Saturday, December 11, 2010

“ မာနကြီးလွန်းသူရဲ့နိဂုံး…”





တစ်ခါတုန်းက

ရှားလမိန်ဘုရင်ကြီးနဲ့အတူ စစ်ထွက်ရာမှာ လိုက်ပါရတဲ့

လက်နက်ကိုင်အမှုထမ်းတစ်ဦးဖြစ်သူ ဂိုလင်ဟာ

နောက်ပိုင်းမှ ထောက်ပို့တပ်ကို တာဝန်ယူရတဲ့အခါမှာ

ရုတ်တရက် ရန်သူတို့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကို ခံရပါတယ်။

တိုက်ပွဲမှာ မကြုံစဖူး ထူးကဲစွာ ကြောက်မက်ဖွယ်ကောင်းပြီး

မမျှော်လင့်တာတွေ အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။

ဂိုလင်မှာ လူထွားကြီး ဂျက်မန် ဆီက ရယူထားတဲ့

အော်လီဗင့်လို့ခေါ်တဲ့ ဟွန်းတစ်ခုရှိပါတယ်။

အဲဒီဟွန်းကို မှုတ်လိုက်ရင် မိုင် ( ၃၀ )အကွာအဝေးကတောင်မှ

ဟွန်းသံကို ကြားနိုင်ပါတယ်။

အဲဒီဟွန်းသံ လေထဲဖြတ်သွားတဲ့အခါမှာတော့

ငှက်တွေတောင် သေဆုံးပြီး၊ မြေပြင်ကို ထိုးကျလာတဲ့အထိ

အဲဒီဟွန်းသံမှာ အင်အားကြီးလှတယ်လို့ ဆိုကြပါတယ်။

ဂိုလင်ရဲ့ မိတ်ဆွေဖြစ်သူ အိုလီဗာက

ရှာလမိန်းဘုရင်ကြီးကြားပြီး အကူအညီလာပေးဖို့အတွက်

အဲဒီဟွန်းကို မှုတ်ပြီးအချက်ပေးရန် တိုးလျှိုးတောင်းပန်ပါတယ်။

အတင်းတိုက်တွန်းပါတယ်။

ဒါပေမယ့် ဂိုလင်က အကူအညီတောင်းဖို့

အလွန်မာနကြီးသူဖြစ်နေပါတယ်။

သူ့ရဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် တဖြုတ်ဖြုတ်

တိုက်ပွဲမှာ ကျကုန်ပါတယ်။

နောက်ဆုံးမှာ ဂိုလင်တစ်ဦးတည်းသာ ကျန်ပါတော့တယ်။

နောက်ဆုံး ထွက်သက်နှင့် အတူ ဟွန်းကို မှုတ်လိုက်ပါတယ်။

ရှားလမိန်းဘုရင်ကြီးက အမြန်လာရောက်ခဲ့ပါတယ်။

ဒါပေမယ့် အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပါတယ်။

ဂိုလင်နဲ့တကွ ရဲဘော်ရဲဘက်တွေအားလုံး သေဆုံးသွားပါပြီ။

ဘာကြောင့်ဆိုတော့ ဂိုလင်ဟာ အကူအညီတောင်းဖို့

အလွန်နောက်ကျသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။


အဓိကအကြောင်းရင်းကတော့

မာနမကြီးသင့်တဲ့နေရာမှာ

မာနကြီးလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com