Saturday, December 11, 2010

“ နှစ်သစ်ကူး…”



အတ္တလင်တာဒေသရှိ ဂရေ့စ်လူသာရင်ဘုရားရှိခိုးကျောင်းတွင်

ဘုရားဝတ်ပြုသူများဟာ နှစ်စဉ် နှစ်သစ်ကူးပွဲကို ကျင်းပကြပါတယ်။

နှစ်ဟောင်းကုန်ဆုံးခြင်းနဲ့ နှစ်သစ်သို့ ကူးပြောင်းခြင်းဆိုတဲ့

အထိမ်းအမှတ်ဖြစ်ပါတယ်။

အဲဒီပွဲကို မီးရှို့ပွဲလို့လည်း ခေါ်ပါတယ်။

အဲဒီပွဲတော်ကို လာကြသူများဟာ

စာရွက်တစ်ရွက်စီကို ယူလာကြရပါတယ်။

အဲဒီစာရွက်ပေါ်မှာ

တစ်နှစ်တာအတွင်း ပြုလုပ်ခဲ့တဲ့ အမှားအယွင်းများ၊

မအောင်မြင်ခဲ့မှုများအားလုံးကို ရေးထားပါတယ်။

အဲဒီစာရွက်ထဲမှာပင်

နှစ်သစ်မှာ ပြုလုပ်မယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များလည်း

ထည့်ရေးထားပါတယ်။

အဲဒီစာရွက်ကို မီးတောက်ထဲကို ထည့်ချလိုက်ရပါတယ်။


တစ်နှစ် နှစ်သစ်ကူးပွဲတွင်

တစ်ချိန်က မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ လူနှစ်ဦးပြန်တွေ့ကြပါတယ်။

အဲဒီလူနှစ်ဦးဟာ အလုပ်အမျိုးတူလုပ်ကိုင်ကြရင်း

တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ခဲ့ကြပါတယ်။

သူတို့ဟာ တစ်ဦးနဲ့တစ်ဦး မပြောနိုင်၊ မဆိုနိုင်ဖြစ်နေကြပါတယ်။

အဲဒီနှစ်သစ်ကူးပွဲတွင်တော့ အဲဒီလူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး

ဘေးတိုက်ရပ်မိလျက်သား ဖြစ်နေပါတယ်။

သူတို့မှာပါလာတဲ့ စာရွက်တစ်ရွက်စီကို

မီးတောက်ထဲကို ချပြီးနောက် သူငယ်ချင်းဟောင်းနှစ်ဦးဟာ

လက်ဆွဲနှုတ်ဆက်ပြီး ခင်မင်မပျက် ပြန်ပေါင်းသင်းနိုင်ကြပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com