Saturday, December 11, 2010

“ ဝေးသထက်ဝေး...”



တစ်ခါတုန်းက

စိန်ဝင်းဟာ ကျောင်းတက်တုံးက

မနှင်းရီရဲ့ဘေးနားမှာထိုင်လေ့ရှိပါတယ်။

သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး မြတ်နိုးတွယ်တာခဲ့ကြပါတယ်။

ကျောင်းမပြီးခင်မှာပင် စိန်ဝင်းဟာ မြို့ကြီးပြကြီးကို သွားပြီး

မကောင်းတဲ့နည်းလမ်းများနဲ့ အလုပ်များကို လုပ်ပြီး

ဘဝနစ်မြုပ်သွားပါတယ်။

သူဟာ ခါးပိုက်နှိုက်တစ်ဦး ဖြစ်တဲ့အပြင်

သူခိုးအသေးစားတစ်ဦးလည်းဖြစ်လာပါတယ်။

တစ်နေ့မှာ သူဟာ အဘွားအိုတစ်ဦးဆီက

ပိုက်ဆံအိတ်ကိုလုပြေးပါတယ်။

အဲဒီနောက်သူလာတဲ့ လမ်းကြောင်းအတိုင်း လျှောက်လာတဲ့

ငယ်ရည်းစားဖြစ်သူ မနှင်းရီကို သွားတွေ့ပါတယ်။

အဲဒီမနှင်းရီဟာ ဖြူစင်ရိုးသားတဲ့ဂုဏ်နဲ့တင့်တယ်နေဆဲ ဖြစ်ပါတယ်။


ရုတ်တရက်ဆိုသလိုမှာပင်

သူဟာ သူ့ကိုယ်သူ တန်ဖိုးမရှိသူ၊

အသုံးမကျသူအဖြစ်မြင်လာပါတော့တယ်။

ရှက်လွန်းတဲ့အတွက် ဓာတ်မီးတိုင်နှင့်

သူ့မျက်နှာကို ကွယ်ထားလိုက်ပါတော့တယ်။

အိုဘုရားရေ

ငါတော့ သေသာသေလိုက်ချင်တော့တာပါပဲ

လို့သူ့ဘာသာသူ ပြောမိပါတော့တယ်။

သူဟာ သူ့ကိုယ်သူ အဖြစ်မှန်ကို မြင်ပါတော့တယ်။


သူ့ရဲ့မကောင်းတဲ့အသက်မွေးမှုကြောင့်၊

ဖြူစင်ရိုးသားတဲ့ ချစ်သူ ဖြစ်သူ မနှင်းရီနဲ့

ဝေးသထက်ဝေးကွာသွားခဲ့ရပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com