ့ စာရွက်ကိုပင် မီးလောင်သွားလောက်အောင်

ဖြစ်နိုင်ပါတယ်။

ရေရွတ်ပြီး ဂျင်မ်ဟာ အိမ်ထဲကို ပြန်ဝင်လာပြီး

ငါ ဘာမေ့နေသလဲ

လို့ အော်မေးပါတယ်။


ရှင်တံခါးကို ဒေါနဲ့မောနဲ့ ဝုန်းကနဲပိတ်ဖို့ မေ့နေတယ်

လို့ ဇနီးက ပြန်ပြောလိုက်ပါတယ်။

သူဟာ တံခါးကို ဒေါနဲ့မောနဲ့ ဝုန်းကနဲ ဆောင့်ပိတ်ပြီး

ထွက်သွားပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com