Saturday, December 11, 2010

“ ပီပြင်အောင် သရုပ်ဆောင်ဖို့…”



အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ

အော်ဗယ်ရာမ်မာဂေသို့ နာမည်ကျော်ပါရှင်ပြဇာတ်ကြည့်ဖို့အတွက်

ခရီးထွက်ခဲ့ပါတယ်။

ကြည့်ခဲ့ရသော Eastu Season အမည်ရှိတဲ့ပြဇာတ်ကို

အလွန်သဘောကျခဲ့ပါတယ်။

အဲဒီပြဇာတ်မှာ ဂျီးဆပ်ခရစ်အဖြစ် သရုပ်ဆောင်သူကို

သဘောကျပြီး သေသေချာချာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ပြဇာတ်ပြီးတဲ့အခါ ခရစ်တော် နေရာမှာ သရုပ်ဆောင်ခဲ့သူနဲ့

တွေ့ဆုံဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ ဇာတ်ခုံနောက်ဘက်ကို

သွားခဲ့ပါတယ်။

သရုပ်ဆောင်သူမှာ မစ္စတာ အင်တွန်လန်ဂ် ဖြစ်ပါတယ်။

သရုပ်ဆောင်အား မှတ်တမ်းဓာတ်ပုံ ရိုက်ပါတယ်။

အဲဒီနောက်ထောင့်မှာထောင်ထားတဲ့ လက်ဝါးကပ်တိုင်ပုံ အကြီးကြီးကို

သတိထားမိပါတယ်။

အဲဒီပစ္စည်းကြီးမှာ မစ္စတာ အင်တွန်လန်ဂ်ပြဇာတ်ထဲတွင်

သုံးခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်။


ငါ ဒီလက်ဝါးကပ်တိုင်ပုံကို ပြီး၊ ပုခုံးပေါ်ထမ်းတဲ့အချိန်

မှတ်တမ်းဓာတ်ပုံရိုက်ပေးပါလို့ စီးပွားရေးလုပ်ငန်းရှင်ကြီးက

သူ့ဇနီးကို မှာကြားပါတယ်။

သရုပ်ဆောင်သူက ဘာမှ မပြောနိုင်မီမှာပင်

စီးပွားရေးလုပ်ငန်းရှင်ကြီးက လက်ဝါးကပ်တိုင်ပုံကြီးကို ပြီး

သူ့ပခုံးပေါ်တင်ရန် ကြိုးစားပါတယ်။

အဲဒီပစ္စည်းကြီးမှာ နစ်နေအောင် လေးတဲ့အတွက်

စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ အလွန်အံ့သြသွားပါတယ်။

အဲဒီပစ္စည်းကို အလွန်လေးလံတဲ့ သစ်မျိုးနဲ့ပြုလုပ်ထားတဲ့အတွက်

တော်တော်အားစိုက်မ မှသာ ရနိုင်ပါတယ်။

အားစိုက်ထုတ်ရလွန်းပြီး ပင်ပန်းလွန်းတဲ့အတွက်

စီးပွားရေးလုပ်ငန်းရှင်ကြီးဟာ သရုပ်ဆောင် မစ္စတာ အင်တွန်လန်ဂ်

ဘက်ကို လှည့်ပြီး

ဘာကြောင့်ဒီလိုအလေးကြီး လုပ်ထားရတာလဲဗျာ၊

ကျနော်က ပေါ့ပေါ့ ပါးပါး ထင်နေတာ၊

အခေါင်းပွကြီးလို့ ထင်နေတာ။

ဒီလောက်လေးတာကို ခင်ဗျား ဘာကြောင့် သယ်နေရတာလဲ

လို့ တအံ့တသြမေးပါတယ်။


အဲဒီအခါ သရုပ်ဆောင်သူက

အဲဒီလောက် အလေးချိန်ကို မခံစားရရင် ကျနော်သရုပ်ဆောင်ရမယ့်

အခန်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး

လို့ပြန်ရှင်းပြလိုက်ပါတယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com